[ZawGyi]

မီလ်ံနာမိဘေတြအေနနဲ႔ သားသမီးေတြကိုသင္ၾကားေပးေလ႔ရွိတဲ႔ အခ်က္ ၅ ခ်က္

အခုေခတ္မွာကိုယ္တုိင္ၾကိဳးစားရုန္းကန္ျပီး သန္းၾကြယ္သူေဌးျဖစ္လာတဲ႔မိဘေတြက ဟိုးေရွးေရွးက ကုေဋရွစ္ဆယ္သူေဌးသားလိုအျဖစ္မ်ိဳး ကိုယ္႔သားသမီးေတြကို မျဖစ္မခံၾကေတာ႔ပါဘူး။ သူတုိ႔ေတြဟာ သားသမီးေတြကို ငယ္ငယ္ကတည္းက ေငြေၾကးတန္ဖိုးသိေအာင္ ၊ေငြရွာတတ္ေအာင္၊ ေနာင္မ်ိဳးဆက္ေတြအထိပါ မေၾကာင္႔မၾကေနရေလေအာင္ ေငြေၾကးရဲ႕အေရးပါပံု၊ လူအမ်ားၾကားထဲေျပာဆုိေနထိုင္တတ္ဖုိ႔နဲ႔ ေခါင္းေဆာင္ျခင္းအတတ္ပညာစတဲ႔ သိသင္႔တတ္သင္႔တာေတြကို သင္ၾကားေပးေနၾကပါတယ္။ ဒီလို မီလ်ံနာမိဘေတြဆီကေန ကေလးေတြအေနနဲ႔ ဘာေတြကိုအဓိကသင္ၾကားရသလဲဆုိတာကို စာေရးဆရာ Steve Sieboldက “Secrets Self-Made Millionaires Teach Their Kids” လို႔အမည္ရတဲ႔ သူ႔ရဲ႕စာအုပ္ထဲမွာေဖာ္ျပထားပါတယ္။ သူဟာ မီလ်ံနာမိဘေပါင္း ၁၂၀၀ ေလာက္ကိုေမးျမန္းျပီး တူညီတဲ႔အခ်က္ေတြကိုစုစည္းေဖာ္ထုတ္ထားခဲ႔တာပဲျဖစ္ပါတယ္။

၁) အေျပာင္းအလဲေတြကို မ်က္ခ်ည္မျပတ္ပါေစနဲ႔

သူတို႔အေနနဲ႔ ကေလးေတြကိုေန႔တိုင္းသတင္းစာဖတ္ဖို႔ မျဖစ္မေနတိုက္တြန္းၾကပါတယ္တဲ႔။ ဒီအေလ႔အက်င္႔ဟာ လက္ရွိတုိင္းျပည္အေျခအေန၊စီးပြားေရးအေျခအေန၊ ဘယ္လုိအေရြ႕ေတြျဖစ္လာႏိုင္လဲဆုိတာကို မ်က္ျခည္မျပတ္သိေနဖို႔ျဖစ္ပါတယ္။ ႏိုင္ငံ႔ေခါင္းေဆာင္ေတြ၊ စီးပြားေရးပညာရွင္ေတြရဲ႕ ေျပာစကားေတြမွသည္ လမ္းထိပ္စတိုးဆိုင္က ဆုိင္ပိုင္ရွင္ရဲ႕ေျပာစကားေတြကိုပါ နားစြင္႔ထားဖုိ႔အေလ႔အက်င္႔လုပ္ေပးထားတယ္လုိ႔ ဆုိပါတယ္။

၂) အခ်ိန္ယူဆံုးျဖတ္ပါ

ဘယ္အရာကိုမွ အလ်င္စလုိမဆံုးျဖတ္ဖုိ႔၊ တစ္နပ္စားဥာဏ္နဲ႔မစဥ္းစားဖို႔လည္း သင္ၾကားေပးေလ႔ရွိပါတယ္။ အရာရာတုိင္းဟာ အခ်ိန္အတုိင္းအတာတစ္ခုယူျပီးမွ ျဖစ္တည္လာႏိုင္ျပီး ေရရွည္အတြက္စဥ္းစားတတ္ဖို႔ ရိုက္သြင္းေပးထားပါတယ္။ အခ်ိန္တစ္ခုယူစဥ္းစား Plan ခ်ျပီးမွ လက္ေတြ႔စတင္ဖုိ႔ ဆံုးမေလ႔ရွိသလို ဆံုးျဖတ္ျပီးရင္မဆုတ္မနစ္ၾကိဳးစားဖုိ႔ တိုက္တြန္းတာကေတာ႔ ဧကန္မလြဲပါပဲ။

၃) သူေဌးၾကိဳက္အားကစားနည္းေတြ ေလ႔က်င္႔ထားပါ

တခ်ိဳ႕ေသာ အားကစားနည္းေတြဟာ သူေဌးေတြသာကစားၾကတဲ႔ အားကစားနည္းေတြျဖစ္ျပီး အားကစားသက္သက္ထက္ Business ပါ ပါဝင္တဲ႔အားကစားနည္းေတြျဖစ္ပါတယ္။ ဥပမာ- ေဂါက္ရိုက္တာ၊ တင္းနစ္ရိုက္တာမ်ိဳးေပါ႔။ ဒီလုိ အားကစားနည္းေတြနဲ႔ရင္းႏွီးကၽြမ္းဝင္ေစဖုိ႔ငယ္ငယ္ကတည္းကေလ႔က်င္႔ေပးေလ႔ရွိျပီး လူခ်မ္းသာေတြနဲ႔မ်ားမ်ားေတြ႔ဆံုႏိုင္ေအာင္ ဖန္တီးေပးထားေလ႔ရွိျခင္းပါ။ ေရႊ ေရႊခ်င္းထပ္ ျမတ္ေစခ်င္တဲ႔သေဘာေတြလည္းပါပါတယ္။

၄) စိတ္ကူးစိတ္သန္းေတြကိုခ်ေရးထားပါ

ကေလးရဲ႕စိတ္ကူးစိတ္သန္းနဲ႔ဝါသနာအေပၚလုိက္ျပီး သူတုိ႔ကျပဳစုပ်ိဳးေထာင္ေလ႔ရွိၾကပါတယ္။ ဒါေၾကာင္႔ ကေလးရဲ႕ Talent ကိုမျပတ္ေစာင္႔ၾကည္႔ေလ႔ရွိျပီးသူ႔ရဲ႕ အနာဂတ္ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ေတြကို သိရွိေအာင္ၾကိဳးစားၾကျခင္းပါ။ ဘဝမွာ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ရွိရမယ္ဆုိတဲ႔အေၾကာင္းကို သင္ၾကားေပးျခင္းလည္းျဖစ္ပါတယ္။

၅) ေပ်ာ္ရႊင္မႈကို မေပ်ာက္ရွေစနဲ႔

ပိုက္ဆံအတြက္ပဲအခ်ိန္ကုန္ျပီး ဘဝအႏွစ္သာရ မေပ်ာက္ဆံုးေစဖုိ႔ကိုလည္းသင္ၾကားေပးေလ႔ရွိပါတယ္တဲ႔။ ေငြပံုထဲမွာဝဲလည္ေနျပီး Stress ေတြပိမေနဖုိ႔ Relax ေကာင္းေကာင္းလုပ္တတ္ဖို႔ကိုလည္း သူတုိ႔ကနည္းေပးလမ္းျပလုပ္ထားပါတယ္။ ေကာင္းေကာင္းရွာျပီး ေကာင္းေကာင္းခံစားတတ္ေစဖုိ႔၊ လွဴဒါန္းျခင္းနဲ႔ ကိုယ္႔ကိုျပန္ခ်မ္းေျမ႕မႈရေစဖုိ႔ သင္ၾကားေပးျပီးသားျဖစ္ပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

မီလျံနာမိဘတွေအနေနဲ့ သားသမီးတွေကိုသင်ကြားပေးလေ့ရှိတဲ့ အချက် ၅ ချက်

အခုခေတ်မှာကိုယ်တိုင်ကြိုးစားရုန်းကန်ပြီး သန်းကြွယ်သူဌေးဖြစ်လာတဲ့မိဘတွေက ဟိုးရှေးရှေးက ကုဋေရှစ်ဆယ်သူဌေးသားလိုအဖြစ်မျိုး ကိုယ့်သားသမီးတွေကို မဖြစ်မခံကြတော့ပါဘူး။ သူတို့တွေဟာ သားသမီးတွေကို ငယ်ငယ်ကတည်းက ငွေကြေးတန်ဖိုးသိအောင် ၊ငွေရှာတတ်အောင်၊ နောင်မျိုးဆက်တွေအထိပါ မကြောင့်မကြနေရလေအောင် ငွေကြေးရဲ့အရေးပါပုံ၊ လူအများကြားထဲပြောဆိုနေထိုင်တတ်ဖို့နဲ့ ခေါင်းဆောင်ခြင်းအတတ်ပညာစတဲ့ သိသင့်တတ်သင့်တာတွေကို သင်ကြားပေးနေကြပါတယ်။ ဒီလို မီလျံနာမိဘတွေဆီကနေ ကလေးတွေအနေနဲ့ ဘာတွေကိုအဓိကသင်ကြားရသလဲဆိုတာကို စာရေးဆရာ Steve Sieboldက “Secrets Self-Made Millionaires Teach Their Kids” လို့အမည်ရတဲ့ သူ့ရဲ့စာအုပ်ထဲမှာဖော်ပြထားပါတယ်။ သူဟာ မီလျံနာမိဘပေါင်း ၁၂၀၀ လောက်ကိုမေးမြန်းပြီး တူညီတဲ့အချက်တွေကိုစုစည်းဖော်ထုတ်ထားခဲ့တာပဲဖြစ်ပါတယ်။

၁) အပြောင်းအလဲတွေကို မျက်ချည်မပြတ်ပါစေနဲ့

သူတို့အနေနဲ့ ကလေးတွေကိုနေ့တိုင်းသတင်းစာဖတ်ဖို့ မဖြစ်မနေတိုက်တွန်းကြပါတယ်တဲ့။ ဒီအလေ့အကျင့်ဟာ လက်ရှိတိုင်းပြည်အခြေအနေ၊စီးပွားရေးအခြေအနေ၊ ဘယ်လိုအရွေ့တွေဖြစ်လာနိုင်လဲဆိုတာကို မျက်ခြည်မပြတ်သိနေဖို့ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေရဲ့ ပြောစကားတွေမှသည် လမ်းထိပ်စတိုးဆိုင်က ဆိုင်ပိုင်ရှင်ရဲ့ပြောစကားတွေကိုပါ နားစွင့်ထားဖို့အလေ့အကျင့်လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

၂) အချိန်ယူဆုံးဖြတ်ပါ

ဘယ်အရာကိုမှ အလျင်စလိုမဆုံးဖြတ်ဖို့၊ တစ်နပ်စားဉာဏ်နဲ့မစဉ်းစားဖို့လည်း သင်ကြားပေးလေ့ရှိပါတယ်။ အရာရာတိုင်းဟာ အချိန်အတိုင်းအတာတစ်ခုယူပြီးမှ ဖြစ်တည်လာနိုင်ပြီး ရေရှည်အတွက်စဉ်းစားတတ်ဖို့ ရိုက်သွင်းပေးထားပါတယ်။ အချိန်တစ်ခုယူစဉ်းစား Plan ချပြီးမှ လက်တွေ့စတင်ဖို့ ဆုံးမလေ့ရှိသလို ဆုံးဖြတ်ပြီးရင်မဆုတ်မနစ်ကြိုးစားဖို့ တိုက်တွန်းတာကတော့ ဧကန်မလွဲပါပဲ။

၃) သူဌေးကြိုက်အားကစားနည်းတွေ လေ့ကျင့်ထားပါ

တချို့သော အားကစားနည်းတွေဟာ သူဌေးတွေသာကစားကြတဲ့ အားကစားနည်းတွေဖြစ်ပြီး အားကစားသက်သက်ထက် Business ပါ ပါဝင်တဲ့အားကစားနည်းတွေဖြစ်ပါတယ်။ ဥပမာ- ဂေါက်ရိုက်တာ၊ တင်းနစ်ရိုက်တာမျိုးပေါ့။ ဒီလို အားကစားနည်းတွေနဲ့ရင်းနှီးကျွမ်းဝင်စေဖို့ငယ်ငယ်ကတည်းကလေ့ကျင့်ပေးလေ့ရှိပြီး လူချမ်းသာတွေနဲ့များများတွေ့ဆုံနိုင်အောင် ဖန်တီးပေးထားလေ့ရှိခြင်းပါ။ ရွှေ ရွှေချင်းထပ် မြတ်စေချင်တဲ့သဘောတွေလည်းပါပါတယ်။

၄) စိတ်ကူးစိတ်သန်းတွေကိုချရေးထားပါ

ကလေးရဲ့စိတ်ကူးစိတ်သန်းနဲ့ဝါသနာအပေါ်လိုက်ပြီး သူတို့ကပြုစုပျိုးထောင်လေ့ရှိကြပါတယ်။ ဒါကြောင့် ကလေးရဲ့ Talent ကိုမပြတ်စောင့်ကြည့်လေ့ရှိပြီးသူ့ရဲ့ အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်တွေကို သိရှိအောင်ကြိုးစားကြခြင်းပါ။ ဘဝမှာ ရည်မှန်းချက်၊ မျှော်မှန်းချက်ရှိရမယ်ဆိုတဲ့အကြောင်းကို သင်ကြားပေးခြင်းလည်းဖြစ်ပါတယ်။

၅) ပျော်ရွှင်မှုကို မပျောက်ရှစေနဲ့

ပိုက်ဆံအတွက်ပဲအချိန်ကုန်ပြီး ဘဝအနှစ်သာရ မပျောက်ဆုံးစေဖို့ကိုလည်းသင်ကြားပေးလေ့ရှိပါတယ်တဲ့။ ငွေပုံထဲမှာဝဲလည်နေပြီး Stress တွေပိမနေဖို့ Relax ကောင်းကောင်းလုပ်တတ်ဖို့ကိုလည်း သူတို့ကနည်းပေးလမ်းပြလုပ်ထားပါတယ်။ ကောင်းကောင်းရှာပြီး ကောင်းကောင်းခံစားတတ်စေဖို့၊ လှူဒါန်းခြင်းနဲ့ ကိုယ့်ကိုပြန်ချမ်းမြေ့မှုရစေဖို့ သင်ကြားပေးပြီးသားဖြစ်ပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com