[Zawgyi]
August(Akhayar)
www.akhayar.com
[Unicode]
အောင်ပွဲရဦးမယ့် မန်စီးတီး
ဘောလုံးပွဲမရှိတဲ့ရက်ဆိုတာ မရှိပါဘူး။ နာမည်ကျော်လိဂ်ပြိုင်ပွဲတွေမဟုတ်ရင်လည်း တခြားလိဂ်ပြိုင်ပွဲတွေဟာ တစ်ပွဲမဟုတ်တစ်ပွဲ ရှိနေပါတယ်။ ဒီတနင်္လာမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဝီဂန်နဲ့ မန်စီးတီး၊ စီးရီးအေပွဲစဉ်အဖြစ် လာဇီယိုနဲ့ ဗီရိုနာ၊ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးနဲ့ ဆယ်လ်တာဗီဂို၊ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ်ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ်တို့ပွဲတွေရှိနေပါတယ်။ဘယ်အသင်းတွေအောင်ပွဲရပြီး ဘယ်အသင်းတွေ စိတ်ပျက်စရာတွေရင်ဆိုင်ရမလဲ။ ရင်ခုန်ခန့်မှန်းကြည့်မိပါတယ်။
ဝီဂန် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၂၅ နာရီ)
အစဉ်အလာအရ ဝီဂန်ဟာ မန်စီးတီးခက်ခဲစေတတ်ပေမယ့်လက်ရှိအဆင့်အတန်းချင်းကွာခြားချက်များပါတယ်။ ဖလား(၄)လုံးစလုံးကို အာရုံစိုက်နေတဲ့ မန်စီးတီးအသင်း အဓိကကစားသမားတချို့ကို ပွဲထုတ်သွားနိုင်ပြီး (၂)ဂိုးပြတ်လောက်နိုင်မယ်။
မန်စီးတီးအသင်းဟာ ဝီဂန်ကိုနောက်ဆုံး(၃)ပွဲဆက်ပေးဂိုးမရှိဘဲ အနိုင်ရထားပါတယ်။
အက်ဖ်အေဖလားနောက်ဆုံး(၄)ပွဲမှာ ဝီဂန်အနည်းဆုံး (၂)ဂိုးသွင်းထားပါတယ်။
လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ (Immobile)
လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ (Immobile)
ဂီတာဖေး နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံးရပ်တည်ပုံချင်းမကွာဘူး။ လက်ရှိရလဒ်ချင်းလည်း သိပ်မကွာဘူး။ ဆယ်လ်တာဗီဂိုမှာကစားသမားကောင်းတချို့ရှိပေမယ့် ဂီတာဖေးက အိမ်ကွင်းမာဂုဏ်မြင့်တယ်။ ဂီတာဖေးအမှတ်ရမယ်။
လာဇီယို နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဒီပွဲနိုင်ရင် လာဇီယိုက အင်တာမီလန်ကို ကျော်ဖြတပြီး အဆင့်(၄)နေရာရပ်တည်ပါမယ်။ ဗီရိုနာမှာတန်းဆင်းဇုန် ရုန်းအားရှိနေပေမယ့် လာဇီယို (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
ဖရန့်ဖတ် နှင့် လိုက်ပ်ဇစ်(မြန်မစံတော်ချိန် အင်္ဂါနံနက် ၂း၀၀နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အမှတ်လုပွဲပါပဲ။ ဖရန့်ဖတ်အိမ်ကွင်းမာပေမယ့်လိုက်ပ်ဇစ် အမှတ်ရမယ်။
August(Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။