[Zawgyi]





Mourinho-And-Zidane

Mourinho-And-Zidane







Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှုး စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူဗင်တပ်စ်အသင်းကိုမရောက်ခင်က အေစီမီလန် ၊ မန်ယူနဲ့ PSG အသင်းတွေကခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။

လာဇီယို – လာဇီယိုအသင်းကွင်းလယ်လူ မီလင်ကိုဗစ် Milinkovic ကို ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ လီဗာပူးလ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့စောင့်ကြည့်နေကြပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှုး မိုရာတာ Morata ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့ရှိနေပါတယ်။

Mourinho-And-Zidane

Mourinho-And-Zidane

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ရဲ့ မန်ယူနည်းပြဘ၀ အနာဂတ်ဟာ စိုးရိမ်စရာကောင်းလာခဲ့ပါပြီ။ လက်ရှိမှာ ဇီဒန်း Zidane နဲ့မန်ယူအသင်းတို့ရဲ့ သတင်းတွေဟာ မျိုးစုံထွက်ပေါ်နေပါတယ်။ မန်ယူအသင်းပရိသတ်တွေကတော့ မော်ရင်ဟို ကိုအသင်းကနေ ထွက်ခွာစေချင်နေကြပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီး ဂန္ထဝင်နောက်ခံလူ တယ်ရီ Terry ဟာ ချယ်လ်ဆီးအသင်းကို ရာထူးသစ်တစ်ခုနဲ့ ပြန်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri က နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ အသင်းမှာ သူ့ရဲ့နည်းဗျူဟာအတိုင်း ကစားနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ ဆာလာ Salah ရဲ့လက်ရှိပုံစံကို သူ့အနေနဲ့ စိတ်ပူခြင်းမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။

စီးရီးအေ – ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဆာဆူအိုလိုအသင်းကို အဝေးကွင်းမှာ ( ၁ – ၄ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် – မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းဟာ ကာဒစ်ဖ်အသင်းကို အဝေးကွင်းမှာ ( ၁ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sport , Goal.com , sportskeeda
Photo: Goal.com , Yahoo Sport UK
Ko Kyue(Akhayar)
www.akhayar.com