လိုက်ပစ်ဇ် – လိုက်ပစ်ဇ်အသင်းဟာ တိုက်စစ်မှူး ၀ါနာ Werner ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ ၀ါနာ ဟာ လိုက်ပစ်ဇ်အသင်းအတွက် ရာသီတိုင်းလိုလို ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီရာသီမှာလည်း လက်ရှိအချိန်ထိ (၃)ပွဲကစား (၂)ဂိုးသွင်းယူထားပါတယ်။

ဖီအိုရင်တီးနား – ဖီအိုရင်တီးနားအသင်းဟာ မန်ယူကွင်းလယ်လူ ဖရက်ဒ် Fred ကို ခေါ်ယူရန်ကမ်းလှမ်းဖို့ အတွက်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဖရက်ဒ် ဟာ မန်ယူအသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ နေမာ Neymar ကို ခေါ်ယူနိုင်ဖို့အတွက် ဒမ်ဘီလီ Dembele ကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းဟာ နေမာ ကိုခေါ်ယူဖို့ နည်းမျိုးစုံ အသုံးပြုနေပေမယ့် အဆင်ပြေခြင်းတော့ မရှိသေးပါဘူး။

ဘော်ဒိုး – ဘော်ဒိုးအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ အယ်လ်နန်နီ Elneny ကို အငှားနဲ့ ခေါ်ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ အယ်လ်နန်နီ ဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဖလာမင်ဂို – ၀ါရင့်ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ် Filipe Luis ဟာ ဒီနွေမှာ ဖလာမင်ဂိုအသင်းကို မပြောင်းရွှေ့ခင် မန်စီးတီး ၊ လိုင်ယွန် နဲ့ ဒေါ့မွန်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖိလစ်ပီလူးဝစ် ဟာ ဖလာမင်ဂိုအသင်းအတွက် ပွဲပေါင်း(၄)ပွဲကစားပေးထားပါတယ်။

စပါး – စပါးနည်းပြ ပိုချက်တီနို Pochettino က ကွင်းလယ်လူ အဲရစ်ဆင် Eriksen ဟာ အသင်းမှာဆက်ရှိဖို့ မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲရစ်ဆင် ဟာ ဥရောပအပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ စပါးအသင်းကနေ ထွက်ခွာဖို့ ရှိနေသူဖြစ်ပါတယ်။

လက်စတာ – လက်စတာကွင်းလယ်လူ မက်ဒီဆင် Maddison ဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်တာကြောင့် မန်ယူအသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ အသင်းဖော်ဟောင်း ဆင်ပဆင် Simpson က ပြောကြားခဲ့ပါတယ်။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာတော့ မန်ယူအသင်းဟာ မက်ဒီဆင် ကို ကြိုးပမ်းဖို့ ရှိနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းက ဘက်တစ်အသင်းကို ( ၅ – ၂ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တဲ့ Anssumane Fati (၁၆)နှစ် (၂၉၈)ရက် ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ ဒုတိယမြောက်အသက် အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားကတော့ နောက်ခံလူ Vicente Martínez Alama ဖြစ်ပြီး ၁၉၄၁ ခုနှစ်တုန်းက (၁၆)နှစ် (၂၈၀)ရက်နဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန် – အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူသစ် ဂဘာမင် Gbamin ဟာ ပေါင်ဒဏ်ရာကြောင့် (၃)လခန့် အနားယူရဖို့ ရှိတယ်လို့ သိရပါတယ်။ ဂဘာမင် ဟာ အဲဗာတန်အသင်းအတွက် တစ်ပွဲသာ ကစားထားရသေးသူဖြစ်ပါတယ်။

စီးရီးအေ – စီးရီးအေအသင်းကြီးတွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ ရိုးမားတို့ဟာ ရာသီအစမှာပဲ နိုင်ပွဲပျောက်ခဲ့ကြတယ်လို့ သိရပါတယ်။ စီးရီးအေပွဲစဉ်(၁)မှာ အေစီမီလန်အသင်းဟာ အူဒီးနီးစ်ကို အဝေးကွင်းမှာ ( ၁ – ၀ )နဲ့ ရှုံးနိမ့်ခဲ့ပြီး ရိုးမားအသင်းကတော့ အိမ်ကွင်းမှာ ဂျီနိုအာနဲ့ (၃)ဂိုးစီသရေကျခဲ့ပါတယ်။

Ref: BBC Sports , Mirror , Ronaldo.com , Sportskeeda
Photo: Leipzig Twitter
Ko Kyue(Akhayar)
www.akhayar.com