ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ အေဂျက်စ်လူငယ်ကွင်းလယ်လူ ဗန်ဒီဘိ Van de Beek ကိုခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ဗန်ဒီဘိ ကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ ၀န်ခံထားပါတယ်။

အာဆင်နယ် – အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် Ozil ရဲ့ အေးဂျင့်ဟာ အမေရိကန်ကိုသွားပြီး DC United အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ DC United အသင်း ဟာ ရွန်နီ Rooney ကို ဆုံးရှုံးရတော့မှာဖြစ်တာကြောင့် အိုဇေးလ် ကိုပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

စပါး – စပါးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်တယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane က ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁)မှာတော့ ဟယ်ရီကိန်း ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဗီလာအသင်းဘက်ကို (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို Coutinho ဟာ ဒီနွေမှာအသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ဘာစီလိုနာအသင်းက ပြောကြားလိုက်ပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟို ဟာ အနာဂတ်လှုပ်ခတ်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

PSG – PSG ကွင်းလယ်လူ ဗာရက်တီ Verratti ဟာ အသင်းမှာ နေမာ Neymar ဆက်ရှိနေဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ နေမာ ဟာ လက်ရှိမှာ ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

ရိုးမား – ရိုးမားအသင်းဟာ လီဗာပူးလ်နောက်ခံလူ လိုဗရန် Lovren ကိုခေါ်ယူဖို့ ဆန္ဒရှိနေတုန်းပဲ လို့သိရပါတယ်။ လက်ရှိမှာ လိုဗရန် ဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ပါတယ်။

အန်ဒါလက်ခ်ျ – မိုနာကိုတောင်ပံကစားသမား ချက်ဒလီ Chadli ဟာ အန်ဒါလက်ခ်ျအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ချက်ဒလီ ဟာ မိုနာကိုအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

အင်တာမီလန် – အင်တာမီလန်တိုက်စစ်မှူးသစ် လူကာကူ Lukaku ဟာ သူ့ရဲ့အင်တာမီလန်အသင်းအတွက် ပထမဆုံးပွဲမှာပဲ သွင်းဂိုး(၄)ဂိုးထိသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်မှာတော့ အင်တာမီလန်အသင်းဟာ အီတလီစတုတ္ထတန်းကလပ် Virtus Bergamo အသင်းကို ( ၈ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ဖရန့်ဖတ်အသင်းတိုက်စစ်မှူး ရီဘစ် Rebic ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ရီဘစ် ဟာ ဖရန့်ဖတ်အသင်းအတွက် သွင်းဂိုး(၁၀)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: BBC Sports , Mirror , Sportskeeda
Photo: The Sun
Ko Kyue(Akhayar)
www.akhayar.com