မိုနာကို – မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို Falcao ဟာ တူရကီထိပ်သီး ဂါလာတာစာရေးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဖယ်လ်ကာအို ကို ဂါလာတာစာရေးပရိသတ်(၂၅၀၀၀)ကျော်က အစ္စတန်ဘူလ်လေဆိပ်မှာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။

နာပိုလီ – နာပိုလီအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးတိုက်စစ်မှူးဟောင်း လော်ရန်တေး Llorente ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လော်ရန်တေး ဟာ စပါးအသင်းအတွက် အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

PSG – PSG အသင်းဟာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ကို အငှားနဲ့ ခေါ်ယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ PSG အသင်းတိုက်စစ်ပိုင်းဟာ ဒဏ်ရာပြဿနာတွေများနေပြီး အီကာဒီ ကလည်း အင်တာမီလန်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ လူငယ်တိုက်စစ်မှူး ဘော်ဘီဒန်ကန် Bobby Duncan ကို ဖီအိုရင်တီးနားအသင်းဆီ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ လူငယ်တိုက်စစ်မှူး ဘော်ဘီဒန်ကန် ဟာ အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

PSG – PSG အသင်းဟာ ဆီဗီလာဂိုးသမား ဆာဂျီယိုရီကို Sergio Rico ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့သလို အပြီးသတ်ခေါ်ယူခွင့်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဆာဂျီယိုရီကို ဟာ ဖူလ်ဟမ်အသင်းမှာ အငှားနဲ့သွားကစားထားသူဖြစ်ပါတယ်။

ရိုးမား – ရိုးမားအသင်းဟာ အာဆင်နယ်ကွင်းလယ်တိုက်စစ်ကစားသမား မစ်ခီတာယီရန် Mkhitaryan ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ မစ်ခီတာယီရန် ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန် Boateng ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်နောက်ခံလူ ချီလီနီ Chiellini ဟာ ညာဘက်ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်ပြီး အချိန်ဘယ်လောက် အနားယူရမလဲဆိုတာ မသိသေးတာကြောင့် ဒီအပြောင်းအရွှေ့ကဖြစ်လာနိုင်ခြေရှိနေပါတယ်။

PSG – PSG အသင်းတိုက်စစ်ကစားသမား ဟယ်ဆေးရိုဒရီဂွက်ဇ် Jese Rodriguez ဟာ ဆယ်လ်ဗာတီဂိုအသင်းကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘက်တစ်အသင်းမှာ အငှားနဲ့သွားကစားခဲ့တဲ့ ဟယ်ဆေးရိုဒရီဂွက်ဇ် ဟာ နည်းပြတူဟယ်လ် Tuchel ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ခြင်းမရှိတော့တာ အခုလိုအသင်း ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ဟာ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီဘားလား ဟာ ဂျူဗင်တပ်စ်အသင်းမှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်း တိုက်စစ်မှူး ဟာနန်ဒက်ဇ် Hernández ဟာ ဆီဗီလာအသင်းကို ပြောင်းရွှေ့ကြေးပေါင်(၇.၂၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဟာနန်ဒက်ဇ် ဟာ ၀က်စ်ဟမ်းအသင်းအတွက် ပွဲပေါင်း(၆၃)ပွဲကစား (၁၇)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Mirror , Ronaldo.com , Givemesport.com
Photo: RCN Radio
Ko Kyue(Akhayar)
www.akhayar.com