[Zawgyi]

တနလၤာေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard ဟာ ရီးယဲလ္အသင္းကိုေျပာင္းေရႊ႕ဖို႔အတြက္ ဘယ္ေတာ႔မွ ခ်ယ္လ္ဆီးအသင္းကို အတင္းအက်ပ္ဖိအားေပးမွာ မဟုတ္ဖူးလို႔ ေျပာၾကားခဲ႔ပါတယ္။

ဘန္ေလ – ဘန္ေလအသင္း ဂိုးသမား တြမ္ဟီတန္ Tom Heaton ဟာ လာမယ္႔ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ အသင္းကေနထြက္ခြာဖို႔ရိွတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။

မန္ယူ – မန္ယူအသင္းတိုက္စစ္မႈး လူကာကူ Lukaku ဟာ သူ႔အေနနဲ႔ အနာဂတ္မွာ စီးရီးေအျပိဳင္ပြဲမွာ ကစားႏိုင္တယ္လို႔ စကားရိပ္သန္းခဲ႔ပါတယ္။

အင္တာမီလန္ – အင္တာမီလန္အသင္းဟာ ရီးယဲလ္ကြင္းလယ္လူ မိုဒရစ္ Modric ကုိေခၚယူဖို႔ စိတ္၀င္စားေနဆဲ ျဖစ္ပါတယ္။

ဖူလ္ဟမ္ – ဖူလ္ဟမ္အသင္းဟာ ေအစီမီလန္အသင္း ေနာက္ခံလူ Musacchio ကို ေခၚယူဖို႔ အဆင္႔သင္႔ျဖစ္ေနပါတယ္။

Degea

Degea

PSG – PSG အသင္းဟာ မန္ယူဂိုးသမား ဒီဂီယာ De Gea ကိုေခၚယူဖို႔ ေစာင္႔ၾကည္႔ေနပါတယ္။ မန္ယူနဲ႔ ဒီဂီယာတို႔ရဲ႕ စာခ်ဳပ္သစ္ကိစၥဟာ ၾကန္႔ၾကာေနတာေၾကာင္႔ PSG အသင္းဟာ ဒီဂီယာကို စိတ္၀င္စားလာခဲ႔တာပါ။

ဖီအိုရင္တီးနား – ဖီအိုရင္တီးနားတိုက္စစ္မႈး ဂ်ီယိုဗန္နီ ဆီျမြန္နီ Giovanni Simeone ဟာ သူ႕အေဖကိုင္တြယ္ေနတဲ႔ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ဖို႔စိတ္၀င္စားေနပါတယ္။

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမို႔စ္ Ramos က စပါးတိုက္စစ္မႈး ဟယ္ရီကိန္း Harry Kane ဟာ လာလီဂါရဲ႕ၾကယ္ပြင္႔ ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားခဲ႔ပါတယ္။ ဟယ္ရီကိန္း ကိုေခၚယူဖို႔အတြက္ ရီးယဲလ္မက္ဒရစ္အသင္းက စိတ္၀င္စားေနပါတယ္။

နယ္သာလန္ – နယ္သာလန္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဗန္ဒိုက္ Van Dijk ဟာ ဒဏ္ရာျပႆနာေၾကာင္႔ ဘယ္လ္ဂ်ီယံနဲ႔ ကစားမယ္႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

မန္ယူ – မန္ယူအသင္းေခါင္းေဆာင္ ဗလင္စီယာ Valencia ဟာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္ေျခရိွပါတယ္။

Ref: BBC Sport , Goal.com , Sportskeeda
Photo: Chelsea News , Le10sport.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ဖို့အတွက် ဘယ်တော့မှ ချယ်လ်ဆီးအသင်းကို အတင်းအကျပ်ဖိအားပေးမှာ မဟုတ်ဖူးလို့ ပြောကြားခဲ့ပါတယ်။

ဘန်လေ – ဘန်လေအသင်း ဂိုးသမား တွမ်ဟီတန် Tom Heaton ဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းတိုက်စစ်မှုး လူကာကူ Lukaku ဟာ သူ့အနေနဲ့ အနာဂတ်မှာ စီးရီးအေပြိုင်ပွဲမှာ ကစားနိုင်တယ်လို့ စကားရိပ်သန်းခဲ့ပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ မိုဒရစ် Modric ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ဖူလ်ဟမ် – ဖူလ်ဟမ်အသင်းဟာ အေစီမီလန်အသင်း နောက်ခံလူ Musacchio ကို ခေါ်ယူဖို့ အဆင့်သင့်ဖြစ်နေပါတယ်။

Degea

Degea

PSG – PSG အသင်းဟာ မန်ယူဂိုးသမား ဒီဂီယာ De Gea ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ မန်ယူနဲ့ ဒီဂီယာတို့ရဲ့ စာချုပ်သစ်ကိစ္စဟာ ကြန့်ကြာနေတာကြောင့် PSG အသင်းဟာ ဒီဂီယာကို စိတ်ဝင်စားလာခဲ့တာပါ။

ဖီအိုရင်တီးနား – ဖီအိုရင်တီးနားတိုက်စစ်မှုး ဂျီယိုဗန်နီ ဆီမြွန်နီ Giovanni Simeone ဟာ သူ့အဖေကိုင်တွယ်နေတဲ့ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ် Ramos က စပါးတိုက်စစ်မှုး ဟယ်ရီကိန်း Harry Kane ဟာ လာလီဂါရဲ့ကြယ်ပွင့် ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်း ကိုခေါ်ယူဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပါတယ်။

နယ်သာလန် – နယ်သာလန်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ ဒဏ်ရာပြဿနာကြောင့် ဘယ်လ်ဂျီယံနဲ့ ကစားမယ့်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာ Valencia ဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ခြေရှိပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda
Photo: Chelsea News , Le10sport.com
Ko Kyue(Akhayar)
www.akhayar.com