အေဂျက်စ် – အေဂျက်အသင်းခေါင်းဆောင် လူငယ်နောက်ခံလူ ဒီလိဂ် De Ligt ဟာ သူ့ရဲ့အနာဂတ်ကို နယ်သာလန်အသင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် Nations League ပြိုင်ပွဲပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီလိဂ် နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ကောလာဟလတွေဟာ ထွက်ပေါ်နေပြီး မန်ယူ ၊ ဘာစီလိုနာအသင်းတွေက သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။

ရီးယဲလ် – ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zidane ဟာ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် Ramos ကို လာမယ့်ရာသီအသင်းမှာပဲ ဆက်ထိန်းထားဖို့အတွက် ဆန္ဒရှိနေတယ်လို့သိရပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ရာမို့စ် ဟာ လက်ရှိမှာ ရီးယဲလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေသူဖြစ်ပါတယ်။

ချယ်လ်ဆီး – လေ့ကျင့်ခန်းအစီအစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ Kante ဟာ အာဆင်နယ်နဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ကွန်တေ ဟာ ဒီနှစ်ဘောလုံးရာသီမှာ အရင်ရာသီတွေကလောက် ခြေစွမ်းမပြနိုင်ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန် Boateng ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။ အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဘိုတန် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၂၈)ပွဲကစားထားသူဖြစ်ပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေ Mike Ashley ဟာ နယူးကာဆယ်အသင်းကို မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော် Sheikh Mansour နဲ့ ညီအစ်ကိုတော်စပ်တဲ့ Al Nehayan ဆီ ပေါင်သန်း(၃၅၀)နဲ့ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအနေအထားတွေကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းရဲ့ ပိုင်ရှင်အပြောင်းအလဲကို မြင်တွေ့ရဖို့ရှိနေပြီး မန်စီးတီးလို နယူးကာဆယ်လည်း ငွေသုံးကြမ်းလာမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com
Photo: BeSoccer , M.today , Goal.com , Manchester United
Ko Kyue(Akhayar)
www.akhayar.com