အေစီမီလန် – အေစီမီလန်အသင်းဟာ နည်းပြဂတ်တူဆို Gattuso ရဲ့ နေရာမှာ စပါးနည်းပြပိုချက်တီနို Pochettino နဲ့ အစားထိုးသွားဖို့ ဆန္ဒရှိနေပြီး လာမယ့်နွေမှာ ကစားသမားခေါ်ယူဖို့ ပေါင်သန်း(၃၀၀)ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အေစီမီလန်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ဖိအားများနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ဟာ သူ့အနေနဲ့ အသင်းမှာ အနည်းဆုံးနောက်ထပ်(၃)နှစ်လောက် ဆက်နေသွားဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ယာဂန်ကလော့ပ် လက်ထက်မှာ လီဗာပူးလ်အသင်းဟာ ဆုဖလားအောင်မြင်မှုမရရှိသေးပေမယ့် တိုးတက်မှုတွေရှိလာတဲ့ အသင်းပဲဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri ဟာ တိုက်စစ်မှူး ဂျရူး Giroud ကို လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဂျရူး ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီရာသီမှာအသင်းအတွက် သွင်းဂိုး(၁၁)ဂိုးသွင်းယူထားပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းကနေ ရာသီကုန်မှာ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ ကော်တင်ဟို Coutinho ဟာ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ကော်တင်ဟို ဟာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ၂၀၁၈ ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူပဲဖြစ်ပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ Pellegrini ဟာ ရိုးမားအသင်းရဲ့ တိုက်စစ်မှူး ဂျက်ကို Dzeko ကိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပယ်လီဂရီနီနဲ့ ဂျက်ကို တို့ဟာ မန်စီးတီးအသင်းမှာ အတွဲညီခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျက်ကို ဟာ ရိုးမားအသင်းအတွက် သွင်းဂိုး(၁၂)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports
Photo: Chelsea Twitter , Bleacher Report , Goal.com , Evening Standard
Ko Kyue(Akhayar)
www.akhayar.com