[Zawgyi]





Koulibaly

Koulibaly







Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဘာစီလိုနာ – ဘာစီလိုနာအသင်း အနေနဲ့ နေမာ Neymar ကို PSG အသင်းကနေ ပြန်ခေါ်နိုင်ခဲ့ရင် အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembele ကို လက်လွှတ်ရဖို့ ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကို Isco ဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဲဗာတန် – အဲဗာတန်နည်းပြ မာကိုဆေးဗားလ် Marco Silva ဟာ ဘာစီလိုနာအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကွင်းလယ်လူ အန်ဒရေ ဂိုးမက်စ် Andre Gomes ကို အပြီးသတ်ခေါ်ယူလိုနေပါတယ်။

Koulibaly

Koulibaly

မန်ယူ – မန်ယူအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘလီ Koulibaly ကို နောက်ခံလူ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာ ဘယ်နောက်ခံလူ အယ်လ်ဘာ Alba ဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို မရရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူကွင်းလယ်လူ မာတာ Mata ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး သူ့ကို ခေါ်ယူဖို့အတွက် အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ချယ်လ်ဆီးကစားသမားတွေဖြစ်ကြတဲ့ ဖာဘရီဂတ်စ် Fabregas ၊ ကာဟေးလ် Cahill နဲ့ ခရစ္စတန်ဆန် Christensen တို့ကိုခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

ပရီးမီးယားလိဂ် – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘုန်းမောက် နဲ့ အာဆင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ ( ၁ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

စီးရီးအေ – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လာဇီယို နဲ့ အေစီမီလန်ပွဲစဉ်ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ကြပါတယ်။

Ref: BBC Sports , Goal.com , Daily Mail
Photo: Sporting News , Yahoo! Sports
Ko Kyue(Akhayar)
www.akhayar.com