ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာ မန်ယူကွင်းလယ်လူ မာတာ Mata ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပါတယ်။ မာတာ ဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြန့်ကြာနေသူပဲဖြစ်ပါတယ်။

လက်စတာ – လက်စတာအသင်းဟာ မိုနာကိုအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံ လူငယ်ကွင်းလယ်လူ တိုင်လီမန်းစ် Tielemans ကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းသွားဖို့ စဉ်းစားနေပါတယ်။ တိုင်လီမန်းစ် ဟာ လက်ရှိ လက်စတာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ထိုက်သင့်တဲ့ ခြေစွမ်းကိုလည်း ပြသနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လူငယ်ညာနောက်ခံလူ ဘစ်ဆာကာ Aaron Wan-Bissaka ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့အတွက် ပေါင်(၃၅)သန်းအသုံးပြုသွားဖို့ရှိနေပါတယ်။ ဘစ်ဆာကာ ဟာ ဒီနှစ်ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်နောက်ခံလူ အိုဒရီယိုဇိုလာ Odriozola က တိုက်စစ်မှူး ဘန်ဇီမာ Benzema ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဘန်ဇီမာ ဟာ ဒီတစ်ပတ် ဟူဆကာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို လှလှပပသွင်းယူခဲ့သူပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘန်ဇီမာ ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း(၄၆)ပွဲကစား (၂၃)ဂိုးသွင်းယူထားပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်း Varane ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဗာရန်း ဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ လာမယ့်နွေမှာ ထွက်ခွာဖို့ မျှော်လင့်နေသူဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ ချီလီနီ Chiellini နဲ့ ဘိုနူချီ Bonucci တို့ဟာ အသက်အရွယ်ကြီးနေကြပြီဖြစ်တာကြောင့် သူတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဗာရန်း ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , TalkSports , Ronaldo.com
Photo: Real Madrid Twitter , Bleacher Report , Gist Junction , Goal.com
Ko Kyue(Akhayar)
www.akhayar.com