[Zawgyi]





Modric

Modric







Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

PSG – PSG ကွင်းလယ်လူ ရာဘီယူ Rabiot ကိုခေါ်ယူဖို့အတွက် လီဗာပူးလ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ချိတ်ဆက်နေကြပါတယ်။

စပါး – စပါးအသင်းဟာ ဆမ်ဒိုးရီးယား လူငယ်နောက်ခံလူ အန်ဒါဆန် Andersen ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ စပါးကစားသမား ဒိုင်ယာ Dier ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Modric

Modric

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် Modric ဟာ အသင်းရဲ့ လက်ရှိအခြေအနေကို စိတ်ပျက်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့အသင့်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ကွင်းလယ်လူ ကွန်တေ Kante ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho ဟာ နာပိုလီနောက်ခံလူ ကူလီဘလီ Koulibaly ကိုခေါ်ယူလိုနေပါတယ်။

လက်စတာ – လက်စတာအသင်းနည်းပြ ဖျူရယ်လ် Puel က အာဆင်နယ်အသင်းဟာ ခြေစွမ်းတွေပြနေပေမယ့် အခုချိန်ထိပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းမဟုတ်ပါဘူးလို့ စကားနာထိုးခဲ့ပါတယ်။

DC United – DC United အသင်းက New York City အသင်းကို (၃ – ၁ )နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရွန်နီ Rooney ဟာ ခြေစွမ်းပြကစားခဲ့ပြီး သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့သလို DC United အသင်းဟာလည်း MLS Cup Play 0ff ကစားခွင့်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်စ် James Rodriguez အနေနဲ့ အသင်းကိုပြန်လာဖို့ မျှော်လင့်နေပါတယ်။

Ref: BBC Sport , Goal.com
Photo: Evening Standard , Big World News
Ko Kyue(Akhayar)
www.akhayar.com