[Zawgyi]






Rashford

Rashford





Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ချယ်လ်ဆီး – ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ Morata ဟာ ထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး အသင်းဟာ သူ့ကိုလိုအပ်ပါတယ်လို့ ချယ်လ်ဆီးကစားသမားနဲ့ နည်းပြဟောင်း ဂူးလစ် Gullit ကပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ ကိုစီယဲလ်နီ Koscielny နဲ့ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝဇ် David Luiz တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီး တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ချယ်လ်ဆီအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ဟာဇက် ရဲ့ ညီ သော်ဂန်ဟာဇက် Thorgan Hazard က ပြောကြားခဲ့ပါတယ်။

လိဒ်စ် – လိဒ်စ်အသင်းတိုက်စစ်မှူး Kemar Roofe ကိုခေါ်ယူဖို့အတွက် ဝုလ်ဗ် ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆောက်သမ်တန်အသင်းတွေက စိတ်ဝင်စားနေပါတယ်။

Rashford

Rashford

မန်ယူ – မန်ယူကစားသမားဟောင်း ဖာဒီနန် Ferdinand က အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ဟာ အခုထက်ပိုပြီးပွဲကစားခွင့်ရဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပါးမားတိုက်စစ်ကစားသမား ဂါဗင်ဟို Gervinho ကိုခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ် နောက်ခံလူ ဘီနာတီယာ Benatia ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဝက်ဖို့ဒ် ကစားသမား Pereyra ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Ref: BBC Sport , Goal.com
Photo: DB Sports Online , The Independent
Ko Kyue(Akhayar)
www.akhayar.com