[Zawgyi]





Ramsey-Score

Ramsey-Score






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – မန်ယူအသင်းနဲ့ သတင်းတွေထွက်နေတဲ့ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း Zidane ဟာ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ အလားအလာမရှိပါဘူးလို့ သူ့ရဲ့အေးဂျင့်ကပြောကြားခဲ့ပါတယ်။

ဘရိုက်တန် – အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဆောက်ဂိတ် Southgate ဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့ ဘန်လေ နောက်ခံလူ Tarkowski ရဲ့နေရာမှာ ဘရိုက်တန်နောက်ခံလူ Dunk ကို အစားထိုးရွေးချယ်ခဲ့ပါတယ်။

PSG – PSG အသင်းက လိုင်ယွန်အသင်းကို ( ၅ – ၀ ) နဲ့အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်မှာ PSG လူငယ်တိုက်စစ် ကစားသမား ဘာပေ Mbappé ဟာတစ်ဦးတည်း(၄)ဂိုးသွင်းယူခဲ့ပါတယ်။ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာ PSG အသင်းအတွက် လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ (၇)ပွဲကစားထားပြီး (၁၀)ဂိုးသွင်းယူထားပါတယ်။

Ramsey-Score

Ramsey-Score

အာဆင်နယ် – အာဆင်နယ်နည်းပြ အမ်မရီ Emery က ကွင်းလယ်လူ ရမ်ဆေး Ramsey ဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြ လိုပယ်တက်ဂီ Lopetegui ကို ဒီနေ့မှာ ထုတ်ပယ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ရာနှုန်းပြည့်မသေချာဘူးလို့ သိရပါတယ်။

နာပိုလီ – နာပိုလီ နောက်ခံလူ ကူလီဘလီ Koulibaly ရဲ့အေးဂျင့်ဟာ သူ့ကစားသမားနဲ့ ဘာစီလိုနာအသင်းတို့ ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို အတည်ပြူခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ လိုပယ်တက်ဂီ Lopetegui ဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဘေးလ် Bale နဲ့ ဘန်ဇီမာ Benzema တို့မှာ ဒဏ်ရာပြဿနာတွေ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

PSV – PSV လူငယ် တောင်ပံကစားသမား Steven Bergwijn ကိုခေါ်ယူဖို့အတွက် မန်ယူနဲ့လီဗာပူးလ်တို့က စိတ်ဝင်စားနေကြပါတယ်။

Ref: BBC Sport , Ronaldo.com , Goal.com
Photo: Stadium Astro , Kralspor
Ko Kyue(Akhayar)
www.akhayar.com