[Zawgyi]

တနလၤာေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းဟာ ဒီေန႔မွာ နည္းျပလိုပယ္တက္ဂီ Lopetegui ကိုရာထူးကေန ထုတ္ပယ္ဖို႔ရိွေနျပီး သူ႔ရဲ႕ေနရာမွာ ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Conte နဲ႔ ျပန္လည္အစားထိုးဖို႔ရိွေနပါတယ္။

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးအသင္းမွာ အငွားနဲ႔လာေရာက္ကစားေနတဲ႔ ကြင္းလယ္လူ ကိုဗာခ်စ္ Kovacic ဟာ ခ်ယ္လ္ဆီးအသင္းမွာ ေပ်ာ္ရႊင္ေနေပမယ္႔ ရီးယဲလ္ကေနထြက္ခြာဖို႔အတြက္ေျပာဖို႔က ေစာလြန္းေသးတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။

လီဗာပူးလ္ – လီဗာပူးလ္အသင္းဟာ နာပိုလီကြင္းလယ္လူ ဇီလင္စကီး Zielinski ကိုေခၚယူဖို႔ပစ္မွတ္ထားေနပါတယ္။ ဇီလင္စကီးဟာ နာပိုလီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စဥ္းစားေနသူပါ။

အင္တာမီလန္ – အင္တာမီလန္အသင္းဟာ PSG ဂိုးသမား အာရီယိုလာ Areola ကိုေခၚယူဖို႔ ေစာင္႔ၾကည္႔ေနပါတယ္။

Pogba

Pogba

မန္ယူ – မန္ယူကြင္းလယ္လူ ေပါ႔ဘာ Pogba ဟာသူ႔ရဲ႕ ပယ္နယ္တီကန္သြင္းတဲ႔ပံုစံကို ေျပာင္းလဲသြားမယ္လို႔ေျပာၾကားခဲ႔ပါတယ္။

အာဆင္နယ္ – အာဆင္နယ္ကြင္းလယ္လူ ရမ္ေဆး Ramsey ကိုေခၚယူဖို႔အတြက္ မန္ယူနဲ႔ ခ်ယ္လ္ဆီးအသင္းေတြက အျပိဳင္ျဖစ္ေနၾကပါတယ္။

PSG – PSG အသင္းက မာေဆးလ္အသင္းကို ( ၀ – ၂ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ပြဲမွာ ဘာေပ Mbappé ဟာ(၁)ဂိုးသြင္းယူေပးခဲ႔တာေၾကာင္႔ ဒီႏွစ္ေဘာလံုးရာသီရဲ႕ ထိပ္တန္းလိဂ္(၅)ခုမွာ လိဂ္ဂိုး(၁၀)ဂိုးျပည္႔ခဲ႔တဲ႔ ပထမဆံုးေသာကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ႔ပါတယ္။

မန္ယူ – မန္ယူအသင္းဟာ အက္သလက္တီကို ဘယ္ေနာက္ခံလူ ဖိလစ္ပီလူး၀စ္ဇ္ Filipe Luis ကိုေခၚယူလိုေနပါတယ္။

အဲဗာတန္ – အဲဗာတန္အသင္းနည္းျပ မာကိုေဆးဗားလ္ Marco Silva ဟာကြင္းလယ္ဒိုင္က ပြဲကိုမန္ယူအသင္းအတြက္ လြယ္ကူေအာင္ ျပဳလုပ္ေပးခဲ႔တယ္လို႔ ေျပာၾကားခဲ႔ပါတယ္။

Ref: BBC Sport , Goal.com , Bleacher Report Football , Sportskeeda
Photo: BBC , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္လာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့မှာ နည်းပြလိုပယ်တက်ဂီ Lopetegui ကိုရာထူးကနေ ထုတ်ပယ်ဖို့ရှိနေပြီး သူ့ရဲ့နေရာမှာ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Conte နဲ့ ပြန်လည်အစားထိုးဖို့ရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းမှာ အငှားနဲ့လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ကိုဗာချစ် Kovacic ဟာ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေပေမယ့် ရီးယဲလ်ကနေထွက်ခွာဖို့အတွက်ပြောဖို့က စောလွန်းသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ နာပိုလီကွင်းလယ်လူ ဇီလင်စကီး Zielinski ကိုခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။ ဇီလင်စကီးဟာ နာပိုလီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားနေသူပါ။

အင်တာမီလန် – အင်တာမီလန်အသင်းဟာ PSG ဂိုးသမား အာရီယိုလာ Areola ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Pogba

Pogba

မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ဟာသူ့ရဲ့ ပယ်နယ်တီကန်သွင်းတဲ့ပုံစံကို ပြောင်းလဲသွားမယ်လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့အတွက် မန်ယူနဲ့ ချယ်လ်ဆီးအသင်းတွေက အပြိုင်ဖြစ်နေကြပါတယ်။

PSG – PSG အသင်းက မာဆေးလ်အသင်းကို ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာပေ Mbappé ဟာ(၁)ဂိုးသွင်းယူပေးခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီရဲ့ ထိပ်တန်းလိဂ်(၅)ခုမှာ လိဂ်ဂိုး(၁၀)ဂိုးပြည့်ခဲ့တဲ့ ပထမဆုံးသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အက်သလက်တီကို ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်ဇ် Filipe Luis ကိုခေါ်ယူလိုနေပါတယ်။

အဲဗာတန် – အဲဗာတန်အသင်းနည်းပြ မာကိုဆေးဗားလ် Marco Silva ဟာကွင်းလယ်ဒိုင်က ပွဲကိုမန်ယူအသင်းအတွက် လွယ်ကူအောင် ပြုလုပ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Bleacher Report Football , Sportskeeda
Photo: BBC , Sporting News
Ko Kyue(Akhayar)
www.akhayar.com