[Zawgyi]

အသက္ ၃၅ ႏွစ္ေက်ာ္ရင္ ရင္ေသြးဆက္တုိက္ မယူပါနဲ႔တဲ႔

ကမာၻ႔ေပၚမွာ လူဦးေရေတြ တျဖည္းျဖည္း တုိးပြားလာတာနဲ႔အမွ် တိုးလာတဲ႔ လူဦးေရကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မၾကာေသးမီက အသက္(၃၅) ႏွစ္နဲ႔ အထက္ရွိတဲ႔ အမ်ဳိးသမီးေတြ သားသမီးတစ္ေယာက္ေလာက္ ရရွိထားၿပီဆိုရင္ ကေလးေနာက္တစ္ေယာက္ ခ်က္ခ်င္း ထပ္မံမယူဖုိ႔ တုိက္တြန္းမႈေတြ ရွိလာတာကို ေတြ႔ရပါတယ္။

ဒါ့အျပင္ မိခင္ေတြ ကေလးေမြးတဲ႔အခါ ေသမင္းနဲ႔ စစ္ခင္းရသလုိ ပင္ပန္းဆင္းရဲမႈေတြ ၾကံဳေတြ႔ရတာျဖစ္တဲ႔အတြက္ ကေလးတစ္ေယာက္ေမြးဖြားၿပီးရင္ တစ္ႏွစ္ေလာက္ ျပန္လည္အနားယူ အားသစ္ေမြးၿပီးမွ ရင္ေသြးေလး ထပ္မံယူတာက ပိုသင့္ေတာ္ပါတယ္လို႔ သုေတသနအသစ္ေတြအရ သိရပါတယ္။

Canadian နဲ႔ American သိပၸံပညာရွင္္ေတြ ေျပာၾကားခ်က္အရ ပထမကိုယ္ဝန္ေဆာင္ၿပီး ဆယ့္ႏွစ္လ (သို႔) ဆယ့္ရွစ္လၾကာၿပီးမွ ေနာက္ထပ္ ကိုယ္ဝန္ထပ္မံေဆာင္တာက ပိုမိုေကာင္းမြန္တယ္လို႔ ဆိုၾကပါတယ္။ (၃၅) ႏွစ္ေက်ာ္တဲ႔ အမ်ဳိးသမီးေတြအေနနဲ႔ ပထမကိုယ္ဝန္ေဆာင္ၿပီး ေျခာက္လအၾကားမွာ ကိုယ္ဝန္ထပ္မံေဆာင္ျခင္းက ကိုယ္ဝန္ေဆာင္ ၁,၀၀၀ မွာ ၁၂ ေယာက္ေလာက္က ေသဆံုးျခင္းေတြနဲ႔ ၾကံဳေတြ႔ႏုိင္သလို ျပင္းထန္တဲ႔ ေရာဂါေဝဒနာ ခံစားႏိုင္ရေျခရွိတာကို သုေတသီေတြ ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

(၃၅) ႏွစ္ေက်ာ္တဲ႔ အမ်ဳိးသမီးေတြကိုပဲ ပထမကိုယ္ဝန္ေဆာင္ၿပီး ဆယ္ရွစ္လေလာက္အၾကာမွာ ေနာက္ထပ္ ကိုယ္ဝန္ေဆာင္တာကို ၾကည့္ၿပီး ေလ့လာမႈေတြျပဳလုပ္တဲ႔အခါ အထက္မွာေဖာ္ျပထားတာေလာက္ အႏၱရာယ္နဲ႔ ႀကံဳေတြ႔ျခင္း သိပ္မရွိေတာ့တာကို ေတြ႔ရပါတယ္။

ကိုယ္ဝန္ယူဖို႔ အစီအစဥ္ ေသခ်ာမခ်ထားျခင္းနဲ႔ အခ်ိန္တိုအတြင္း ကေလးထပ္မံယူမိျခင္းေတြဟာ ငယ္ရြယ္တဲ႔ အမ်ဳိးသမီးေတြမွာ အမ်ားဆံုး အျဖစ္မ်ားေလ့ရွိတယ္ဆုိတာကို Boston ၿမိဳ႕ရွိ Harvard T.H Chan School of Public Health မွ Professor တစ္ဦးျဖစ္တဲ႔ Sonia Hernandez-Diaz က ေျပာၾကားခဲ႔တာ ျဖစ္ပါတယ္။

ဘယ္ႏွစ္ႏွစ္ၾကာရင္ ကေလးယူမယ္ဆိုၿပီး အစီအစဥ္ ေသခ်ာမခ်ထားမိလို႔ အခ်ိန္သိပ္မျခားဘဲ ကိုယ္ဝန္ေဆာင္ရတဲ႔အခါ လံုေလာက္တဲ႔ အနားယူမႈ မရွိထားျခင္း၊ မီးမဖြားမီ လုံေလာက္တဲ႔ ကိုယ္ဝန္ထိန္းသိမ္းေစာင့္ေရွာက္မႈ မရရွိျခင္း အစရွိတာေတြေၾကာင့္ ေသဆံုးမႈေတြနဲ႔ ျပင္းထန္တဲ႔ ေရာဂါေဝဒနာေတြ ခံစားရတာ ျဖစ္ပါတယ္။

သုေတသီေတြဟာ British Colombia ၊ Canada မွ ကိုယ္ဝန္ေဆာင္သည္ေပါင္း ၁၄၈,၅၄၄ ေယာက္ကို သုေတသနျပဳလုပ္တဲ႔အခါမွာ ေမြးဖြားမႈမွတ္တမ္းေတြ၊ ေဆးရုံတက္တဲ႔ အခ်က္အလက္ေတြ၊ လူဦးေရမွတ္တမ္းေတြေပၚ မူတည္ၿပီး သုေတသနေတြ ျပဳလုပ္ၾကပါတယ္။ ပထမကိုယ္ဝန္ေဆာင္ၿပီးေနာက္ ကေလးထပ္မံ ခ်က္ခ်င္းယူျခင္းက ေနာက္ပိုင္း ကိုယ္ဝန္ေဆာင္ျခင္းကို ထိခုိက္ေစႏိုင္တယ္လို႔ သုေတသီေတြ ရွာေဖြေတြ႔ရွိခဲ့တဲ႔ သုေတသနေတြအရ ဆိုပါတယ္။

ဒါ့အျပင္ အသက္ (၃၅) ႏွစ္အထက္ အမ်ဳိးသမီးေတြဟာ ပထမကေလးယူၿပီးေနာက္ တစ္ႏွစ္ေက်ာ္(သို႔) ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးမွ ယူတဲ႔အခါ အသက္ေဘးအႏၱရာယ္ကင္းရွင္းမႈဟာ တစ္ေယာက္ေမြးၿပီး ေနာက္တစ္ေယာက္ကို ခ်က္ခ်င္းယူတာထက္ ေဘးအႏၱရာယ္ကင္းရွင္းမႈ ပိုမ်ားတယ္ဆိုတဲ႔ သက္ေသအေထာက္အထားေတြ အမ်ားႀကီးရွိတယ္ဆိုတာကိုု British Columbia တကၠသိုလ္မွ Professor Wendy Norman က ေျပာၾကားထားတာေတြလည္း ရွိပါတယ္။

ဒါ့ေၾကာင့္မို႔ အေကာင္းဆံုးကေတာ့ ပထမကေလးယူၿပီးေနာက္ ခ်က္ခ်င္းႀကီး ကေလးထပ္ယူတာမ်ဳိး မျပဳလုပ္ဘဲ အနည္းဆံုးတစ္ႏွစ္ေလာက္ျခားၿပီးမွ ကေလးယူတာက အသက္ေဘးအႏၱရာယ္ကင္းေစၿပီး ပထမကေလးကုိလည္း အခ်ိန္ေပးၿပီး ေသခ်ာေလး ျပဳစုပ်ဳိးေထာင္လုိ႔ ရပါတယ္။ မိခင္ဘဝကုိ ခံယူရတယ္ဆုိတာ ေတာ္ရုံလြယ္ကူတဲ႔ ကိစၥမဟုတ္လို႔ အစီအစဥ္ေလး ေသခ်ာခ်ၿပီး ရင္ေသြးေလးေတြ ေမြးဖြားျခင္းက ေပ်ာ္ရႊင္တဲ႔ မိသားစုဘဝကို တည္ေထာင္ႏိုင္ဖို႔ လမ္းစေလးပဲျဖစ္လို႔ ေသခ်ာေလးစီမံကိန္းခ်ဖို႔ အၾကံျပဳခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အသက် ၃၅ နှစ်ကျော်ရင် ရင်သွေးဆက်တိုက် မယူပါနဲ့တဲ့

ကမ္ဘာ့ပေါ်မှာ လူဦးရေတွေ တဖြည်းဖြည်း တိုးပွားလာတာနဲ့အမျှ တိုးလာတဲ့ လူဦးရေကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာသေးမီက အသက်(၃၅) နှစ်နဲ့ အထက်ရှိတဲ့ အမျိုးသမီးတွေ သားသမီးတစ်ယောက်လောက် ရရှိထားပြီဆိုရင် ကလေးနောက်တစ်ယောက် ချက်ချင်း ထပ်မံမယူဖို့ တိုက်တွန်းမှုတွေ ရှိလာတာကို တွေ့ရပါတယ်။

ဒါ့အပြင် မိခင်တွေ ကလေးမွေးတဲ့အခါ သေမင်းနဲ့ စစ်ခင်းရသလို ပင်ပန်းဆင်းရဲမှုတွေ ကြုံတွေ့ရတာဖြစ်တဲ့အတွက် ကလေးတစ်ယောက်မွေးဖွားပြီးရင် တစ်နှစ်လောက် ပြန်လည်အနားယူ အားသစ်မွေးပြီးမှ ရင်သွေးလေး ထပ်မံယူတာက ပိုသင့်တော်ပါတယ်လို့ သုတေသနအသစ်တွေအရ သိရပါတယ်။

Canadian နဲ့ American သိပ္ပံပညာရှင်တွေ ပြောကြားချက်အရ ပထမကိုယ်ဝန်ဆောင်ပြီး ဆယ့်နှစ်လ (သို့) ဆယ့်ရှစ်လကြာပြီးမှ နောက်ထပ် ကိုယ်ဝန်ထပ်မံဆောင်တာက ပိုမိုကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ (၃၅) နှစ်ကျော်တဲ့ အမျိုးသမီးတွေအနေနဲ့ ပထမကိုယ်ဝန်ဆောင်ပြီး ခြောက်လအကြားမှာ ကိုယ်ဝန်ထပ်မံဆောင်ခြင်းက ကိုယ်ဝန်ဆောင် ၁,၀၀၀ မှာ ၁၂ ယောက်လောက်က သေဆုံးခြင်းတွေနဲ့ ကြုံတွေ့နိုင်သလို ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနိုင်ရခြေရှိတာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၃၅) နှစ်ကျော်တဲ့ အမျိုးသမီးတွေကိုပဲ ပထမကိုယ်ဝန်ဆောင်ပြီး ဆယ်ရှစ်လလောက်အကြာမှာ နောက်ထပ် ကိုယ်ဝန်ဆောင်တာကို ကြည့်ပြီး လေ့လာမှုတွေပြုလုပ်တဲ့အခါ အထက်မှာဖော်ပြထားတာလောက် အန္တရာယ်နဲ့ ကြုံတွေ့ခြင်း သိပ်မရှိတော့တာကို တွေ့ရပါတယ်။

ကိုယ်ဝန်ယူဖို့ အစီအစဉ် သေချာမချထားခြင်းနဲ့ အချိန်တိုအတွင်း ကလေးထပ်မံယူမိခြင်းတွေဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အများဆုံး အဖြစ်များလေ့ရှိတယ်ဆိုတာကို Boston မြို့ရှိ Harvard T.H Chan School of Public Health မှ Professor တစ်ဦးဖြစ်တဲ့ Sonia Hernandez-Diaz က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်နှစ်နှစ်ကြာရင် ကလေးယူမယ်ဆိုပြီး အစီအစဉ် သေချာမချထားမိလို့ အချိန်သိပ်မခြားဘဲ ကိုယ်ဝန်ဆောင်ရတဲ့အခါ လုံလောက်တဲ့ အနားယူမှု မရှိထားခြင်း၊ မီးမဖွားမီ လုံလောက်တဲ့ ကိုယ်ဝန်ထိန်းသိမ်းစောင့်ရှောက်မှု မရရှိခြင်း အစရှိတာတွေကြောင့် သေဆုံးမှုတွေနဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ခံစားရတာ ဖြစ်ပါတယ်။

သုတေသီတွေဟာ British Colombia ၊ Canada မှ ကိုယ်ဝန်ဆောင်သည်ပေါင်း ၁၄၈,၅၄၄ ယောက်ကို သုတေသနပြုလုပ်တဲ့အခါမှာ မွေးဖွားမှုမှတ်တမ်းတွေ၊ ဆေးရုံတက်တဲ့ အချက်အလက်တွေ၊ လူဦးရေမှတ်တမ်းတွေပေါ် မူတည်ပြီး သုတေသနတွေ ပြုလုပ်ကြပါတယ်။ ပထမကိုယ်ဝန်ဆောင်ပြီးနောက် ကလေးထပ်မံ ချက်ချင်းယူခြင်းက နောက်ပိုင်း ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ သုတေသနတွေအရ ဆိုပါတယ်။

ဒါ့အပြင် အသက် (၃၅) နှစ်အထက် အမျိုးသမီးတွေဟာ ပထမကလေးယူပြီးနောက် တစ်နှစ်ကျော်(သို့) နှစ်ပေါင်းများစွာ ကြာပြီးမှ ယူတဲ့အခါ အသက်ဘေးအန္တရာယ်ကင်းရှင်းမှုဟာ တစ်ယောက်မွေးပြီး နောက်တစ်ယောက်ကို ချက်ချင်းယူတာထက် ဘေးအန္တရာယ်ကင်းရှင်းမှု ပိုများတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ အများကြီးရှိတယ်ဆိုတာကို British Columbia တက္ကသိုလ်မှ Professor Wendy Norman က ပြောကြားထားတာတွေလည်း ရှိပါတယ်။

ဒါ့ကြောင့်မို့ အကောင်းဆုံးကတော့ ပထမကလေးယူပြီးနောက် ချက်ချင်းကြီး ကလေးထပ်ယူတာမျိုး မပြုလုပ်ဘဲ အနည်းဆုံးတစ်နှစ်လောက်ခြားပြီးမှ ကလေးယူတာက အသက်ဘေးအန္တရာယ်ကင်းစေပြီး ပထမကလေးကိုလည်း အချိန်ပေးပြီး သေချာလေး ပြုစုပျိုးထောင်လို့ ရပါတယ်။ မိခင်ဘဝကို ခံယူရတယ်ဆိုတာ တော်ရုံလွယ်ကူတဲ့ ကိစ္စမဟုတ်လို့ အစီအစဉ်လေး သေချာချပြီး ရင်သွေးလေးတွေ မွေးဖွားခြင်းက ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ထောင်နိုင်ဖို့ လမ်းစလေးပဲဖြစ်လို့ သေချာလေးစီမံကိန်းချဖို့ အကြံပြုချင်ပါတယ်။

H.H(Akhayar)

www.akhayar.com