[Zawgyi]

ခ်စ္ဖို႔ေကာင္းတဲ့ အနုပညာရွင္ေမေမမ်ားနဲ႔ သူတို႔ရဲ ႔ေပ်ာ္ရႊင္ ဖြယ္မိသားစုေတြ

ခ်စ္စရာေကာင္းတဲ့ ကေလးေလးေတြနဲ႔ အျမဲလိုလို လူမႈကြန္ရက္ေပၚမွာေတြ႔ရတတ္တဲ့ အနုပညာရွင္ ကေလးေမေမေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ သူတို႔ ေတြထဲကမွ တခ်ိဳ႕ကေတာ့ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္မႈ ေတြမရွိၾကေတာ့ေပမယ့္လည္း တခ်ိန္က ေအာင္ျမင္မႈကိုယ္စီရွိခဲ့ၾကတဲ့ မင္းသမီးေတြလည္း ျဖစ္ပါတယ္။

ခ်စ္သုေဝ

အျမႊာနွစ္ေယက္ရဲ ႔ေမေမခ်စ္သုေဝကေတာ့ ပရိသတ္ေတြနဲ႔ အရင္းနွီးဆံုးလို႔ ေျပာရမွာပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္ေန႕တစ္ေန႔ ေခတ္နဲ႔ သစ္ရဲ ႔ ပံုေလးေတြကို ၾကည့္ၿပီးေတာ့ အားက်ေနၾကတဲ့ အိမ္ေထာင္ရွင္ေတြရွိၾကသလို ကေလးခ်စ္တတ္သူေတြအတြက္ လည္း သူတို႕နွစ္ေယာက္ပံုေလးေတြက တကယ္ကိုၾကည့္ႏူးမႈအျပည့္အဝ ရရွိေစတဲ့ အတြက္ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ မေတြ႔ ရတဲ့ ရက္ဆိုတာမရွိသေလာက္ပါပဲ။

ေမေမခ်စ္သုေဝနဲ႔ေဖေဖလင္းလင္းတို႕ရဲ ႔ ခ်စ္ျခင္းေမတၱာေတ္နဲ႔ တစ္ေယာက္အေပၚကို တစ္ေယာက္ၾကင္နာမႈေတြ ကလည္း အားက်စရာေကာင္းလွပါတယ္။

သဥၨာႏြယ္ဝင္း

သရုပ္ေဆာင္သဥၨာႏြယ္ဝင္း ကေတာ့ကေလးေမြးၿပီးေနာက္အနုပညာအလုပ္ေတြ ကိုဆက္လက္လုပ္ေဆာင္ျခင္းမရွိေတာ့ေပမယ့္လည္း သားေလးကိုခ်စ္ၾကတဲ့ သူေတြအတြက္ေတာ့ သူမရဲ ႔ လူမႈကြန္ရက္ေပၚ ကေန သားသားရဲ ႔ ပံုေလးေတြကို တင္ေပးတတ္ပါတယ္။

သူကေတာ့ ကေလးေမြးၿပီး ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကို လုပ္ေဆာင္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။

မိုးယုစံ

မိုးယုစံရဲ႕ ပံုေတြကိုၿပီးခဲ့တဲ့ရက္ပိုင္းကေတာင္ လူမႈကြန္ရက္ေပၚမွာေတြ႔ခဲ့ပါေသးတယ္။ တစ္သားေမြးတစ္ေသြးလွ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အညီအလွေသြးၾကြယ္ေနတဲ့ မင္းသမီးမိုးယုစံ ကိုလည္း ကေလးေလးေမြးၿပီးေနာက္ ပရိသတ္က ပိုမိုခ်စ္ခင္ၾကပါတယ္။

အရင္က မိုးယုစံ ဆိုတဲ့ မင္းသမီးေလးတစ္ေယာက္တည္းကို ပရိသတ္ကခ်စ္ခင္ၾကေပမယ့္ အခုဆိုရင္ မိုးယုစံ ကိုေရာသူ႔ရဲ႕မိသားစု နဲ႕ သားသားေလးကိုပါ ပိုလို႔ခ်စ္လာၾကတာကိုေတြ႔ရပါတယ္။

အိျႏၵာေက်ာ္ဇင္

ကေလးနွစ္ေယာက္မိခင္လို႔ေတာင္မထင္ရတဲ့ အူဝဲ တို႕မိသားစု ကိုေတာ့ ပရိသတ္ကခ်စ္ခင္ၿပီးသားပါ။ အမ်ိဳးသားျဖစ္သူေရာ အမ်ိဳးသမီးျဖစ္သူေရာက အနုပညာရွင္ေတြျဖစ္ၾကတဲ့ အတြက္ သူတို႔ရဲ ႔ပရိသတ္ ကိုယ္စီကသူတို႔ကိုခ်စ္ၾကသလိုပဲ ကေလးေလးနွစ္ေယာက္ ကိုလည္း  ခ်စ္ခင္ၾကတာကိုေတြ႔ရပါတယ္။

 

တခါတေလလူမႈကြန္ရက္ေပၚမွာ သူတို႔ရဲ ႔ ခ်စ္စရာေကာင္းတဲ့ မိသားစုပံုေလးေတြဟာ ပရိသတ္ေတြရဲ ႔ အသည္းနွလံုးကို ဖမ္းစားနိုင္သလို အလုပ္ေတြမအားတဲ့ ၾကားကေန ကေလးေတြကို အခ်ိန္ေပးၿပီးအတူတူရွိေနေပးတာေတြကလည္း မိသားစုတိုင္းအတြက္ အတုယူစရာေကာင္းလွပါတယ္။

သက္မြန္ျမင့္

ေမေမသက္မြန္ျမင့္ ကေတာ့ ဒုတိယသမီးေလးေမြးၿပီးေနာက္မွာ ဝိတ္ခ်လိုက္တဲ့ အတြက္ အရမ္းကိုလွလာပါတယ္။ ခင္ပြန္းျဖစ္သူက အင္မတန္ခ်စ္ခင္တာကိုလည္း သူ႔ရဲ ႔လူမႈကြန္ရက္ေပၚမွပံုေတြကို ၾကည့္ၿပီးေတာ့ သိနိုင္ပါတယ္။

မိခင္နဲ႔ဖခင္ က တစ္ဦးကိုတစ္ဦး ကေလးေမြးၿပီးရင္ ပိုလို႔ေတာင္ခ်စ္ခ်စ္ခင္ခင္ေနသင့္တယ္ဆိုတာကို လည္း သရုပ္ေဆာင္သက္မြန္ျမင့္ တုိ႕ရဲ ႔ အိမ္ေထာင္ေရးကို ၾကည့္ၿပီး အတုယူေနထိုင္ရန္လိုအပ္ပါတယ္။

မယ္လိုဒီ

ေမေမ မယ္လိုဒီကေတာ့ လူမႈကြန္ရက္ေပၚမွာ သားသားေလးသိဒိၶစစ္ အေၾကာင္းေတြကို အျမဲတင္ေလ့ရွိတဲ့ အနုပညာရွင္ေမေမတစ္ေယာက္ပါ။ လက္ရွိအခ်ိန္အထိ အနုပညာလုပ္ငန္းေတြကိုလည္း လစ္ဟင္းမႈမရွိေအာင္လုပ္ေဆာင္နုိ္င္တဲ့ ေမေမျဖစ္သလို သားသားသိဒိၶစစ္နဲ႔ အတူတူေၾကာ္ျငာေတြကိုေတာင္ရိုက္ကူးေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။

သားေလးသိဒိၶစစ္ ကအခုဆိုရင္ မူႀကိဳေက်ာင္းေတာင္ တက္ေနၿပီျဖစ္ပါတယ္။

 

 

ေခ်ာရတနာ

ေမေမေခ်ာရတနာ ကေတာ့ အနုပညာလုပ္ငန္းေတြကို  မလုပ္္ေဆာင္ေတာ့ေပမယ့္လည္း တခါတရံမွာ သားေလးနဲ႔သမီးေလးပံုေတြကို လူမႈကြန္ရက္ေပၚတင္ေလ့ရွိပါတယ္ ။

သမီးေလးကို ေမြးထားတာဆိုရင္ သိပ္ေတာင္မၾကာေသးပါဘူး။ အနုပညာအလုပ္ေတြကိုမလုပ္ေတာ့ေပမယ့္လည္း သရုပ္ေဆာင္ေခ်ာရတနာကိုဆိုရင္ အခုခ်ိန္ထိပရိသတ္က ခ်စ္ခင္အားေပးေနတယ္ ဆိုတာကို သူမရဲ ႔ ကေလးပံုေလးေတြကို လူမႈကြန္ရက္ေပၚတင္တဲ့ အခါတိုင္းသိနိုင္ပါတယ္။

နႏၵာလိႈင္

သရုပ္ေဆာင္နႏၵာလိႈင္ ကေတာ့ အနုပညာလုပ္ငန္းေတြကို မလုပ္ေဆာင္ေတာ့ေပမယ့္လို႔ ပရိသတ္ရဲ ႔ ခ်စ္ခင္မႈေတြကိုယေန႔အခ်ိန္အထိရရွိ ေနတဲ့ မင္းသမီးတစ္လက္ပါ။ သမီးသံုးေယာက္အေၾကာင္းေတြကို အျမဲလိုလို လူမႈကြန္ရက္ေပၚမွာ တင္တတ္သလို သမီးေတြကို ဂရုစိုက္ၿပီး မိခင္တစ္ေယာက္ရဲ ႔ေမတၱာေတြကို အျပည့္အဝေပးနိုင္တဲ့ ပံုရိပ္ေတြကိုေတြ႕ျမင္ရတဲ့ အတြက္ အားက်စရာေကာင္းတဲ့ ခ်စ္ျခင္းတရားေတြကိုေလ့လာနိုင္ပါတယ္။

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုပံုရိပ္ေတြေၾကာင့္ မိသားစုကိုအေလးထားတတ္တဲ့ သူတိုင္းဟာဆိုရင္ ေမေမနႏၵာလိႈင္ရဲ ႔ လူမႈကြန္ရက္ကို See First ေတာင္လုပ္ထားၾကပါတယ္။ သူမကေတာ့ သမီးေတြကိုအရမ္းခ်စ္သလို မိခင္ျဖစ္သူကို သူမအေနနဲ႔ ခ်စ္ခင္ေလးစားေၾကာင္းလည္း အျမဲလိုလိုေဖာ္ျပတတ္ပါတယ္။

ရတနာခင္

မင္းသမီးရတနာခင္ ကေတာ့ သားေလးသံုးေယာက္ေမြးထားတာျဖစ္ပါတယ္။ အနုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ျခင္းမရွိေတာ့ေပမယ့္လည္းလူမႈကြန္ရက္စာမ်က္နွာေတြေပၚမွာေတာ့ မိသားစုနဲ႔ အတူအျမဲေပ်ာ္ရႊင္စြာေတြေနရတတ္တဲ့ ပံုေတြေၾကာင့္ ပရိသတ္ကအားက် ရတဲ့ မိသားစု ဘဝကို ပိုင္ဆုိင္ထားသူတစ္ဦးျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ သားေလးသံုးေယာက္ရဲ ႔မိခင္ျဖစ္ၿပီး ခင္ပြန္းျဖစ္သူကလည္း အရမ္းကို ခ်စ္ခင္လို႔ အိမ္ေထာင္က်ကံေကာင္းတဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

ကေလးေမေမအနုပညာရွင္ေတြ အမ်ားႀကီးရွိၾကေပမယ့္လည္း လတ္တေလာ လူမႈကြန္ရက္ေပၚမွာ ပရိသတ္စိတ္ဝင္စားမႈ ကို အထိုက္အေလ်ာက္ရရွိေနတဲ့ မိသားစုေတြကိုစုစည္းၿပီးေဖာ္ျပေပးခဲ့တာျဖစ္ပါတယ္။ မိသားစုဘဝကို ျမတ္နိုးတန္ဖိုးထားတဲ့သူတိုင္း သူတို႔ေတြရဲ ႔ အေကာင့္ေတြကို Follow ထားသင့္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Nandar Hlaing Facebook ၊Actress Melody Facebook Page ၊ Moe Yu San Facebook ၊ Thinzar Nwe Win Facebook ၊ Chit Thu Wai Facebook ၊ Eaindra Kyaw Zin Facebook Page ၊ Chaw Yadanar Facebook ၊ Yadanar Khin Facebook ၊ Thet Mon Myint Facebook Page

www.akhayar.com

[Unicode]

ချစ်ဖို့ကောင်းတဲ့ အနုပညာရှင်မေမေများနဲ့ သူတို့ရဲ့ပျော်ရွှင် ဖွယ်မိသားစုတွေ

ချစ်စရာကောင်းတဲ့ ကလေးလေးတွေနဲ့ အမြဲလိုလို လူမှုကွန်ရက်ပေါ်မှာတွေ့ရတတ်တဲ့ အနုပညာရှင် ကလေးမေမေတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့ တွေထဲကမှ တချို့ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်မှု တွေမရှိကြတော့ပေမယ့်လည်း တချိန်က အောင်မြင်မှုကိုယ်စီရှိခဲ့ကြတဲ့ မင်းသမီးတွေလည်း ဖြစ်ပါတယ်။

ချစ်သုဝေ

အမြွှာနှစ်ယေက်ရဲ့မေမေချစ်သုဝေကတော့ ပရိသတ်တွေနဲ့ အရင်းနှီးဆုံးလို့ ပြောရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့တစ်နေ့ ခေတ်နဲ့ သစ်ရဲ့ ပုံလေးတွေကို ကြည့်ပြီးတော့ အားကျနေကြတဲ့ အိမ်ထောင်ရှင်တွေရှိကြသလို ကလေးချစ်တတ်သူတွေအတွက် လည်း သူတို့နှစ်ယောက်ပုံလေးတွေက တကယ်ကိုကြည့်နူးမှုအပြည့်အဝ ရရှိစေတဲ့ အတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတွေ့ ရတဲ့ ရက်ဆိုတာမရှိသလောက်ပါပဲ။

မေမေချစ်သုဝေနဲ့ဖေဖေလင်းလင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတေ်နဲ့ တစ်ယောက်အပေါ်ကို တစ်ယောက်ကြင်နာမှုတွေ ကလည်း အားကျစရာကောင်းလှပါတယ်။

သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း ကတော့ကလေးမွေးပြီးနောက်အနုပညာအလုပ်တွေ ကိုဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ပေမယ့်လည်း သားလေးကိုချစ်ကြတဲ့ သူတွေအတွက်တော့ သူမရဲ့ လူမှုကွန်ရက်ပေါ် ကနေ သားသားရဲ့ ပုံလေးတွေကို တင်ပေးတတ်ပါတယ်။

သူကတော့ ကလေးမွေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

မိုးယုစံ

မိုးယုစံရဲ့ ပုံတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကတောင် လူမှုကွန်ရက်ပေါ်မှာတွေ့ခဲ့ပါသေးတယ်။ တစ်သားမွေးတစ်သွေးလှ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီအလှသွေးကြွယ်နေတဲ့ မင်းသမီးမိုးယုစံ ကိုလည်း ကလေးလေးမွေးပြီးနောက် ပရိသတ်က ပိုမိုချစ်ခင်ကြပါတယ်။

အရင်က မိုးယုစံ ဆိုတဲ့ မင်းသမီးလေးတစ်ယောက်တည်းကို ပရိသတ်ကချစ်ခင်ကြပေမယ့် အခုဆိုရင် မိုးယုစံ ကိုရောသူ့ရဲ့မိသားစု နဲ့ သားသားလေးကိုပါ ပိုလို့ချစ်လာကြတာကိုတွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်

ကလေးနှစ်ယောက်မိခင်လို့တောင်မထင်ရတဲ့ အူဝဲ တို့မိသားစု ကိုတော့ ပရိသတ်ကချစ်ခင်ပြီးသားပါ။ အမျိုးသားဖြစ်သူရော အမျိုးသမီးဖြစ်သူရောက အနုပညာရှင်တွေဖြစ်ကြတဲ့ အတွက် သူတို့ရဲ့ပရိသတ် ကိုယ်စီကသူတို့ကိုချစ်ကြသလိုပဲ ကလေးလေးနှစ်ယောက် ကိုလည်း ချစ်ခင်ကြတာကိုတွေ့ရပါတယ်။

 

တခါတလေလူမှုကွန်ရက်ပေါ်မှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုပုံလေးတွေဟာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်သလို အလုပ်တွေမအားတဲ့ ကြားကနေ ကလေးတွေကို အချိန်ပေးပြီးအတူတူရှိနေပေးတာတွေကလည်း မိသားစုတိုင်းအတွက် အတုယူစရာကောင်းလှပါတယ်။

သက်မွန်မြင့်

မေမေသက်မွန်မြင့် ကတော့ ဒုတိယသမီးလေးမွေးပြီးနောက်မှာ ဝိတ်ချလိုက်တဲ့ အတွက် အရမ်းကိုလှလာပါတယ်။ ခင်ပွန်းဖြစ်သူက အင်မတန်ချစ်ခင်တာကိုလည်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှပုံတွေကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။

မိခင်နဲ့ဖခင် က တစ်ဦးကိုတစ်ဦး ကလေးမွေးပြီးရင် ပိုလို့တောင်ချစ်ချစ်ခင်ခင်နေသင့်တယ်ဆိုတာကို လည်း သရုပ်ဆောင်သက်မွန်မြင့် တို့ရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး အတုယူနေထိုင်ရန်လိုအပ်ပါတယ်။

မယ်လိုဒီ

မေမေ မယ်လိုဒီကတော့ လူမှုကွန်ရက်ပေါ်မှာ သားသားလေးသိဒ္ဓိစစ် အကြောင်းတွေကို အမြဲတင်လေ့ရှိတဲ့ အနုပညာရှင်မေမေတစ်ယောက်ပါ။ လက်ရှိအချိန်အထိ အနုပညာလုပ်ငန်းတွေကိုလည်း လစ်ဟင်းမှုမရှိအောင်လုပ်ဆောင်နိုင်တဲ့ မေမေဖြစ်သလို သားသားသိဒ္ဓိစစ်နဲ့ အတူတူကြော်ငြာတွေကိုတောင်ရိုက်ကူးနေတာကိုလည်း တွေ့မြင်ရပါတယ်။

သားလေးသိဒ္ဓိစစ် ကအခုဆိုရင် မူကြိုကျောင်းတောင် တက်နေပြီဖြစ်ပါတယ်။

 

 

ချောရတနာ

မေမေချောရတနာ ကတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ဆောင်တော့ပေမယ့်လည်း တခါတရံမှာ သားလေးနဲ့သမီးလေးပုံတွေကို လူမှုကွန်ရက်ပေါ်တင်လေ့ရှိပါတယ် ။

သမီးလေးကို မွေးထားတာဆိုရင် သိပ်တောင်မကြာသေးပါဘူး။ အနုပညာအလုပ်တွေကိုမလုပ်တော့ပေမယ့်လည်း သရုပ်ဆောင်ချောရတနာကိုဆိုရင် အခုချိန်ထိပရိသတ်က ချစ်ခင်အားပေးနေတယ် ဆိုတာကို သူမရဲ့ ကလေးပုံလေးတွေကို လူမှုကွန်ရက်ပေါ်တင်တဲ့ အခါတိုင်းသိနိုင်ပါတယ်။

နန္ဒာလှိုင်

သရုပ်ဆောင်နန္ဒာလှိုင် ကတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ဆောင်တော့ပေမယ့်လို့ ပရိသတ်ရဲ့ ချစ်ခင်မှုတွေကိုယနေ့အချိန်အထိရရှိ နေတဲ့ မင်းသမီးတစ်လက်ပါ။ သမီးသုံးယောက်အကြောင်းတွေကို အမြဲလိုလို လူမှုကွန်ရက်ပေါ်မှာ တင်တတ်သလို သမီးတွေကို ဂရုစိုက်ပြီး မိခင်တစ်ယောက်ရဲ့မေတ္တာတွေကို အပြည့်အဝပေးနိုင်တဲ့ ပုံရိပ်တွေကိုတွေ့မြင်ရတဲ့ အတွက် အားကျစရာကောင်းတဲ့ ချစ်ခြင်းတရားတွေကိုလေ့လာနိုင်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်တွေကြောင့် မိသားစုကိုအလေးထားတတ်တဲ့ သူတိုင်းဟာဆိုရင် မေမေနန္ဒာလှိုင်ရဲ့ လူမှုကွန်ရက်ကို See First တောင်လုပ်ထားကြပါတယ်။ သူမကတော့ သမီးတွေကိုအရမ်းချစ်သလို မိခင်ဖြစ်သူကို သူမအနေနဲ့ ချစ်ခင်လေးစားကြောင်းလည်း အမြဲလိုလိုဖော်ပြတတ်ပါတယ်။

ရတနာခင်

မင်းသမီးရတနာခင် ကတော့ သားလေးသုံးယောက်မွေးထားတာဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ပေမယ့်လည်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ မိသားစုနဲ့ အတူအမြဲပျော်ရွှင်စွာတွေနေရတတ်တဲ့ ပုံတွေကြောင့် ပရိသတ်ကအားကျ ရတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သားလေးသုံးယောက်ရဲ့မိခင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း အရမ်းကို ချစ်ခင်လို့ အိမ်ထောင်ကျကံကောင်းတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

ကလေးမေမေအနုပညာရှင်တွေ အများကြီးရှိကြပေမယ့်လည်း လတ်တလော လူမှုကွန်ရက်ပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု ကို အထိုက်အလျောက်ရရှိနေတဲ့ မိသားစုတွေကိုစုစည်းပြီးဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ မိသားစုဘဝကို မြတ်နိုးတန်ဖိုးထားတဲ့သူတိုင်း သူတို့တွေရဲ့ အကောင့်တွေကို Follow ထားသင့်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Nandar Hlaing Facebook ၊Actress Melody Facebook Page ၊ Moe Yu San Facebook ၊ Thinzar Nwe Win Facebook ၊ Chit Thu Wai Facebook ၊ Eaindra Kyaw Zin Facebook Page ၊ Chaw Yadanar Facebook ၊ Yadanar Khin Facebook ၊ Thet Mon Myint Facebook Page

www.akhayar.com