[Zawgyi]

မိုဟာမက္ဆာလာကို စာခ်ဳပ္သက္တမ္းတုိးခဲ့တဲ့ လီဗာပူးလ္အသင္း

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးလ္အသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္ကစားျဖစ္တဲ့ ဆာလာ Salah ကို သက္တမ္းတိုး စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ (၅)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္အထိ လီဗာပူးလ္အသင္းမွာ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ရိုးမားအသင္းကေန လီဗာပူးလ္အသင္းကို ေပါင္ (၃၄)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဆာလာ Salah ဟာ အသင္းအတြက္ (၅၂)ပြဲကစား (၄၄)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အသင္းအေနနဲ႔ ဆာလာ Salah ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အေပၚ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp က ေက်နပ္မိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဆာလာ Salah ကို အသင္းမွာ ဆက္ထိန္းထားဖို႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ေပမယ့္ ကစားသမားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကို ထည့္သြင္းခ်ဳပ္ဆိုခဲ့ျခင္းမရွိပါဘူး။

Mohamed-Salah

Mohamed-Salah

စာခ်ဳပ္သစ္အရ ဆာလာ Salah ဟာ တစ္ပတ္လုပ္ခ (၂)သိန္းအထိ ရရွိမွာျဖစ္ၿပီး ကလပ္သမိုင္းတစ္ေလွ်ာက္ လုပ္ခလစာ အမ်ားဆံုးရရွိခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ စံခ်ိန္တင္ (၃၂)ဂိုးအထိ ဆာလာ Salah အေနနဲ႔ သြင္းယူေပးခဲ့ၿပီး ဂိုးသြင္းဘုရင္ဆုကို ရယူခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ျပသခဲ့တဲ့ ေျခစြမ္းေကာင္းေတြေၾကာင့္ ဆာလာ Salah ဟာ PFA တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကုိ ရရွိခဲ့သလို အားကစားကေလာင္ရွင္မ်ားအသင္းက ခ်ီျမွင့္တဲ့ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုေတြကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆာလာ Salah အေနနဲ႔ တစ္ဦးခ်င္း အေကာင္းဆံုး ကစားသမားဆုေတြကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး အသင္းကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရမယ့္ အဆင့္ (၄)ေနရာကို ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း (၁၀)စုႏွစ္ တစ္ခုၾကာေဝးကြာေနတဲ့ ဗိုလ္လုပြဲအဆင့္ကို ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ လုပ္ခလစာ အမ်ားဆံုးကစားသမားမ်ား

ဆန္းခ်က္ဇ္ (မန္ယူ) – ေပါင္ (၃၅၀,၀၀၀)
ဟယ္ရီကိန္း (စပါး) – ေပါင္ (၃၀၀,၀၀၀)
အိုေဇးလ္ (အာဆင္နယ္) – ေပါင္ (၃၀၀,၀၀၀)
ေပါ့ဘာ (မန္ယူ) – ေပါင္ (၂၉၀,၀၀၀)
ဒီဘရိုင္းနား (မန္စီးတီး) – ေပါင္ (၂၈၀,၀၀၀)
လူကာကူ (မန္ယူ) – ေပါင္ (၂၅၀,၀၀၀)
အဂြဲရိုး (မန္စီးတီး) – ေပါင္ (၂၂၀,၀၀၀)
ဆာလာ (လီဗာပူးလ္) – ေပါင္ (၂၀၀,၀၀၀)
ဒီဂီယာ (မန္ယူ) – ေပါင္ (၂၀၀,၀၀၀)
ဟာဇက္ (ခ်ယ္လ္ဆီး) – ေပါင္ (၃၀၀,၀၀၀)

REF:BBC Sports
Photo:IndependentQuartz
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မိုဟာမက်ဆာလာကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ လီဗာပူးလ်အသင်း

ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားဖြစ်တဲ့ ဆာလာ Salah ကို သက်တမ်းတိုး စာချုပ်,ချုပ်ဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ လီဗာပူးလ်အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၃၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာလာ Salah ဟာ အသင်းအတွက် (၅၂)ပွဲကစား (၄၄)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသင်းအနေနဲ့ ဆာလာ Salah ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က ကျေနပ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆာလာ Salah ကို အသင်းမှာ ဆက်ထိန်းထားဖို့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ကစားသမားရဲ့ စာချုပ်လျော်ကြေးကို ထည့်သွင်းချုပ်ဆိုခဲ့ခြင်းမရှိပါဘူး။

Mohamed-Salah

Mohamed-Salah

စာချုပ်သစ်အရ ဆာလာ Salah ဟာ တစ်ပတ်လုပ်ခ (၂)သိန်းအထိ ရရှိမှာဖြစ်ပြီး ကလပ်သမိုင်းတစ်လျှောက် လုပ်ခလစာ အများဆုံးရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တင် (၃၂)ဂိုးအထိ ဆာလာ Salah အနေနဲ့ သွင်းယူပေးခဲ့ပြီး ဂိုးသွင်းဘုရင်ဆုကို ရယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့် ဆာလာ Salah ဟာ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အားကစားကလောင်ရှင်များအသင်းက ချီမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာလာ Salah အနေနဲ့ တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့် (၄)နေရာကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၁၀)စုနှစ် တစ်ခုကြာဝေးကွာနေတဲ့ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ အများဆုံးကစားသမားများ

ဆန်းချက်ဇ် (မန်ယူ) – ပေါင် (၃၅၀,၀၀၀)
ဟယ်ရီကိန်း (စပါး) – ပေါင် (၃၀၀,၀၀၀)
အိုဇေးလ် (အာဆင်နယ်) – ပေါင် (၃၀၀,၀၀၀)
ပေါ့ဘာ (မန်ယူ) – ပေါင် (၂၉၀,၀၀၀)
ဒီဘရိုင်းနား (မန်စီးတီး) – ပေါင် (၂၈၀,၀၀၀)
လူကာကူ (မန်ယူ) – ပေါင် (၂၅၀,၀၀၀)
အဂွဲရိုး (မန်စီးတီး) – ပေါင် (၂၂၀,၀၀၀)
ဆာလာ (လီဗာပူးလ်) – ပေါင် (၂၀၀,၀၀၀)
ဒီဂီယာ (မန်ယူ) – ပေါင် (၂၀၀,၀၀၀)
ဟာဇက် (ချယ်လ်ဆီး) – ပေါင် (၂၀၀,၀၀၀)

REF:BBC Sports
Photo:IndependentQuartz
Aung Kyaw Wai (Akhayar)
www.akhayar.com