[Zawgyi]

ပရီးမီးယားလိဂ္ ဇာတ္လမ္းတြဲမွာ ဆာလာဟာ ေရႊမင္းသား

ေဟး ဆာလာ၊ ပရီးမီးယားလိဂ္ဟာ ဇာတ္လမ္းတြဲတစ္ခုျဖစ္တယ္ဆိုပါစို႔။ Season 2017-18 မွာ ခင္ဗ်ားဟာ ေရႊမင္းသားပဲ ဆာလာ။ မေန႔ညက ၀က္ဖို႔ဒ္နဲ႔ပြဲမွာ တစ္ေယာက္တည္းေလးဂိုးသြင္းလိုက္ျပန္တယ္။ ဂုဏ္ယူစရာအင္မတန္ေကာင္းတဲ့စြမ္းေဆာင္ရည္ဆုိေပမယ့္ ခင္ဗ်ားရဲ႕ ပရိသတ္က သိပ္ၿပီးအံ့ၾသေနမွာ မဟုတ္ဘူး။ သူတို႔က ခင္ဗ်ားတန္ဖိုးသိေနၿပီေလ ဆာလာ။ ပရိသတ္ေတြက အီဂ်စ္မက္ဆီဆိုၿပီး ခ်စ္စႏိုးနဲ႔ ေခၚေနတယ္ေလ။ ဒါကို ခင္ဗ်ား သေဘာက်ရဲ႕လား။

လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္က မက္ဆီဟာ ပါရမီရွင္ပါ။ မက္ဆီလိုကစားသမားမ်ဳိးဟာ ျမင္ေတြ႕ရခဲတယ္။ ဆာလာကိုယ္တုိင္လည္း မက္ဆီနဲ႔ သူ႕ကိုႏႈိင္းတာမ်ဳိး ႏွစ္သက္မွာမဟုတ္ဘူး။ ဆာလာဟာ စဥ္ဆက္မျပတ္တည္ေဆာက္ထားတဲ့ စြမ္းေဆာင္ရည္ပိုင္ရွင္လို႔ ကေလာ့ပ္က တံဆိပ္ကပ္ပါတယ္။ ဆာလာဟာ သူ႕ရဲ႕ပါရမီကို ဖန္တီးယူထားတာ။ ပရီးမီးယားလိဂ္ကို ဆာလာ ျပန္ေရာက္လာတာ ကိုးလပဲရွိေသးတယ္။ ဆာလာရဲ႕ ပထမအႀကိမ္ ပရီးမီးယားလိဂ္စြန္႔စားခန္းဟာ ပရိသတ္ေတြသိတဲ့အတုိင္းပဲ တြန္႕ေၾကလို႔၊ ခ်ယ္လ္ဆီးရဲ႕ ၂၀၁၅ ပရီးမီးယားလိဂ္ခ်န္ပီယံခရီးမွာ ဆာလာဟာ အသင္းသားတစ္ဦးအျဖစ္ ပါ၀င္ခဲ့ေပမယ့္ သိပ္ၿပီးဂုဏ္ယူစရာမဟုတ္ဘူး။ ခ်ယ္လ္ဆီးအတြက္ (၃)ပြဲပဲ ကစားခဲ့ရတာ၊ အငွားကစားသမားအျဖစ္သာ ခ်ယ္လ္ဆီးရဲ႕ အေ၀းကို လြင့္စင္သြားၿပီး အသံတိတ္ၾကယ္တစ္ပြင့္သာ။

ဒါေပမဲ့ ဆာလာဟာ ပရီးမီးယားလိဂ္ကို အ၀င္ျပန္ၾကမ္းခဲ့ပါတယ္။ ပုိက္ဆံမရွိလို႔ အႏွိမ္ခံဘ၀နဲ႔ ရြာကေနထြက္ခြာသြားရသူ ခပ္ႏြမ္းႏြမ္းခ်ာတိတ္တစ္ဦး ပညာျပည့္စံု၊ ေငြေၾကးျပည့္စံုၿပီး ရြာကို ျပန္ေရာက္လာသလိုပါပဲ။ ဆာလာဟာ အဲဒီလို ရဲရင့္ဂုဏ္တင့္စြာ ျပန္လည္ေမြးဖြားခဲ့ပါတယ္။ ၀က္ဖို႔ဒ္နဲ႔ပြဲမွာ ေလးဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ စံခ်ိန္မွတ္တမ္းေတြဟာ ဆာလာအနား ခိုနားခဲ့ျပန္တယ္။

လီဗာပူးလ္အတြက္ ပြဲဦးထြက္ရာသီမွာ ဂိုးအမ်ားဆံုးသြင္းယူႏုိင္သူအျဖစ္ (၃၆)ဂိုးနဲ႔ ရပ္တည္

၂၀၀၉-၁၀ ေဘာလံုးရာသီမွာ ဒေရာ့ဘာ (၂၉)ဂိုးသြင္းယူၿပီးေနာက္ ပရီးမီးယားလိဂ္ဂိုးအမ်ားဆံုးသြင္းယူတဲ့ အာဖရိကကစားသမားအျဖစ္ (၂၈)ဂိုးနဲ႔ ရပ္တည္

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပထမဆံုးဟက္ထရစ္သြင္းႏုိင္တဲ့ အီဂ်စ္ကစားသမား

၀က္ဖို႔ဒ္နဲ႔ပြဲမွာ ဂိုးကန္သြင္းခြင့္ ေလးႀကိမ္ကေန ဆာလာ ေလးဂိုးသြင္းယူႏုိင္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္ဧၿပီလအတြင္းမွာ အာဆင္နယ္တုိက္စစ္မွဴး အာရွာဗင္ ဂိုးကန္သြင္းမႈေလးႀကိမ္ကေန ေလးဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ပိုင္း ပထမဆံုးျဖစ္

ဆာလာဟာ ဒီလိုခမ္းနားခဲ့ပါတယ္။ ဒီပံုစံအတိုင္းဆို အနာဂတ္မွာ ဆက္ၿပီးခမ္းနားပါဦးမယ္။ တစ္ခ်ိန္တုန္းက ငွက္ျမန္ေလးလို႔ တင္စားခဲ့ရတဲ့ လီဗာပူးလ္တုိက္စစ္မွဴးေဟာင္း မုိက္ကယ္အို၀င္က “ ဂိုးသြင္းယူရတာဟာ ပြဲတစ္ပြဲရဲ႕ အခက္ခဲဆံုးအပိုင္းပါပဲ။ ဒါေပမဲ့ ဆာလာေၾကာင့္ ဒီအဆို ဟုတ္ေရာဟုတ္ရဲ႕လားလို႔ ကုိယ့္ကုိယ္ကုိယ္ျပန္ေမးမိတယ္” လို႔ ခ်ီးက်ဴးခဲ့တယ္။ ဟုတ္ပါတယ္။ ဆာလာဟာ ဂိုးေတြနဲ႔အတူ ေနသားက်ေနလိုက္တာ။ ခံစစ္ကစားသမားေတြအတြက္ အိပ္မက္ဆိုးေတြကို ဖန္တီးေပးေနလိုက္တာ၊ လီဗာပူးလ္ၿမိဳ႕အတြက္သာမကဘဲ ဆာလာဟာ ပရီးမီးယားလိဂ္ရဲ႕ ေရႊမင္းသားေလးပါပဲ။

ဥေရာပထိပ္တန္းလိဂ္ငါးခုတြင္ ဂိုးသြင္းအမ်ားဆုံုးကစားသမားမ်ား

ဆာလာ (လီဗာပူးလ္) ၃၆ ဂိုး

ဟာရီကိန္း (စပါး) ၃၅ ဂိုး

မက္ဆီ(ဘာစီလိုနာ) ၃၄ ဂိုး

အီမိုဘီလီ(လာဇီယို) ၃၄ ဂိုး

ကာဗာနီ(PSG) ၃၄ ဂိုး

(မတ္လ ၁၇ ရက္ ပြဲစဥ္မ်ားအၿပီးမွတ္တမ္းျဖစ္ပါတယ္)

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရီးမီးယားလိဂ် ဇာတ်လမ်းတွဲမှာ ဆာလာဟာ ရွှေမင်းသား

ဟေး ဆာလာ၊ ပရီးမီးယားလိဂ်ဟာ ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်ဆိုပါစို့။ Season 2017-18 မှာ ခင်ဗျားဟာ ရွှေမင်းသားပဲ ဆာလာ။ မနေ့ညက ဝက်ဖို့ဒ်နဲ့ပွဲမှာ တစ်ယောက်တည်းလေးဂိုးသွင်းလိုက်ပြန်တယ်။ ဂုဏ်ယူစရာအင်မတန်ကောင်းတဲ့စွမ်းဆောင်ရည်ဆိုပေမယ့် ခင်ဗျားရဲ့ ပရိသတ်က သိပ်ပြီးအံ့သြနေမှာ မဟုတ်ဘူး။ သူတို့က ခင်ဗျားတန်ဖိုးသိနေပြီလေ ဆာလာ။ ပရိသတ်တွေက အီဂျစ်မက်ဆီဆိုပြီး ချစ်စနိုးနဲ့ ခေါ်နေတယ်လေ။ ဒါကို ခင်ဗျား သဘောကျရဲ့လား။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မက်ဆီဟာ ပါရမီရှင်ပါ။ မက်ဆီလိုကစားသမားမျိုးဟာ မြင်တွေ့ရခဲတယ်။ ဆာလာကိုယ်တိုင်လည်း မက်ဆီနဲ့ သူ့ကိုနှိုင်းတာမျိုး နှစ်သက်မှာမဟုတ်ဘူး။ ဆာလာဟာ စဉ်ဆက်မပြတ်တည်ဆောက်ထားတဲ့ စွမ်းဆောင်ရည်ပိုင်ရှင်လို့ ကလော့ပ်က တံဆိပ်ကပ်ပါတယ်။ ဆာလာဟာ သူ့ရဲ့ပါရမီကို ဖန်တီးယူထားတာ။ ပရီးမီးယားလိဂ်ကို ဆာလာ ပြန်ရောက်လာတာ ကိုးလပဲရှိသေးတယ်။ ဆာလာရဲ့ ပထမအကြိမ် ပရီးမီးယားလိဂ်စွန့်စားခန်းဟာ ပရိသတ်တွေသိတဲ့အတိုင်းပဲ တွန့်ကြေလို့၊ ချယ်လ်ဆီးရဲ့ ၂၀၁၅ ပရီးမီးယားလိဂ်ချန်ပီယံခရီးမှာ ဆာလာဟာ အသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့ပေမယ့် သိပ်ပြီးဂုဏ်ယူစရာမဟုတ်ဘူး။ ချယ်လ်ဆီးအတွက် (၃)ပွဲပဲ ကစားခဲ့ရတာ၊ အငှားကစားသမားအဖြစ်သာ ချယ်လ်ဆီးရဲ့ အဝေးကို လွင့်စင်သွားပြီး အသံတိတ်ကြယ်တစ်ပွင့်သာ။

ဒါပေမဲ့ ဆာလာဟာ ပရီးမီးယားလိဂ်ကို အဝင်ပြန်ကြမ်းခဲ့ပါတယ်။ ပိုက်ဆံမရှိလို့ အနှိမ်ခံဘဝနဲ့ ရွာကနေထွက်ခွာသွားရသူ ခပ်နွမ်းနွမ်းချာတိတ်တစ်ဦး ပညာပြည့်စုံ၊ ငွေကြေးပြည့်စုံပြီး ရွာကို ပြန်ရောက်လာသလိုပါပဲ။ ဆာလာဟာ အဲဒီလို ရဲရင့်ဂုဏ်တင့်စွာ ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာ လေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စံချိန်မှတ်တမ်းတွေဟာ ဆာလာအနား ခိုနားခဲ့ပြန်တယ်။

လီဗာပူးလ်အတွက် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် (၃၆)ဂိုးနဲ့ ရပ်တည်

၂၀၀၉-၁၀ ဘောလုံးရာသီမှာ ဒရော့ဘာ (၂၉)ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူတဲ့ အာဖရိကကစားသမားအဖြစ် (၂၈)ဂိုးနဲ့ ရပ်တည်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးဟက်ထရစ်သွင်းနိုင်တဲ့ အီဂျစ်ကစားသမား

ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးကန်သွင်းခွင့် လေးကြိမ်ကနေ ဆာလာ လေးဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ဧပြီလအတွင်းမှာ အာဆင်နယ်တိုက်စစ်မှူး အာရှာဗင် ဂိုးကန်သွင်းမှုလေးကြိမ်ကနေ လေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးဖြစ်

ဆာလာဟာ ဒီလိုခမ်းနားခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆို အနာဂတ်မှာ ဆက်ပြီးခမ်းနားပါဦးမယ်။ တစ်ချိန်တုန်းက ငှက်မြန်လေးလို့ တင်စားခဲ့ရတဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က “ ဂိုးသွင်းယူရတာဟာ ပွဲတစ်ပွဲရဲ့ အခက်ခဲဆုံးအပိုင်းပါပဲ။ ဒါပေမဲ့ ဆာလာကြောင့် ဒီအဆို ဟုတ်ရောဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတယ်” လို့ ချီးကျူးခဲ့တယ်။ ဟုတ်ပါတယ်။ ဆာလာဟာ ဂိုးတွေနဲ့အတူ နေသားကျနေလိုက်တာ။ ခံစစ်ကစားသမားတွေအတွက် အိပ်မက်ဆိုးတွေကို ဖန်တီးပေးနေလိုက်တာ၊ လီဗာပူးလ်မြို့အတွက်သာမကဘဲ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေမင်းသားလေးပါပဲ။

ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ဂိုးသွင်းအများဆုံးကစားသမားများ

ဆာလာ (လီဗာပူးလ်) ၃၆ ဂိုး

ဟာရီကိန်း (စပါး) ၃၅ ဂိုး

မက်ဆီ(ဘာစီလိုနာ) ၃၄ ဂိုး

အီမိုဘီလီ(လာဇီယို) ၃၄ ဂိုး

ကာဗာနီ(PSG) ၃၄ ဂိုး

(မတ်လ ၁၇ ရက် ပွဲစဉ်များအပြီးမှတ်တမ်းဖြစ်ပါတယ်)

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။