This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥ႐ုေဂြးနဲ႔ပဲြမွာ ပါ၀င္ႏုိင္ဖုိ႔ ရာႏႈန္းျပည့္နီးပါးေသခ်ာေနတဲ့ အီဂ်စ္တုိက္စစ္ကစားသမား ဆာလာ Salah

ပခုံးဒဏ္ရာေၾကာင့္ ႀကံ့ခုိင္မႈျပည့္၀ဖုိ႔ ႐ုန္းကန္ခဲ့ရတဲ့ အီဂ်စ္တိုက္စစ္ကစားသမား ဆာလာ Salah ဟာ အခု ေသာၾကာေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန(၆း၃၀)မွာ ကစားမယ့္ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုပဲြစဥ္ ဥ႐ုေဂြးနဲ႔ပဲြမွာ ပါ၀င္ကစားဖုိ႔ ရာႏႈန္းျပည့္နီးပါးေသခ်ာေနၿပီလုိ႔ အီဂ်စ္အသင္းနည္းျပ ဟက္တာကူးပါး Hector Cuper က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဆာလာဟာ ၿပီးခဲ့တဲ့ေမလ(၂၆)ရက္က ရီးယဲလ္အသင္းနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ ၿပိဳင္ဘက္ေနာက္ခံလူ ရာမုိ႔စ္ Ramos နဲ႔ ထိခုိက္မိရာက ပခုံးဒဏ္ရာရရွိခဲ့တာပါ။

Salah-looked-in-good-spirits

Salah-looked-in-good-spirits

ဆာလာအေနနဲ႔ အဲဒီဒဏ္ရာေၾကာင့္ အီဂ်စ္အသင္းရဲ႕ ၂၀၁၈ ကမၻာ႔ဖလားအဖြင့္ပဲြကုိ လဲြေခ်ာ္မယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း အခုေတာ့ ႀကံ့ခုိင္မႈျပည့္၀လာၿပီျဖစ္တာေၾကာင့္ ဥ႐ုေဂြးနဲ႔ပြဲမွာ ပါ၀င္ကစားႏုိင္ေတာ့မွာျဖစ္ပါတယ္။ ပဲြႀကိဳသတင္းစာရွင္းလင္းပဲြမွာ အီဂ်စ္အသင္းနည္းျပ ဟက္တာကူးပါးက”ဥ႐ုေဂြးနဲ႔ပဲြမွာ ဆာလာ ပါ၀င္ကစားႏုိင္ဖုိ႔က ၁၀၀ ရာခုိင္ႏႈန္းနီးပါး ေသခ်ာတယ္လုိ႔ ကၽြန္ေတာ္ အာမခံပါတယ္။ သူဟာ ဒီၿပိဳင္ပဲြမွာ ဂုိးသြင္းအမ်ားဆုံးကစားသမားျဖစ္လာႏုိင္ၿပီး ၿပိဳင္ပဲြရဲ႕အေကာင္းဆုံးကစားသမားတစ္ဦးလည္း ျဖစ္လာႏုိင္ပါတယ္။ ဆာလာအေနနဲ႔ ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈရွိဖုိ႔ ကၽြန္ေတာ္တို႔ ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။ ဆရာ၀န္ကေတာ့ ဆာလာကုိ ကုိယ့္အေနအထားအေပၚ မူတည္ၿပီး ပါ၀င္ကစားသင့္၊ မကစားသင့္ ဆုံးျဖတ္ဖုိ႔ အႀကံျပဳထားပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ဆာလာကုိ ယုံၾကည္တယ္။ သူဟာ ေၾကာက္ရႊံ႕စိတ္၊ စုိးရိမ္စိတ္ လုံး၀မရွိပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။ အီဂ်စ္အသင္းဟာ အိမ္ရွင္႐ုရွား၊ ဥ႐ုေဂြး၊ ေဆာ္ဒီအာေရဗ်အသင္းတို႔နဲ႔ တစ္အုပ္တည္းက်ေရာက္ေနၿပီး မေန႔က အုပ္စုအဖြင့္ပဲြမွာ ႐ုရွားက ေဆာ္ဒီကုိ (၅)ဂုိးျပတ္ အႏုိင္ရခဲ့ပါတယ္။

REF:BBC
Photo:Vihebo,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရုဂွေးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ရာနှုန်းပြည့်နီးပါးသေချာနေတဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ Salah

ပခုံးဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်ခဲ့ရတဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ Salah ဟာ အခု သောကြာနေ့ မြန်မာစံတော်ချိန် ညနေ(၆း၃၀)မှာ ကစားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ဥရုဂွေးနဲ့ပွဲမှာ ပါဝင်ကစားဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပြီလို့ အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါး Hector Cuper က အတည်ပြုပြောကြားခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့မေလ(၂၆)ရက်က ရီးယဲလ်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်နောက်ခံလူ ရာမို့စ် Ramos နဲ့ ထိခိုက်မိရာက ပခုံးဒဏ်ရာရရှိခဲ့တာပါ။

Salah-looked-in-good-spirits

Salah-looked-in-good-spirits

ဆာလာအနေနဲ့ အဲဒီဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲချော်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း အခုတော့ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တာကြောင့် ဥရုဂွေးနဲ့ပွဲမှာ ပါဝင်ကစားနိုင်တော့မှာဖြစ်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါးက”ဥရုဂွေးနဲ့ပွဲမှာ ဆာလာ ပါဝင်ကစားနိုင်ဖို့က ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာတယ်လို့ ကျွန်တော် အာမခံပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာနိုင်ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားတစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ ဆာလာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ဆရာဝန်ကတော့ ဆာလာကို ကိုယ့်အနေအထားအပေါ် မူတည်ပြီး ပါဝင်ကစားသင့်၊ မကစားသင့် ဆုံးဖြတ်ဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ဆာလာကို ယုံကြည်တယ်။ သူဟာ ကြောက်ရွှံ့စိတ်၊ စိုးရိမ်စိတ် လုံးဝမရှိပါဘူး”လို့ ပြောကြားခဲ့တယ်။ အီဂျစ်အသင်းဟာ အိမ်ရှင်ရုရှား၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျအသင်းတို့နဲ့ တစ်အုပ်တည်းကျရောက်နေပြီး မနေ့က အုပ်စုအဖွင့်ပွဲမှာ ရုရှားက ဆော်ဒီကို (၅)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

REF:BBC
Photo:Vihebo,Twitter
Naing Linn(Akhayar)
www.akhayar.com