[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ခေးမေတွေလည်း လှနေတဲ့ခေတ်ပါလို့ပြောလိုက်တဲ့ မိုးယုစံ

ခေးမေပေမယ့် လှအောင်နေလို့ရပါသေးတယ်ဆိုပြီးတော့ မိုးယုစံက သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ဓါတ်ပုံတွေတင်ရင်းရေးသားခဲ့တာဖြစ်ပါတယ်။သူမတင်ခဲ့တဲ့ စာတွေကတော့ “ ခေးမေ ဆိုပေမဲ့ လှအောင်နေလို့ ရပါသေးတယ် ခုခေတ်က ခေးမေတွေလည်း လှနေတဲ့ခေတ် ဟုတ်လားခေးမေတို့ရေ…” ဆိုပြီးတော့ မိုးယုစံက မေးခွန်းထုတ်ထားပါသေးတယ်။

ကလေးတစ်ယောက်မွေးပြီးပေမယ့်လည်း တစ်သားမွေးတစ်သွေးလှဆိုသလိုပဲ မိုးယုစံဟာပိုလို့တောင်လှလာတယ်ဆိုတာကိုတော့ သူမရဲ့ဓါတ်ပုံတွေကသက်သေတစ်ခုပါပဲ။

ချစ်ဖို့လည်းကောင်းသလို အနုပညာအလုပ်တွေလုပ်တုန်းကလည်း ပရိသတ်ရဲ့အားပေးမှုကိုရရှိခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မိုးယုစံ ရဲ့ချစ်ဖို့ကောင်းတဲ့ ဓါတ်ပုံလေးတွေကိုလည်း ပရိသတ်ကြီးခံစားနိုင်အောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Moe Yu San Facebook

www.akhayar.com