[Zawgyi]

သားေလးနဲ႔ပတ္သက္ၿပီး မိခင္တစ္ေယာက္ရဲ႕ စိတ္ဆႏၵကိုေျပာျပလာတဲ့ မိုးယုစံ

သရုပ္ေဆာင္မိုးယုစံဟာ သူ႔ရဲ႕သားနဲ႔ပတ္သက္လို႔ မိခင္တစ္ေယာက္ရဲ႕စိတ္ဆႏၵအရ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ “သားေလးကရွစ္လရိွၿပီ။ အေမကိုလည္း အခုဆို စတတ္၊ ေနာက္တတ္ေနၿပီ။ အရင္က ကိုယ္တစ္ေယာက္တည္းဆိုေတာ့ ပ်င္းတယ္။ အခုေတာ့ မပ်င္းရေတာ့ဘူးေပါ့။ အခုဆို သားေလးေၾကာင့္ကိုယ့္ရဲ႕ဘ၀မွာ ပိုၿပီးေတာ့ ျပည့္စုံသြားတယ္။ ပိုၿပီးေတာ့ အဓိပၸာယ္ရိွလာတယ္” လို႔ ေျပာဆိုလာပါတယ္။

သားေလးက မိုးယုလိုပဲ အႏုပညာ၀ါသနာပါတဲဲ့ ပုံစံအျပဳအမူမ်ိဳးေတြေတြ ႔ေနရၿပီလားလို႔ ဆိုေတာ့ “သူဘာကို၀ါသနာပါတယ္ဆိုတာ အခုေတာ့ အရမ္းငယ္ေသးလို႔ မသိေသးဘူးေပါ့။ သူႀကီးလာရင္လည္း သူ၀ါသနာပါတာကိုပဲ မိုးယုက လုပ္ခိုင္းမွာပါ”လို႔လည္း ေျပာျပထားပါေသးတယ္။

သားေလးနဲ႔ပတ္သက္ၿပီး မိခင္တစ္ေယာက္ရဲ႕ ထားတဲ့ရည္မွန္းခ်က္က ဘယ္လိုျဖစ္ေစခ်င္တာလဲလို႔ ထပ္မံေမးၾကည့္ေတာ့ “မိဘတိုင္းကေတာ့ ကိုယ့္သားသမီးကို အေကာင္းဆုံးေတြပဲ ျဖစ္ေစခ်င္ၾကတာေလ။ မိုးယုလည္း သားအေပၚမွာ ဘာပဲျဖစ္ျဖစ္ အေကာင္းဆုံးျဖစ္ေစခ်င္တယ္။ တိုးတက္ေစခ်င္တယ္။ အခုေခတ္ မိခင္ေတာ္ေတာ္မ်ားမ်ားကလည္း မိုးယုလိုပဲျဖစ္ကုန္ပါၿပီ။ ကိုယ့္သားသမီးကို ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ေပးတာမ်ိဳးေပါ့။ မိဘေတြက ဒါလုပ္ရမယ္ဆိုေပမယ့္လို႔ ကေလးေတြကလည္း ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ သူတို႔လြတ္လပ္ခြင့္နဲ႔ သူတို႔လုပ္ၾကတယ္ဆိုေတာ့ မိဘေတြကလည္း လုပ္ခြင့္ေပးလိုက္ပါၿပီ။ အရင္တုန္းကေတာ့ မိဘေတြက သားသမီးကို ဘာလုပ္ရမယ္၊ ညာလုပ္ရမယ္ဆိုၿပီး ရိွတယ္ေလ။ မိုးယုကေတာ့ သားေလးကို ဘယ္အလုပ္ပဲေရြးေရြး ေအာင္ျမင္တဲ့လမ္းကို ေရာက္ေစခ်င္ပါတယ္”လို႔ ဆုိပါတယ္။

သားေလးတစ္ေယာက္ပိုင္ဆိုင္ထားၿပီဆိုေတာ့ ေနာက္ထပ္သားသမီးယူဖို႔ ရိွမရိွကိုလည္း “မိုးယု ေနာက္ထပ္ကေလးတစ္ေယာက္ေလာက္ ယူမယ္လို႔ စဥ္းစားထားပါတယ္။ သားေလးတစ္ေယာက္တည္းေနရေတာ့ အထီးက်န္ေနမွာစိုးလို႔ပါ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Photo Credit:Moe Yu San Facebook Page

www.akhayar.com

[Unicode]

သားလေးနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်ရဲ့ စိတ်ဆန္ဒကိုပြောပြလာတဲ့ မိုးယုစံ

သရုပ်ဆောင်မိုးယုစံဟာ သူ့ရဲ့သားနဲ့ပတ်သက်လို့ မိခင်တစ်ယောက်ရဲ့စိတ်ဆန္ဒအရ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ “သားလေးကရှစ်လရှိပြီ။ အမေကိုလည်း အခုဆို စတတ်၊ နောက်တတ်နေပြီ။ အရင်က ကိုယ်တစ်ယောက်တည်းဆိုတော့ ပျင်းတယ်။ အခုတော့ မပျင်းရတော့ဘူးပေါ့။ အခုဆို သားလေးကြောင့်ကိုယ့်ရဲ့ဘဝမှာ ပိုပြီးတော့ ပြည့်စုံသွားတယ်။ ပိုပြီးတော့ အဓိပ္ပာယ်ရှိလာတယ်” လို့ ပြောဆိုလာပါတယ်။

သားလေးက မိုးယုလိုပဲ အနုပညာဝါသနာပါတဲ့ ပုံစံအပြုအမူမျိုးတွေတွေ့နေရပြီလားလို့ ဆိုတော့ “သူဘာကိုဝါသနာပါတယ်ဆိုတာ အခုတော့ အရမ်းငယ်သေးလို့ မသိသေးဘူးပေါ့။ သူကြီးလာရင်လည်း သူဝါသနာပါတာကိုပဲ မိုးယုက လုပ်ခိုင်းမှာပါ”လို့လည်း ပြောပြထားပါသေးတယ်။

သားလေးနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်ရဲ့ ထားတဲ့ရည်မှန်းချက်က ဘယ်လိုဖြစ်စေချင်တာလဲလို့ ထပ်မံမေးကြည့်တော့ “မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်ကြတာလေ။ မိုးယုလည်း သားအပေါ်မှာ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်စေချင်တယ်။ တိုးတက်စေချင်တယ်။ အခုခေတ် မိခင်တော်တော်များများကလည်း မိုးယုလိုပဲဖြစ်ကုန်ပါပြီ။ ကိုယ့်သားသမီးကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးတာမျိုးပေါ့။ မိဘတွေက ဒါလုပ်ရမယ်ဆိုပေမယ့်လို့ ကလေးတွေကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့လွတ်လပ်ခွင့်နဲ့ သူတို့လုပ်ကြတယ်ဆိုတော့ မိဘတွေကလည်း လုပ်ခွင့်ပေးလိုက်ပါပြီ။ အရင်တုန်းကတော့ မိဘတွေက သားသမီးကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုပြီး ရှိတယ်လေ။ မိုးယုကတော့ သားလေးကို ဘယ်အလုပ်ပဲရွေးရွေး အောင်မြင်တဲ့လမ်းကို ရောက်စေချင်ပါတယ်”လို့ ဆိုပါတယ်။

သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီဆိုတော့ နောက်ထပ်သားသမီးယူဖို့ ရှိမရှိကိုလည်း “မိုးယု နောက်ထပ်ကလေးတစ်ယောက်လောက် ယူမယ်လို့ စဉ်းစားထားပါတယ်။ သားလေးတစ်ယောက်တည်းနေရတော့ အထီးကျန်နေမှာစိုးလို့ပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo Credit:Moe Yu San Facebook Page

www.akhayar.com