[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

တစ်နှစ်ပြည့်သွားတဲ့ သားလေးကို မေမေမိုးယုစံ ကဘာတွေ ဆုတောင်းပေး လိုက်တာလဲ

ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ဟာဆိုရင်တော့ မေမေမိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သားလေးကို မိခင်ဖြစ်သူက မွေးနေ့ဆုတောင်းလေးတောင်းထားပြီး သားသားရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်းသူမရဲ့လူမှုကွန်ရက်မှာ အခုလိုတင်ထားတာဖြစ်ပါတယ်။

“Happy birthday သားသားလေး တစ်နှစ်တောင်ပြည့်သွားပီး သားသားလေးတစ်နှစ်ပြည့်မွေးနေ့ကစပီး နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပီး ထူးချွန်ထက်မြတ် လိမ္မာ ရေးခြားရှိပီး ကျန်းမာသန်စွမ်းတဲ့ သားသားလေးဖြစ်ပါစေလို့ ချစ်ရတဲ့ မာမီ ဒယ်ဒီ ဖိုးဖိုး ဖွားဖွား ဘိုးဘိုး ဘွားဘွား ဦးဦးတို့က ဆုတောင်းပေးပါတယ်”။

ချစ်စရာကောင်းတဲ့ သားသားလေးလည်း နောင်နှစ်ပေါင်း ၁၂၀ တိုင်အောင် ချစ်ခင်ရတဲ့ မိသားစု နဲ့ပျော်ရွှင်ရပြီး သာယာတဲ့ ဘဝ လမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Photo Credit: Moe Yu San Facebook

ကြည်သာ (Akhayar)

www.akhayar.com