[Zawgyi]










ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကလေး ကျောင်းထားတာနဲ့ပတ်သက်ပြီး နားမလည်ဝေဖန်သူတချို့ ကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မိုးယုစံ

မိုးယုစံရဲ့ သားလေးဟာ အခုဆိုရင် ၈ လပြည့်ပြီးလို့ ၉လထဲ ကိုဝင်လာပါပြီ။ သူမရဲ့ သားလေး ကို ကျောင်းထားတာနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေကို အခုလိုရှင်းပြခဲ့တာဖြစ်ပါတယ်။

မိုးယုစံ နှင့်သူရဲ့ သားလေး

“ကလေး ကျောင်းထားတာနဲ့ပတ်သတ်ပီး နားမလည်ဝေဖန်သူတချို့တွေ့ရတော့ တခုတော့ပြောချင်ပါတယ် ကလေးငယ်သေးတာမှန်ပါတယ် ဒါပေမဲ့ခေတ်အရ ၆လထဲကထားလို့ရတဲ့ကျောင်းတွေပေါ်လာတာ လာထားကြတာလည်းတွေ့ရပါတယ် ဒီလိုထားလို့ မိဘက မထိန်းနိုင်လို့တို့ ထွင်တယ်လို့ ပိုက်ဆံပေါ်နေလားတို့ပေါ့ ဒီလိုကျောင်းက ကလေးနဲ့တူတူ မိဘပါတတ်ရတာပါ (ပိုတောင်ပင်ပန်းသေး)မိနစ်ပိုင်းပါပဲ ၈လအရွယ်ဆိုတာ သူတို့လေးတွေအရာရာကိုစူးစမ်းတတ်တဲ့အရွယ် ဒီအရွယ်မှာသူတို့ရဲ့အကြားအမြင်အထိအတွေ့ အားလုံးကိုသင်ကြားပေးရမှာပါ ဒီလိုသင်ကြားတဲ့အချိန် မေမေများရဲ့လိုအပ်ချက်တွေရှိတတ်ပါတယ်(ဥပမာ-မိုးယုဆို သားသားကို ကစားစရာတွေနဲ့ဆော့ခိုင်းတယ် flash card လေးတွေနဲ့ရင်းနှီးအောင် ရွက်ပြပေးတယ် သီချင်းလေးတွေဖွင့်ပေးတယ် မုန့်တို့ အရာဝထ္ထုပစ္စည်းလေးတွေကိုင်ခိုင်းတယ် ဒါလေးတွေတော့ကျောင်းမှာသင်ပေးပါတယ် သိပ်မကွာဘူးပေါ့နော်”

“အဲ့ထဲမှာမှ ဟော..ကိုယ်မသိတာလေးတွေသင်တာတွေ့ရတာက ခြေတောက်လေးတွေရဲ့အထိအတွေ့ ဂွမ်းလေးပေါ်မှာဆို နူးညံ့တာ မြက်ခင်းပေါ်မှာကျတော့ကြမ်းတာ သီချင်းလေးဖွင့်ပီး လက်လေးတွေလှုပ်ရှားခိုင်းတာဂငယ်တယ်ဆိုပေမဲ့ ခုထဲက သူတို့လေးတွေ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံမှု တယောက်နဲ့တယောက်sharingလုပ်ပေးမှု )ဒိလို ကိုယ်မသိတာတွေ လိုအပ်ချက်တွေမရှိအောင် ကျောင်းထားရတဲ့သဘောပါ ပိုက်ဆံပေါ်လို့ထားတယ်ပြောရအောင်လည်း ဘယ်သူမှပိုက်ဆံပေါ်နေတယ်ဆိုတာမရှိပါဘူး လိုနေကြတာချည်းပါပဲ ကိုယ့်လို၁ကျပ်တောင်တန်းဖိုးထားသူအတွက် ဘာမှအလကားအဖြစ်မခံပါဘူး”

“မိဘကမထိန်းနိုင်လို့ ဟုတ်လား တခါလောက်အိမ်လာကြည့်ကြပါလား ။ မိုးယုက sensitiveဖြစ်တဲ့သူဆိုတော့ ကလေးကိုလေ အိမ်မှာဆိုတောင် ကိုယ့်မျက်စိရှေ့မှာပဲထားတယ် ကလေးကို မွေးထဲက အထိန်းမထားပါဘူး ကိုယ်ပဲလုပ်ပေးတယ် အဖိုးတွေအဖွားတွေကူထိန်းပေးတယ် အိမ်မှာတောင် ကလေးကိုတစ်ယောက်ဆို အဲ့တယောက်ပဲထိန်းခိုင်းတာ ခုထိ ကလေးကို တစိမ်းချီရင် mask အုပ်ရပါတယ် တခြားဘယ်သူမှမလုပ်ခိုင်းဘူး ချီတာ ကိုင်တာတောင်မကြိုက်ပါဘူး”

ကလေးတွေကို တစ်ကျောင်းတည်းတူတူထားတဲ့ မိုးယု နဲ့ သဉ္ဇာနွယ်ဝင်း

“ကလေးမပြောနဲ့ သူ့ရဲ့ပစ္စည်းလေးတွေတောင် ကိုင်တာ အောက်ကျတာ ညစ်ပတ်တာ မကြိုက်ပါဘူး ထွင်ရအောင် ကိုယ်ထွင်နေတာလည်းမဟုတ် ခေးမေတွေလည်း သိရအောင် sharingလုပ်ပေးတာပါ ဒီလိုကျောင်းမှမဟုတ်ပါဘူး ကိုယ်တတ်နိုင်သလောက်ကျောင်းတွေထားရပါတယ် ကိုယ်တိုင်လည်းသင်တာလေးတွေသိရင်သင်ကြားပေးရပါတယ် မိုးယုတင်တာလေးတွေတွေ့လို့ လုပ်ပေးကြည့်ရင်လည်း အသိလေးတခုရရင်ပဲ ဝမ်းသာပါပီ ကိုယ့်ကလေးကို ကိုယ် ဂရုစိုက်လို့ လိုအပ်ချက်တွေမရှိအောင် ထားတာပေါ့ ကိုယ်တိုင်လည်းသင်ပေးတာပေါ့ သူတို့လေးတွေ ဖွံ့ဖြိုးအောင် နေထိုင် စားသောက်ကအစ အသေးစိတ်ဂရုစိုက်တတ်တဲ့သူပါ ကိုယ်တိုင်လုပ်မှကျေနပ် စိတ်ချရသူမို့လည်းအားလုံးကိုယ်တိုင်ပဲလုပ်ပါတယ် ဒါကို နားလည်မှပြောကြ ဝေဖန်ကြပါလို့ပဲပြောချင်ပါတယ် thanks” ဆိုပြီးတော့ အခုလိုရှင်းပြထားတာဖြစ်ပါတယ်။

Photo Credit: Kaung Theinka Moe Thu Facebook

ကြည်သာ (Akhayar)

www.akhayar.com