[Zawgyi]

FIFA The Best ဆုရဖုိ႔ ပရိသတ္ေတြၾကားမွာ ပုိမုိေရပန္းစားေနတဲ့ မုိဒရစ္ Modric

ရီးယဲလ္အသင္းရဲ႕ ခ႐ုိေအးရွား၀ါရင့္ကြင္းလယ္လူ မုိဒရစ္ Modric ဟာ FIFA The Best ဆု ဆြတ္ခူးႏုိင္လိမ့္မယ္ဆုိၿပီး ပရိသတ္အမ်ားစုက ထင္ေၾကးေပးေနၾကပါတယ္။ မုိဒရစ္ဟာ ၂၀၁၇-၁၈ ရာသီမွာ ရီးယဲလ္အသင္းနဲ႔အတူ ေျခစြမ္းျပကစားခဲ့သလုိ၊ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ခ႐ုိေအးရွားအသင္းကုိ သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားဗုိလ္လုပဲြေရာက္ေအာင္ စြမ္းေဆာင္ခဲ့သူပါ။ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ AS က FIFA The Best ဆုကုိ ဘယ္သူရသင့္လဲဆုိတာကုိ အြန္လုိင္းကေနတစ္ဆင့္ ပရိသတ္ေတြဆီက မဲဆႏၵေကာက္ခံခဲ့ၿပီး ပရိသတ္အမ်ားစုက မုိဒရစ္ကုိ မဲေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။

Modric-Wins-Champions-League-Trophy

Modric-Wins-Champions-League-Trophy

မုိဒရစ္ဟာ မဲအေရအတြက္ (၁၄၂၂၇)မဲရရွိခဲ့ၿပီး အဲဒီဆုအတြက္ ေရပန္းစားေနတဲ့ တျခားနာမည္ေက်ာ္ ကစားသမားေတြထက္ မဲအျပတ္အသတ္အသာရခဲ့တယ္။ ဒုတိယမဲအမ်ားဆုံးက လက္ရွိဂ်ဴဗင္တပ္စ္အသင္း ကစားသမားသစ္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ျဖစ္ၿပီး (၅၃၅၀)မဲ ရရွိခဲ့သလုိ၊ သူ႔ရဲ႕ ၿပိဳင္ဘက္ မက္ဆီ Messi က (၄၃၈၄)မဲနဲ႔ တတိယအမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းတိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ကေတာ့ (၃၈၉၄)မဲနဲ႔ စတုတၳအမ်ားဆုံးသာ ျဖစ္ခဲ့ရတယ္။ FIFA The Best ဆုေပးပဲြအခမ္းအနားကုိ လာမယ့္ စက္တင္ဘာ(၂၄)ရက္က်ရင္ လန္ဒန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ ဒီဆုကုိ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့အတုိင္း မုိဒရစ္ပဲ ရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရင္ခုန္သြားရမွာပါ . . .

REF:AS
Photo:AFP,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

FIFA The Best ဆုရဖို့ ပရိသတ်တွေကြားမှာ ပိုမိုရေပန်းစားနေတဲ့ မိုဒရစ် Modric

ရီးယဲလ်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ် Modric ဟာ FIFA The Best ဆု ဆွတ်ခူးနိုင်လိမ့်မယ်ဆိုပြီး ပရိသတ်အများစုက ထင်ကြေးပေးနေကြပါတယ်။ မိုဒရစ်ဟာ ၂၀၁၇-၁၈ ရာသီမှာ ရီးယဲလ်အသင်းနဲ့အတူ ခြေစွမ်းပြကစားခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ခဲ့သူပါ။ စပိန်နာမည်ကျော် အားကစားသတင်းစာ AS က FIFA The Best ဆုကို ဘယ်သူရသင့်လဲဆိုတာကို အွန်လိုင်းကနေတစ်ဆင့် ပရိသတ်တွေဆီက မဲဆန္ဒကောက်ခံခဲ့ပြီး ပရိသတ်အများစုက မိုဒရစ်ကို မဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

Modric-Wins-Champions-League-Trophy

Modric-Wins-Champions-League-Trophy

မိုဒရစ်ဟာ မဲအရေအတွက် (၁၄၂၂၇)မဲရရှိခဲ့ပြီး အဲဒီဆုအတွက် ရေပန်းစားနေတဲ့ တခြားနာမည်ကျော် ကစားသမားတွေထက် မဲအပြတ်အသတ်အသာရခဲ့တယ်။ ဒုတိယမဲအများဆုံးက လက်ရှိဂျူဗင်တပ်စ်အသင်း ကစားသမားသစ် စီရော်နယ်လ်ဒို Cristiano Ronaldo ဖြစ်ပြီး (၅၃၅၀)မဲ ရရှိခဲ့သလို၊ သူ့ရဲ့ ပြိုင်ဘက် မက်ဆီ Messi က (၄၃၈၄)မဲနဲ့ တတိယအများဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ကတော့ (၃၈၉၄)မဲနဲ့ စတုတ္ထအများဆုံးသာ ဖြစ်ခဲ့ရတယ်။ FIFA The Best ဆုပေးပွဲအခမ်းအနားကို လာမယ့် စက်တင်ဘာ(၂၄)ရက်ကျရင် လန်ဒန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် ဒီဆုကို ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း မိုဒရစ်ပဲ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရင်ခုန်သွားရမှာပါ . . .

REF:AS
Photo:AFP,Pinterest
Naing Linn(Akhayar)
www.akhayar.com