[Zawgyi]

အင္တာမီလန္နဲ႔ပတ္သက္တဲ႔ သတင္းေတြကို ျငင္းဆန္လိုက္တဲ႔ မိုဒရစ္ Modrić

အင္တာမီလန္နဲ႔ ပတ္သက္တဲ႔ သတင္းေတြကို ရီးယဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ Modrić ဟာ ျငင္းဆန္လိုက္ပါတယ္။ရီးယဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ Modrić ဟာ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲအျပီးမွာ အင္တာမီလန္အသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚခဲ႔သူပါ။ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ မိုဒရစ္ Modrić ရဲ႕ ခ႐ုိေအးရွားအသင္းဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဗုိလ္လုပဲြေရာက္ခဲ႔သလို မိုဒရစ္ Modrić ဟာလည္း ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲရဲ႕ Golden Ball ဆုကုိဆြတ္ခူးႏိုင္ခဲ႔ပါတယ္။

Modrić

Modrić

အင္တာမီလန္အသင္းမွာ မိုဒရစ္ Modrić ရဲ႕ ခ႐ုိေအးရွားအသင္းေဖာ္ေတြျဖစ္ၾကတဲ႔ ပါရီဆစ္ Perisic ၊ ဗာဆယ္လ္ကို Vrsaljko ၊ ဘ႐ုိဇိုဗစ္ Brozovic တို႔ရိွေနတာေၾကာင္႔လည္း အေျပာင္းအေရႊ႕သတင္းေတြ ကပိုမိုက်ယ္ျပန္႔ခဲ႔တာပါ။ မိုဒရစ္ Modrić ဟာ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ လုပ္ခလစာတိုးျမွင္႔ေပးျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္႔ ကမ္းလွမ္းမႈကို လက္ခံခဲ႔တယ္လို႔သတင္းေတြ ထြက္ေပၚခဲ႔ေပမယ္႔ တကယ္႔လက္ေတြ႕မွာေတာ႔ စာခ်ဳပ္သစ္ကိစၥကလည္း ျဖစ္ေပၚလာခဲ႔ျခင္းမရိွေသးပါဘူး။ ဒါေပမဲ႔ မိုဒရစ္ Modrić ဟာ အင္တာမီလန္နဲ႔ပတ္သက္တဲ႔ သတင္းေတြကို ျငင္းဆန္လိုက္ပါတယ္။ မိုဒရစ္ Modrić ဟာ သမိုင္းမွာအၾကီးမားဆံုး အဓိပၸါယ္မရိွတဲ႔ စကားေတြလို႔ေျပာၾကားခဲ႔တာပါ။ အသက္(၃၂)ႏွစ္အရြယ္ရိွျပီျဖစ္သူ မိုဒရစ္ Modrić ဟာ ရီးယဲလ္မက္ဒရစ္အသင္းမွာ ၂၀၁၂ ခုႏွစ္ထဲကပါ၀င္ ကစားခဲ႔သူျဖစ္ျပီး အသင္းနဲ႔အတူ ေအာင္ျမင္မႈမ်ားစြာရရိွထားပါတယ္။

မိုဒရစ္ Modrić ရဲ႕ ရီးယဲလ္မက္ဒရစ္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

La Liga: 2016–17
Copa del Rey: 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017
FIFA Club World Cup: 2014, 2016, 2017

Ref: Mirror
Photo: Notícias ao Minuto , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်တာမီလန်နဲ့ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ မိုဒရစ် Modrić

အင်တာမီလန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် Modrić ဟာ ငြင်းဆန်လိုက်ပါတယ်။ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် Modrić ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သူပါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိုဒရစ် Modrić ရဲ့ ခရိုအေးရှားအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲရောက်ခဲ့သလို မိုဒရစ် Modrić ဟာလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ Golden Ball ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

Modrić

Modrić

အင်တာမီလန်အသင်းမှာ မိုဒရစ် Modrić ရဲ့ ခရိုအေးရှားအသင်းဖော်တွေဖြစ်ကြတဲ့ ပါရီဆစ် Perisic ၊ ဗာဆယ်လ်ကို Vrsaljko ၊ ဘရိုဇိုဗစ် Brozovic တို့ရှိနေတာကြောင့်လည်း အပြောင်းအရွှေ့သတင်းတွေ ကပိုမိုကျယ်ပြန့်ခဲ့တာပါ။ မိုဒရစ် Modrić ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လုပ်ခလစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုမယ့် ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ စာချုပ်သစ်ကိစ္စကလည်း ဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ မိုဒရစ် Modrić ဟာ အင်တာမီလန်နဲ့ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ မိုဒရစ် Modrić ဟာ သမိုင်းမှာအကြီးမားဆုံး အဓိပ္ပါယ်မရှိတဲ့ စကားတွေလို့ပြောကြားခဲ့တာပါ။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ မိုဒရစ် Modrić ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၁၂ ခုနှစ်ထဲကပါဝင် ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိထားပါတယ်။

မိုဒရစ် Modrić ရဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ အောင်မြင်မှုများ

La Liga: 2016–17
Copa del Rey: 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017
FIFA Club World Cup: 2014, 2016, 2017

Ref: Mirror
Photo: Notícias ao Minuto , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com