[Zawgyi]

အခ်စ္ကို  ခ်စ္ရင္ခ်စ္တယ္ မုန္းရင္မုန္းတယ္ အတၱဆန္တတ္တယ္ဆိုတဲ့ ရတနာဗိုလ္

အႏုပညာပ်ိဳးခင္းရဲ႕ မင္းသမီးတစ္လက္ျဖစ္တဲ့ ‘ရတနာဗို’ကေတာ့ လတ္တေလာမွာ ဗီဒီယိုကားေတြႏွင့္ ရုပ္ရွင္ကားႀကီးေတြကိုရိုက္ကူးေနတယ္လို႔ သိရပါတယ္။ သူဟာအေနေအးတဲ့သူတစ္ေယာက္ပီပီ အခ်စ္ေရးမွာလည္း ေအးေဆးတည္ၿငိမ္လြန္းပါတယ္။ သူ႔ရဲ႕အခ်စ္ေရးႏွင့္ပတ္သက္ၿပီး ‘ရတနာဗို’ က “အခ်စ္ေရးက ပြင့္လင္းစြာ၀န္ခံရရင္ ခ်စ္သူရိွပါတယ္။ ဒါေပမဲ့ အရမ္းေစာေနေသးလို႔ ပရိသတ္ကို အမ်ားႀကီးေျပာမျပခ်င္ေသးပါဘူး။ ေနာက္ပိုင္းမွာ အတိုင္းအတာတစ္ခုေလာက္ထိ ေရာက္ၿပီဆိုရင္ေတာ့ ေျပာျပေပးမွာပါ။ ခ်စ္သူက ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ရိွတဲ့ခ်စ္သူလို႔ အခုထိေတာ့ ေျပာလို႔ရပါတယ္။

အခ်စ္ကို ဘယ္လိုနားလည္လက္ခံထားတယ္ဆိုတာကိုလည္း ‘ရတနာဗို’ က “ကိုယ့္အတြက္ အဆင္ေျပၿပီး ကိုယ့္အေပၚနားလည္ႏိုင္တဲ့သူဆိုရင္ေတာ့ ကိုယ္ခ်စ္မိၿပီဆိုရင္ေတာ့ ခ်စ္လိုက္တာပဲ။ မခ်စ္ေတာ့ရင္လည္း လွည့္ေတာင္မၾကည့္ေတာ့ဘူး။ ကိုယ့္စိတ္ထဲမွာ ခ်စ္မိၿပီဆိုခ်စ္လိုက္တယ္။ မခ်စ္ေတာ့ဘူးဆိုရင္ ေအးေဆးျပတ္သားတဲ့ ေသြးေအးတဲ့အထဲမွာပါတယ္။ ကဗ်ာဆန္တာေတြ ဘာေတြမရိွပါဘူး။ ခ်စ္ရင္ခ်စ္တယ္။ မုန္းရင္မုန္းလိုက္တာပဲ။ အတၱဆန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဘ၀မွာ အခ်စ္ထက္ အေရးႀကီးတာေတြ အမ်ားႀကီးရိွပါတယ္။ အဲဒီအတြက္ ကိုယ့္ကို ေပ်ာ္ရႊင္မႈေပးႏိုင္ရင္ ဆက္ၿပီးခ်စ္ေနမယ္။ ကိုယ့္အတြက္စိတ္ညစ္စရာ၊ စိတ္ရႈပ္စရာေတြေပးလာၿပီဆိုရင္ေတာ့ မရရေအာင္ရုန္းထြက္ျဖစ္မယ္” လို႔ ဆိုပါတယ္။

www.akhayar.com

[Uniocde]

အချစ်ကို  ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် အတ္တဆန်တတ်တယ်ဆိုတဲ့ ရတနာဗိုလ်

အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ‘ရတနာဗို’ကတော့ လတ်တလောမှာ ဗီဒီယိုကားတွေနှင့် ရုပ်ရှင်ကားကြီးတွေကိုရိုက်ကူးနေတယ်လို့ သိရပါတယ်။ သူဟာအနေအေးတဲ့သူတစ်ယောက်ပီပီ အချစ်ရေးမှာလည်း အေးဆေးတည်ငြိမ်လွန်းပါတယ်။ သူ့ရဲ့အချစ်ရေးနှင့်ပတ်သက်ပြီး ‘ရတနာဗို’ က “အချစ်ရေးက ပွင့်လင်းစွာဝန်ခံရရင် ချစ်သူရှိပါတယ်။ ဒါပေမဲ့ အရမ်းစောနေသေးလို့ ပရိသတ်ကို အများကြီးပြောမပြချင်သေးပါဘူး။ နောက်ပိုင်းမှာ အတိုင်းအတာတစ်ခုလောက်ထိ ရောက်ပြီဆိုရင်တော့ ပြောပြပေးမှာပါ။ ချစ်သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိတဲ့ချစ်သူလို့ အခုထိတော့ ပြောလို့ရပါတယ်။

အချစ်ကို ဘယ်လိုနားလည်လက်ခံထားတယ်ဆိုတာကိုလည်း ‘ရတနာဗို’ က “ကိုယ့်အတွက် အဆင်ပြေပြီး ကိုယ့်အပေါ်နားလည်နိုင်တဲ့သူဆိုရင်တော့ ကိုယ်ချစ်မိပြီဆိုရင်တော့ ချစ်လိုက်တာပဲ။ မချစ်တော့ရင်လည်း လှည့်တောင်မကြည့်တော့ဘူး။ ကိုယ့်စိတ်ထဲမှာ ချစ်မိပြီဆိုချစ်လိုက်တယ်။ မချစ်တော့ဘူးဆိုရင် အေးဆေးပြတ်သားတဲ့ သွေးအေးတဲ့အထဲမှာပါတယ်။ ကဗျာဆန်တာတွေ ဘာတွေမရှိပါဘူး။ ချစ်ရင်ချစ်တယ်။ မုန်းရင်မုန်းလိုက်တာပဲ။ အတ္တဆန်တယ်လို့ ပြောလို့ရပါတယ်။ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိပါတယ်။ အဲဒီအတွက် ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်ရင် ဆက်ပြီးချစ်နေမယ်။ ကိုယ့်အတွက်စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေပေးလာပြီဆိုရင်တော့ မရရအောင်ရုန်းထွက်ဖြစ်မယ်” လို့ ဆိုပါတယ်။

www.akhayar.com