[Zawgyi]

ေခြးေလးေတြကိုခ်စ္တဲ့ သမီးရဲ႕စကားေၾကာင့္အံံ့အားသင့္ခဲ့တယ္ဆိုတဲ့ သႏၱာလိႈင္

ေမာ္ဒယ္သႏၱာလိႈင္ရဲ ႔သမီးေလး Zakera ဟာ အခုဆိုရင္ အသက္၁၅ နွစ္ရွိလုိ႔ေနပါၿပီ။ မိခင္လိုပဲ အင္မတန္ကို သြက္သြက္လက္လက္နဲ႔ ခ်စ္စရာေကာင္းသူတစ္ဦးျဖစ္ပါတယ္။ သူမဟာ အသက္အရြယ္ေလးနဲ႔မွမလိုက္ေအာင္ စာနာသနားတတ္တဲ့ စိတ္ေလးရွိတာကိုလည္း သူမရဲ ႔မိခင္ျဖစ္သူ သႏၱာလိႈင္က သူမရဲ ႔လူမႈကြန္ရက္ေပၚမွာ အခုလိုေဖာ္ျပထားတာကို ေတြ႔ရပါတယ္။

“ခုရက္ပို္ုင္းထဲ ကၽြန္မနဲ႔ Zakera ေလး မိုးလင္းၿပီဆို ဆံုေနၾက ေနရာေလးရွိတယ္ … အဲ့ဒါက Bebel နဲ႔ ေခြးေပါက္ေလးေတြရဲ႕ အိပ္ယာမွာပါ့။ မနက္မိုးလင္းၿပီဆို သူနဲ႔ အတူတူူ ေခြးေပါက္ေလးေတြကို သန္႔ရွင္းေရးလုပ္ေပးျဖစ္တယ္။ တညလံုး သူတို႔ေလးေတြ ႏို႔စို႔လိုက္ အိပ္လိုက္ အီးပါလိုက္နဲ႔ဆိုေတာ့ မနက္ဆို သန္႔ရွင္းေလးေရး ျပန္လုပ္ေပးမွ ….ေခြးေပါက္ေလးေတြက ငါးေကာင္ေတာင္ဆိုေတာ့ Zakera ေလးပါ ဝိုင္းလုပ္ေပးေတာ့ အဆင္ေျပတာေပါ့”

“ဒီမနက္မွ Zakera ေလးက သန္႔ရွင္းေရးလုပ္ေနတုန္း ထူးထူးျခားျခား ထေမးတယ္။ ဒီအေကာင္ေလးေတြကို အေမက ျပန္ေရာင္းမွာလားတဲ့ … ကၽြန္မကိုယ္တိုင္ ဒီေပါက္စေကြးေလးေတြကို အခ်စ္ပိုေနတာ သိေနရက္သားနဲ႔ ေမးေတာ့ ဘာျဖစ္လို႔လဲ လို႔ ျပန္ေမးၾကည့္တာေပါ့ … အဲ့ဒီမွာ သူျပန္ေျပာတဲ့စကား ၾကားလိုက္မွ ကၽြန္မမွာ မ်က္လံုးအဝိုင္းသားေလးကို ျဖစ္ေရာ။ အဲ့ဒါနဲ႔ပဲ သူေျပာတာေလးေတြကို ေနာက္တခါျပန္ေျပာခိုင္းၿပီး လိုက္မွတ္ရေတာ့တာေပါ့။ Zakera ေျပာျပတာက …”

“သူကေတာ့ တိရစၧာန္ေတြရဲ႕ အခြင့္အေရးဆိုတာကို အျပည့္အဝ ယံုၾကည္အေလးထားတယ္။ ဒါေပမယ့္ သူတို႔ေလးေတြက အၿမဲအႏွိမ္ခံရတယ္။ တိရစၧာန္ဆိုတာ အၿမဲေလွာင္အိမ္ထဲမွာ ထားရတဲ့ သတၱဝါေတြလို႔ လူေတြက ေတြးၾကတယ္။ သူတို႔ေလးေတြမွာလဲ လြတ္လပ္မႈ ဆိုတာအျပည့္အဝ မရွိဘူးတဲ့”

“ဟိုးငယ္ငယ္ေလးထဲက သူတို႔ေလးေတြကို လိုအပ္သလို ကူညီေပးခ်င္စိတ္၊ ၾကင္နာယုယစြာ ျပဳစုေပးခ်င္တဲ့ စိတ္ေလး သူ႔မွာရွိတယ္။ သိတတ္စအရြယ္ထဲက အေမက တိရစၧာန္ေလးေတြ ေမြးေပးထားေတာ့ သူတို႔ေလးေတြနဲ႔ ရင္းရင္းႏွီးႏီွိး ႀကီးျပင္းခဲ့ရေတာ့ ခ်စ္ခင္တြယ္တာတတ္တာ မထူးဆန္းပါဘူး။”


“တခ်ိဳ႕လူေတြက သူတို႔ကို ဆဲဆို႐ိုက္ႏွက္တာ၊ ျဖစ္သလို ပစ္ထားတာေလးေတြ ျမင္ရင္ စိတ္ဆိုး ေဒါသထြက္ရတယ္။ သူတို႔ေလးေတြမွာ အကူအညီမဲ့ျပီး သူတို႔ကိုယ္ကို မကာကြယ္ႏိုင္ၾကေတာ့ဘူး။ သူတို႔ေလးေတြကို လူသံုးကုန္ ပစၥည္းအတြက္ စမ္းသပ္အသံုးခ်တာေတြ၊ လူေတြ ေဖ်ာ္ေျဖေရးအတြက္ ဟာသေတြလို အပ်င္းေျပေအာင္ ေပ်ာ္ေအာင္ေဖ်ာ္ေျဖခိုင္းတာေတြ၊ သူတို႔ အေရခြံ သားေရေတြနဲ႔ အထည္ခ်ဳပ္ေနၾကတာေတြ၊ သူတို႔အေပၚ မတရားလုပ္ေနၾကတဲ့ သူေတြဘယ္သူ႔ကိုမဆို၊ ဘယ္အရာကိုမဆို ေထာက္ခံအားမေပးဘူး။ ေနာင္တခ်ိန္မွာ တိရစၧာန္ ဆရာဝန္ ျဖစ္ဖို႔ အရမ္းကို ႀကိဳးစားလုပ္ေဆာင္ေနတာက သူတို႔ေလးေတြ ထိုက္တန္တဲ့ ခ်စ္ခင္မႈေတြ၊ ၾကင္နာသနားၿပီး တန္ဖိုးထားမႈေတြကို လူအမ်ားဆီကေန ရေအာင္လို႔ပါ။ သူတို႔ေလးေတြက လူမဟုတ္ေပမယ့္လည္း လူေတြလိုပဲ ရသင့္ရထိုက္တဲ့ အခြင့္အေရးေလးေတြ အျပည့္အဝ ရွိသင့္တယ္တဲ့ေလ”။

“၁၅ ႏွစ္ပဲ ရွိေသးတဲ့ အပ်ိဳေပါက္ေလးရဲ႕ အေတြးအေခၚကို ကၽြန္မမွာ လက္ျဖားခါမိသြားတယ္။ လူတိုင္းက သူ႔လိုစိတ္မထားႏိုင္သလို ေတြးလဲ မေတြးမိၾကဘူးေလ။ ဟိုတေလာက နယ္ဖက္မွာ ေခြးေလးေတြကို လိုက္သတ္ၿပီး ေစ်းထဲမွာ လိမ္ေရာင္းေနတယ္လို႔မ်ား ေျပာျပလိုက္ရင္ သမီး ဘယ္ေလာက္ေတာင္ စိတ္ဆိုးမလဲ မသိဘူး။ ေခြးေလးေတြက တကယ္ေတာ့ လူေတြအတြက္ အေကာင္း ဆံုးေသာ အေဖာ္ပါပဲ ဆိုတာ ဒီကေနပဲ သူ႔အတြက္ ေျပာျပေပးခ်င္ပါတယ္ေနာ္” ဆိုၿပီးေတာ့ ေမာ္ဒယ္သႏၱာလိႈင္ကသူ႕သမီးေလးဟာ ေခြးေလးေတြကိုဘယ္ေလာက္ေတာင္ခ်စ္တယ္ဆိုတာကို ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Thandar Hlaing Facebook Page(P. M. Zaw)

www.akhayar.com
[Unicode]

ခွေးလေးတွေကိုချစ်တဲ့ သမီးရဲ့စကားကြောင့်အံံ့အားသင့်ခဲ့တယ်ဆိုတဲ့ သန္တာလှိုင်

မော်ဒယ်သန္တာလှိုင်ရဲ့သမီးလေး Zakera ဟာ အခုဆိုရင် အသက်၁၅ နှစ်ရှိလို့နေပါပြီ။ မိခင်လိုပဲ အင်မတန်ကို သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်လေးနဲ့မှမလိုက်အောင် စာနာသနားတတ်တဲ့ စိတ်လေးရှိတာကိုလည်း သူမရဲ့မိခင်ဖြစ်သူ သန္တာလှိုင်က သူမရဲ့လူမှုကွန်ရက်ပေါ်မှာ အခုလိုဖော်ပြထားတာကို တွေ့ရပါတယ်။

“ခုရက်ပိုုင်းထဲ ကျွန်မနဲ့ Zakera လေး မိုးလင်းပြီဆို ဆုံနေကြ နေရာလေးရှိတယ် … အဲ့ဒါက Bebel နဲ့ ခွေးပေါက်လေးတွေရဲ့ အိပ်ယာမှာပါ့။ မနက်မိုးလင်းပြီဆို သူနဲ့ အတူတူူ ခွေးပေါက်လေးတွေကို သန့်ရှင်းရေးလုပ်ပေးဖြစ်တယ်။ တညလုံး သူတို့လေးတွေ နို့စို့လိုက် အိပ်လိုက် အီးပါလိုက်နဲ့ဆိုတော့ မနက်ဆို သန့်ရှင်းလေးရေး ပြန်လုပ်ပေးမှ ….ခွေးပေါက်လေးတွေက ငါးကောင်တောင်ဆိုတော့ Zakera လေးပါ ဝိုင်းလုပ်ပေးတော့ အဆင်ပြေတာပေါ့”

“ဒီမနက်မှ Zakera လေးက သန့်ရှင်းရေးလုပ်နေတုန်း ထူးထူးခြားခြား ထမေးတယ်။ ဒီအကောင်လေးတွေကို အမေက ပြန်ရောင်းမှာလားတဲ့ … ကျွန်မကိုယ်တိုင် ဒီပေါက်စကွေးလေးတွေကို အချစ်ပိုနေတာ သိနေရက်သားနဲ့ မေးတော့ ဘာဖြစ်လို့လဲ လို့ ပြန်မေးကြည့်တာပေါ့ … အဲ့ဒီမှာ သူပြန်ပြောတဲ့စကား ကြားလိုက်မှ ကျွန်မမှာ မျက်လုံးအဝိုင်းသားလေးကို ဖြစ်ရော။ အဲ့ဒါနဲ့ပဲ သူပြောတာလေးတွေကို နောက်တခါပြန်ပြောခိုင်းပြီး လိုက်မှတ်ရတော့တာပေါ့။ Zakera ပြောပြတာက …”

“သူကတော့ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးဆိုတာကို အပြည့်အဝ ယုံကြည်အလေးထားတယ်။ ဒါပေမယ့် သူတို့လေးတွေက အမြဲအနှိမ်ခံရတယ်။ တိရစ္ဆာန်ဆိုတာ အမြဲလှောင်အိမ်ထဲမှာ ထားရတဲ့ သတ္တဝါတွေလို့ လူတွေက တွေးကြတယ်။ သူတို့လေးတွေမှာလဲ လွတ်လပ်မှု ဆိုတာအပြည့်အဝ မရှိဘူးတဲ့”

“ဟိုးငယ်ငယ်လေးထဲက သူတို့လေးတွေကို လိုအပ်သလို ကူညီပေးချင်စိတ်၊ ကြင်နာယုယစွာ ပြုစုပေးချင်တဲ့ စိတ်လေး သူ့မှာရှိတယ်။ သိတတ်စအရွယ်ထဲက အမေက တိရစ္ဆာန်လေးတွေ မွေးပေးထားတော့ သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီး ကြီးပြင်းခဲ့ရတော့ ချစ်ခင်တွယ်တာတတ်တာ မထူးဆန်းပါဘူး။”


“တချို့လူတွေက သူတို့ကို ဆဲဆိုရိုက်နှက်တာ၊ ဖြစ်သလို ပစ်ထားတာလေးတွေ မြင်ရင် စိတ်ဆိုး ဒေါသထွက်ရတယ်။ သူတို့လေးတွေမှာ အကူအညီမဲ့ပြီး သူတို့ကိုယ်ကို မကာကွယ်နိုင်ကြတော့ဘူး။ သူတို့လေးတွေကို လူသုံးကုန် ပစ္စည်းအတွက် စမ်းသပ်အသုံးချတာတွေ၊ လူတွေ ဖျော်ဖြေရေးအတွက် ဟာသတွေလို အပျင်းပြေအောင် ပျော်အောင်ဖျော်ဖြေခိုင်းတာတွေ၊ သူတို့ အရေခွံ သားရေတွေနဲ့ အထည်ချုပ်နေကြတာတွေ၊ သူတို့အပေါ် မတရားလုပ်နေကြတဲ့ သူတွေဘယ်သူ့ကိုမဆို၊ ဘယ်အရာကိုမဆို ထောက်ခံအားမပေးဘူး။ နောင်တချိန်မှာ တိရစ္ဆာန် ဆရာဝန် ဖြစ်ဖို့ အရမ်းကို ကြိုးစားလုပ်ဆောင်နေတာက သူတို့လေးတွေ ထိုက်တန်တဲ့ ချစ်ခင်မှုတွေ၊ ကြင်နာသနားပြီး တန်ဖိုးထားမှုတွေကို လူအများဆီကနေ ရအောင်လို့ပါ။ သူတို့လေးတွေက လူမဟုတ်ပေမယ့်လည်း လူတွေလိုပဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေ အပြည့်အဝ ရှိသင့်တယ်တဲ့လေ”။

“၁၅ နှစ်ပဲ ရှိသေးတဲ့ အပျိုပေါက်လေးရဲ့ အတွေးအခေါ်ကို ကျွန်မမှာ လက်ဖြားခါမိသွားတယ်။ လူတိုင်းက သူ့လိုစိတ်မထားနိုင်သလို တွေးလဲ မတွေးမိကြဘူးလေ။ ဟိုတလောက နယ်ဖက်မှာ ခွေးလေးတွေကို လိုက်သတ်ပြီး ဈေးထဲမှာ လိမ်ရောင်းနေတယ်လို့များ ပြောပြလိုက်ရင် သမီး ဘယ်လောက်တောင် စိတ်ဆိုးမလဲ မသိဘူး။ ခွေးလေးတွေက တကယ်တော့ လူတွေအတွက် အကောင်း ဆုံးသော အဖော်ပါပဲ ဆိုတာ ဒီကနေပဲ သူ့အတွက် ပြောပြပေးချင်ပါတယ်နော်” ဆိုပြီးတော့ မော်ဒယ်သန္တာလှိုင်ကသူ့သမီးလေးဟာ ခွေးလေးတွေကိုဘယ်လောက်တောင်ချစ်တယ်ဆိုတာကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Thandar Hlaing Facebook Page(P. M. Zaw)

www.akhayar.com