[Zawgyi]

သူမရဲ႕ ၁၀စုနွစ္တစ္ခု ေလာက္ကြာသြားတဲ့ ပံုေတြကိုၾကည့္ရင္း သႏၱာလိႈင္က အၾကံေကာင္းေပးလိုက္ပါတယ္

ေမာ္ဒယ္ သႏၱာလိႈင္က သူမရဲ႕ အရင္ကပံုေတြကိုၾကည္႕ရင္း ခႏၶာကိုယ္လွပက်စ္လစ္ခ်င္တဲ့ အစ္မေတြ ၊ ညီမေလးေတြ အတြက္ အခုလိုအၾကံေပးလိုက္တာပဲျဖစ္ပါတယ္။

“က်န္းမာခ်င္တယ္ ဆိုရင္ေတာ့ အစားအေသာက္ကို လိုအပ္သေလာက္ မစားပဲ ေလ့က်င့္ခန္း ပံုမွန္ မလုပ္ပဲ လူက လွပ က်စ္လ်စ္ေနေအာင္ ထိန္းထားလို႔ ရမယ့္နည္း ေပးပါလို႔… ကၽြန္မကို ေမးေနသူမ်ား ရွိပါတယ္။

ေျပာခ်င္တာက ျဖစ္စဥ္ ပ်က္စဥ္ အင္မတန္ ေႏွးတဲ့ သံ သတၳဳတို႔နဲ႔ တည္ေဆာက္ထားတဲ့ ကားတို႔ အိမ္တို႔လို အရာဝတၳဳမေတြေတာင္ လစဥ္ ႏွစ္စဥ္ ထိန္းသိမ္းေနရတာ မဟုတ္လား? ကားအေကာင္း ဝယ္စီးရင္ေတာင္ ေလာင္စာစီ အေကာင္းစားကို ေစ်းႀကီးေပးၿပီး ဝယ္ထည့္ေသးတာပဲ မဟုတ္လား?

2009 နဲ႕ 2018 ကပံုကို ႏိႈင္းယွဥ္ျပထားပံု

၂၀၀၉ နဲ႕ ၂၀၁၈ ကပံုကို ႏိႈင္းယွဥ္ျပထားပံု

ကၽြန္မတို႔ ခႏၶာကိုယ္က ျဖစ္စဥ္ပ်က္စဥ္ အင္မတန္ ျမန္တဲ့ cell ေတြနဲ႔ လုပ္ထားတာပါ။ ၿပီးေတာ့ ကားေတြလို spare parts ေတြ ဝယ္ၿပီး လဲလို႔ရတဲ့ ေခတ္ကိုလဲ မေရာက္ေသးပါဘူး။ လူ႔ဘဝသက္တန္း တစ္ေလွ်ာက္လံုး ဒီခႏၶာႀကီးတစ္ခုထဲနဲ႔ ဆက္ၿပီး လႉပ္ရွားရအံုးမွာ ဆိုေတာ့ service က ေန႔တိုင္း ဝင္ရမွာပါ။ ဒါေၾကာင့္ ကၽြန္မသင္တန္းကိုေတာင္ T’s Workshop လို႔ နာမည္ ေပးထားတာ…. ေရွာင္လြဲလို႔ မရတဲ့ တာဝန္အရ ဒီခႏၶာႀကီးကို အပတ္စဥ္ ထိန္းသိမ္းရေကာင္းမွန္းသိတဲ့ လူေတြအတြက္ ဝပ္ေလွ်ာ့ လာထိုးဖို႔ပါ….

၂၀၀၈ နဲ႔ ၂၀၁၈ ကို ႏိႈင္းယွဥ္ျပထားပံု

၂၀၀၈ နဲ႔ ၂၀၁၈ ကို ႏိႈင္းယွဥ္ျပထားပံု

လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္တုန္းက က်န္းမာေရး အသိေတြ မႂကြယ္ဝခင္က အစားကို ေလွ်ာ့စား၊ အခ်ိန္မွန္ မစား… တစ္ခါတစ္ေလ မစားပဲေန… အဲ့ဒါေတြနဲ႔ လူက ပိန္ေခ်ာင္ၿပီး တြဲလို႔ တြန္႔ေနတဲ့ မ်က္ႏွာ ကိုယ္လံုးနဲ႔ ပံုေတြကို အရင္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ အသက္ ၃၀ မွာ ဒီလာက္က်န္တာ သိပ္မဆိုးပါဘူူးလို႔ ေလွ်ာ့ေလွ်ာ့ ေပါ့ေပါ့ ေတြးၿပီး ေက်နပ္ေနခဲ့တာေပါ့။ အခုပံုနဲ႔ ယွဥ္ၾကည့္မွ OMG ငါ အဲ့ဒီတုန္းက ေတာ္ေတာ္ အိုက်သြားတာပဲ ဆိုတာ သံုးသပ္မိတယ္။ အားလံုးလဲ ယွဥ္ၾကည့္လို႔ရေအာင္ မရွက္မေၾကာက္ တင္ေပးပါမယ္။

ေျပာခ်င္တာက ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ… အိပ္ေရးဝေအာင္ အိပ္ပါ…. ေရကို ေသခ်ာ မ်ားမ်ားေသာက္ပါ…. စားသင့္တဲ့ သန္႔ရွင္းတဲ့ အစာေတြစားပါ…. က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဗဟုသုတေလးေတြ ေလ့လာပါ…..

၂၀၀၈ နဲ႕ ၂၀၁၈ က ပံုေတြကို ႏိႈင္းယွဥ္ျပခဲ့ပံု

၂၀၀၈ နဲ႕ ၂၀၁၈ က ပံုေတြကို ႏိႈင္းယွဥ္ျပခဲ့ပံု

အစားခ်ည္းေလွ်ာ့စားၿပီး ပိန္ေအာင္ႀကိဳးစားလို႔ မပိန္ပဲ လွသင့္သေလာက္ မလွလာတဲ့ ညီမေလးေတြ အမႀကီးေတြကို အသိေပးခ်င္တာပါ။ ၁၀ စုႏွစ္ တစ္ခု ကြာသြားတဲ့ ကၽြန္မကိုပဲ ၾကည့္ပါလို႔….

ေလ့က်င့္ခန္း လုပ္ရင္ေတာ့ ေလာင္စာဆီျဖစ္တဲ့ သန္႔ရွင္းတဲ့ အစားအေသာက္က လိုကို လိုအပ္ပါတယ္။ မစားပဲ မေနၾကပါနဲ႔လို႔… ေနာ္” ဆိုၿပီးေတာ့ သူမ က အခုလိုေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။

Photo Credit:Thandar Hlaing Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သူမရဲ့ ၁၀စုနှစ်တစ်ခု လောက်ကွာသွားတဲ့ ပုံတွေကိုကြည့်ရင်း သန္တာလှိုင်က အကြံကောင်းပေးလိုက်ပါတယ်

မော်ဒယ် သန္တာလှိုင်က သူမရဲ့ အရင်ကပုံတွေကိုကြည့်ရင်း ခန္ဓာကိုယ်လှပကျစ်လစ်ချင်တဲ့ အစ်မတွေ ၊ ညီမလေးတွေ အတွက် အခုလိုအကြံပေးလိုက်တာပဲဖြစ်ပါတယ်။

“ကျန်းမာချင်တယ် ဆိုရင်တော့ အစားအသောက်ကို လိုအပ်သလောက် မစားပဲ လေ့ကျင့်ခန်း ပုံမှန် မလုပ်ပဲ လူက လှပ ကျစ်လျစ်နေအောင် ထိန်းထားလို့ ရမယ့်နည်း ပေးပါလို့… ကျွန်မကို မေးနေသူများ ရှိပါတယ်။

ပြောချင်တာက ဖြစ်စဉ် ပျက်စဉ် အင်မတန် နှေးတဲ့ သံ သတ္ထုတို့နဲ့ တည်ဆောက်ထားတဲ့ ကားတို့ အိမ်တို့လို အရာဝတ္ထုမတွေတောင် လစဉ် နှစ်စဉ် ထိန်းသိမ်းနေရတာ မဟုတ်လား? ကားအကောင်း ဝယ်စီးရင်တောင် လောင်စာစီ အကောင်းစားကို ဈေးကြီးပေးပြီး ဝယ်ထည့်သေးတာပဲ မဟုတ်လား?

2009 နဲ့ 2018 ကပုံကို နှိုင်းယှဉ်ပြထားပုံ

၂၀၀၉ နဲ့ ၂၀၁၈ ကပုံကို နှိုင်းယှဉ်ပြထားပုံ

ကျွန်မတို့ ခန္ဓာကိုယ်က ဖြစ်စဉ်ပျက်စဉ် အင်မတန် မြန်တဲ့ cell တွေနဲ့ လုပ်ထားတာပါ။ ပြီးတော့ ကားတွေလို spare parts တွေ ဝယ်ပြီး လဲလို့ရတဲ့ ခေတ်ကိုလဲ မရောက်သေးပါဘူး။ လူ့ဘဝသက်တန်း တစ်လျှောက်လုံး ဒီခန္ဓာကြီးတစ်ခုထဲနဲ့ ဆက်ပြီး လှူပ်ရှားရအုံးမှာ ဆိုတော့ service က နေ့တိုင်း ဝင်ရမှာပါ။ ဒါကြောင့် ကျွန်မသင်တန်းကိုတောင် T’s Workshop လို့ နာမည် ပေးထားတာ…. ရှောင်လွဲလို့ မရတဲ့ တာဝန်အရ ဒီခန္ဓာကြီးကို အပတ်စဉ် ထိန်းသိမ်းရကောင်းမှန်းသိတဲ့ လူတွေအတွက် ဝပ်လျှော့ လာထိုးဖို့ပါ….

၂၀၀၈ နဲ့ ၂၀၁၈ ကို နှိုင်းယှဉ်ပြထားပုံ

၂၀၀၈ နဲ့ ၂၀၁၈ ကို နှိုင်းယှဉ်ပြထားပုံ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကျန်းမာရေး အသိတွေ မကြွယ်ဝခင်က အစားကို လျှော့စား၊ အချိန်မှန် မစား… တစ်ခါတစ်လေ မစားပဲနေ… အဲ့ဒါတွေနဲ့ လူက ပိန်ချောင်ပြီး တွဲလို့ တွန့်နေတဲ့ မျက်နှာ ကိုယ်လုံးနဲ့ ပုံတွေကို အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် အသက် ၃၀ မှာ ဒီလာက်ကျန်တာ သိပ်မဆိုးပါဘူူးလို့ လျှော့လျှော့ ပေါ့ပေါ့ တွေးပြီး ကျေနပ်နေခဲ့တာပေါ့။ အခုပုံနဲ့ ယှဉ်ကြည့်မှ OMG ငါ အဲ့ဒီတုန်းက တော်တော် အိုကျသွားတာပဲ ဆိုတာ သုံးသပ်မိတယ်။ အားလုံးလဲ ယှဉ်ကြည့်လို့ရအောင် မရှက်မကြောက် တင်ပေးပါမယ်။

ပြောချင်တာက လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ… အိပ်ရေးဝအောင် အိပ်ပါ…. ရေကို သေချာ များများသောက်ပါ…. စားသင့်တဲ့ သန့်ရှင်းတဲ့ အစာတွေစားပါ…. ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ လေ့လာပါ…..

၂၀၀၈ နဲ့ ၂၀၁၈ က ပုံတွေကို နှိုင်းယှဉ်ပြခဲ့ပုံ

၂၀၀၈ နဲ့ ၂၀၁၈ က ပုံတွေကို နှိုင်းယှဉ်ပြခဲ့ပုံ

အစားချည်းလျှော့စားပြီး ပိန်အောင်ကြိုးစားလို့ မပိန်ပဲ လှသင့်သလောက် မလှလာတဲ့ ညီမလေးတွေ အမကြီးတွေကို အသိပေးချင်တာပါ။ ၁၀ စုနှစ် တစ်ခု ကွာသွားတဲ့ ကျွန်မကိုပဲ ကြည့်ပါလို့….

လေ့ကျင့်ခန်း လုပ်ရင်တော့ လောင်စာဆီဖြစ်တဲ့ သန့်ရှင်းတဲ့ အစားအသောက်က လိုကို လိုအပ်ပါတယ်။ မစားပဲ မနေကြပါနဲ့လို့… နော်” ဆိုပြီးတော့ သူမ က အခုလိုဝေမျှခဲ့တာပဲဖြစ်ပါတယ်။

Photo Credit:Thandar Hlaing Facebook

ကြည်သာ (Akhayar)

www.akhayar.com