[Zawgyi]

မြင်သူတိုင်းကြွေလောက်တဲ့ ရွှေအိမ်စည်ရဲ့ ရေပြင်ထက်က အလွင့်ပုံရိပ်များ





Stella(Akhayar)

www.Akhayar.com 

[Unicode]

မြင်သူတိုင်းကြွေလောက်တဲ့ ရွှေအိမ်စည်ရဲ့ အလွင့်ပုံရိပ်များ

Miss Grand Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ မော်ဒယ်၊သရုပ်ဆောင် ရွှေအိမ်စည်ကတော့ ဧရာဝတီမြစ်ပြင်ထဲမှာ တစ်ကိုယ်တော် Jet Ski စီးရင်း အပြတ်ကဲနေတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။

အိမ်စည်ဟာ အမိုက်စားဖက်ရှင်နဲ့ အမြဲတမ်းအထာကျနေတတ်ပြီး လက်တစ်လောမှာလည်း သူမရဲ့ စိတ်လွတ်ကိုယ်လွတ် Jet Ski စီးနေတဲ့ ပုံရိပ်တွေက ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။  ယုံကြည်မှုအပြည့်ရှိပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ သူမရဲ့ ပင်ကိုယ်စတိုင်ကြောင့်လည်း ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုတွေကို ရရှိနေသူပါ။

စကားပြောသွက်လက်သလို သူမရဲ့ ကျော့ရှင်းလှပတဲ့ ကောက်ကြောင်းအလှကြောင့်လည်း နာမည်ကြီးလျက်ရှိပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက ရေကူးကန်နားမှာ ရေကူးဝတ်စုံလေးနဲ့ ဖြေဆိုထားတဲ့ သူမရဲ့ အင်တာဗျုးတစ်ခုကတော့ လက်ရှိအချိန်ထိ ပရိသတ်တွေအကြိုက်တွေ့လျက်ရှိပါတယ်။အိမ်စည်ရဲ့ အမြဲတမ်းလန်းဆန်းတက်ကြွနေတတ်တဲ့ စတိုင်လေးကတော့ မြင်ရသူတိုင်းကို အပျော်တွေကူးစက်စေမှာအမှန်ပါပဲ။

Photos Credit- Shwe Eain Si facebook

Stella(Akhayar)

www.Akhayar.com