[Zawgyi]

ရန္မရွာနဲ႕လုိ႕ ေသနတ္ကုိင္ရင္း ေျပာလုိက္တဲ့ မုိးစက္၀ုိင္

နာမည္ေက်ာ္ Miss တစ္ေယာက္ျဖစ္သလုိ ေမာ္ဒယ္သရုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္တဲ့ မုိးစက္၀ုိင္ ကေတာ့ ၾကည္လင္ရွင္းသန္႕တဲ့အလွအပနဲ႕ အေနအထုိင္ေအးေဆးတဲ့ သူတစ္ေယာက္အျဖစ္ ပရိသတ္စိတ္၀င္စားမႈရရွိထားတာပါ။ မိန္းကေလးခ်င္းေတာင္အားက်ရေလာက္တဲ့ ခႏၶာကုိယ္အရပ္အေမာင္းပုိင္ဆုိင္ထားတာမုိ႕လည္း ဘယ္လုိဖက္ရွင္ေလးနဲ႕မဆုိ လုိက္ဖက္တဲ့သူတစ္ဦးျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားကုိ ေရာက္ရွိေနတဲ့ မုိးစက္ တစ္ေယာက္ ေသနတ္ပစ္ေလ့က်င့္ေနတဲ့ ပုံရိပ္ေတြကုိ “ေသနတ္ပစ္တတ္သည္ ရန္မရွာရ ” ဆုိျပီး စေနာက္ေရးသားကာ မွ်ေ၀ထားပါတယ္။


မုိးစက္ကေတာ့ ေသနတ္ေတြကိုင္ျပီး ဖက္ရွင္ကလည္းအမုိက္စားနဲ႕မုိ႕ သူမရဲ႕ စတုိင္က အျပတ္အသပ္ကုိလန္းေနတာျဖစ္ပါတယ္။ မုိးစက္ဟာ Green Circle& New Smart Co.,Ltd ရဲ႕ Brand Ambassador တစ္ဦးျဖစ္သလို အရင္ကလည္း Alpine နဲ႕ Bangokok Airways ရဲ႕ Brand Ambassador တစ္ဦးအျဖစ္ ခန္႕အပ္ခံခဲ့ရဖူးပါတယ္။မုိးစက္ရဲ႕ ေသနတ္ကုိင္ထားတဲ့ ပုံေလးေတြကုိျမင္ရတာ တကယ့္ရုပ္ရွင္ထဲက ဂ်က္မတစ္ေယာက္လုိပဲ တက္ၾကြလန္းဆန္းေနပါတယ္။

Photos Credit – Moe Sat Wine

Stella(Akhayar)

www.akhayar.com

[Unicode]

ရန်မရှာနဲ့လို့ သေနတ်ကိုင်ရင်း ပြောလိုက်တဲ့ မိုးစက်ဝိုင်

နာမည်ကျော် Miss တစ်ယောက်ဖြစ်သလို မော်ဒယ်သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့ မိုးစက်ဝိုင် ကတော့ ကြည်လင်ရှင်းသန့်တဲ့အလှအပနဲ့ အနေအထိုင်အေးဆေးတဲ့ သူတစ်ယောက်အဖြစ် ပရိသတ်စိတ်ဝင်စားမှုရရှိထားတာပါ။ မိန်းကလေးချင်းတောင်အားကျရလောက်တဲ့ ခန္ဓာကိုယ်အရပ်အမောင်းပိုင်ဆိုင်ထားတာမို့လည်း ဘယ်လိုဖက်ရှင်လေးနဲ့မဆို လိုက်ဖက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကို ရောက်ရှိနေတဲ့ မိုးစက် တစ်ယောက် သေနတ်ပစ်လေ့ကျင့်နေတဲ့ ပုံရိပ်တွေကို “သေနတ်ပစ်တတ်သည် ရန်မရှာရ ” ဆိုပြီး စနောက်ရေးသားကာ မျှဝေထားပါတယ်။

မိုးစက်ကတော့ သေနတ်တွေကိုင်ပြီး ဖက်ရှင်ကလည်းအမိုက်စားနဲ့မို့ သူမရဲ့ စတိုင်က အပြတ်အသပ်ကိုလန်းနေတာဖြစ်ပါတယ်။ မိုးစက်ဟာ Green Circle& New Smart Co.,Ltd ရဲ့ Brand Ambassador တစ်ဦးဖြစ်သလို အရင်ကလည်း Alpine နဲ့ Bangokok Airways ရဲ့ Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရဖူးပါတယ်။မိုးစက်ရဲ့ သေနတ်ကိုင်ထားတဲ့ ပုံလေးတွေကိုမြင်ရတာ တကယ့်ရုပ်ရှင်ထဲက ဂျက်မတစ်ယောက်လိုပဲ တက်ကြွလန်းဆန်းနေပါတယ်။

Photos Credit – Moe Sat Wine

Stella(Akhayar)

www.akhayar.com