[Zawgyi]

ဘ၀မွာလြယ္လြယ္ကူကူရခဲ့တာမရိွလို႔ ခက္ခဲမႈက စတိုင္လ္လိုျဖစ္ေနၿပီဆိုတဲ့ ခင္သဇင္

“အိုးအိုး..ေဟာ့တယ္”ဆိုတဲ့ စိုင္းစိုင္းခမ္းလိႈင္ရဲ႕သီခ်င္းမွာ သရုပ္ေဆာင္ခဲ့တဲ့ ခင္သဇင္ဟာ အႏုပညာအလုပ္ေတြနဲ႔ အခ်ိန္အေတာ္ၾကာအဆက္အသြယ္ျပတ္ေနရာမွ ဂီတဘက္နဲ႔  ေျခလွမ္းအသစ္စတင္ၿပီး ျပန္လည္၀င္ေရာက္လာခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ဂီတဘက္၀င္ေရာက္ျဖစ္ပုံနဲ႔ပတ္သက္ၿပီး ‘ခင္သဇင္’ ေျပာျပခဲ့တာကေတာ့“သဇင္သီခ်င္းႏွစ္ပုဒ္ေလာက္ ေရွ႕မွာဆိုဖူးၿပီး စိတ္ဓာတ္က်ၿပီးမဆိုေတာ့တာကေန တစ္ႏွစ္ေက်ာ္ၿပီးမွ ျပန္လုပ္ျဖစ္တာေပါ့။ ၾကားထဲမွာ Vocal Trainer နဲ႔ ေသခ်ာေလ့က်င္႔ ျဖစ္ပါတယ္”လို႔ ဆိုပါတယ္။

ဂီတဘက္၀ါသနာပါၿပီး မွတ္တိုင္တစ္ခုျဖစ္ခ်င္တာေၾကာင့္ လုပ္ျဖစ္ခဲ့တာကိုေတာ့“အႏုပညာ၀ါသနာကို ပါေနတာပါ။ သီခ်င္းဆိုရတာလည္း ၀ါသနာပါတယ္။ သဇင္ရဲ႕အႏုပညာသက္တမ္းေလးမွာ မွတ္တိုင္ေလးတစ္ခု ျဖစ္ခ်င္တယ္။ ပရိတ္သတ္ကို လက္ေဆာင္ေပးခ်င္တယ္။ အဲဒီအတြက္ သဇင္အကုန္က်ခံၿပီး MTV ေလးေတြရိုက္ထားတယ္။ လူငယ္ေတြႀကီးပဲ ေပါင္းစပ္ၿပီးဖန္တီးထားတဲ့ အေခြေလးျဖစ္လို႔ သဇင္ေပ်ာ္တယ္” လို႔ ဆိုပါတယ္။

Khin Thazin Music Album

ေအာင္ျမင္ဖို႔ မေအာငျ္မင္ဖို႔ထက္ ၀ါသနာပါတဲ့အလုပ္ကို ပရိသတ္အတြက္ လက္ေဆာင္ေပးခ်င္ေၾကာင္းကိုေတာ့ “လူတစ္ေယာက္က ေအာင္ျမင္တယ္၊ မေအာင္ျမင္ဘူးဆိုတာ သူ႔ရဲ႕ကံ၊စန္းရယ္၊ ႀကိဳးစားမႈနဲ႔ ဆိုင္ပါတယ္။ သဇင္က နာမည္ႀကီးဖို႔ ေအာင္ျမင္ဖို႔ထက္ သဇင္၀ါသနာပါတဲ့ အလုပ္ကေလးကို အေကာင္းဆုံး ပရိသတ္ကို လက္ေဆာင္ေပးခ်င္တယ္”လို႔ ဆိုပါတယ္။

ဘ၀မွာလြယ္လြယ္ကူကူနဲ႔ ဘာမွမရခဲ့လို႔ ခက္ခဲတာက စတိုင္လ္တစ္ခုလိုျဖစ္ေနပါၿပီဆိုတာကိုလည္း “သဇင္ရဲ႕ဘ၀မွာ လြယ္လြယ္ကူကူနဲ႔ ဘာမွမရခဲ့ဘူး။ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားၿပီးမွ ေအာင္ျမင္တာက ပိုအရသာရိွတာေပါ့ေနာ္။ ေအာင္ျမင္မႈဆိုတာ အၿမဲမရႏိုင္ပါဘူး။ ကံတရားရယ္၊ သူ႔ရဲ႕စန္းရယ္ ႀကိဳးစားမႈနဲ႔ပဲ ဆိုင္ပါတယ္ဆိုေတာ့ ခက္ခက္ခဲခဲႀကိဳးစားၿပီးေတာ့ ေအာင္ျမင္ေတာ့ ပိုၿပီး၀မ္းသာရမွာေပါ့ေနာ္။ သဇင္က ေအာင္ျမင္တဲ့အေနအထားတစ္ခုကို မေရာက္ေသးပါဘူး။ ခက္ခဲေနတာကိုက သဇင္ရဲ႕စတိုင္လ္ျဖစ္ေနေတာ့ ခက္ခဲတာကို အသားက်ေနပါၿပီ” လို႔ဆိုၿပီး ေျပာျပခဲ့ပါတယ္။

www.akhayar.com

[Unicode]

ဘဝမှာလွယ်လွယ်ကူကူရခဲ့တာမရှိလို့ ခက်ခဲမှုက စတိုင်လ်လိုဖြစ်နေပြီဆိုတဲ့ ခင်သဇင်

“အိုးအိုး..ဟော့တယ်”ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းမှာ သရုပ်ဆောင်ခဲ့တဲ့ ခင်သဇင်ဟာ အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာအဆက်အသွယ်ပြတ်နေရာမှ ဂီတဘက်နဲ့  ခြေလှမ်းအသစ်စတင်ပြီး ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဂီတဘက်ဝင်ရောက်ဖြစ်ပုံနဲ့ပတ်သက်ပြီး ‘ခင်သဇင်’ ပြောပြခဲ့တာကတော့“သဇင်သီချင်းနှစ်ပုဒ်လောက် ရှေ့မှာဆိုဖူးပြီး စိတ်ဓာတ်ကျပြီးမဆိုတော့တာကနေ တစ်နှစ်ကျော်ပြီးမှ ပြန်လုပ်ဖြစ်တာပေါ့။ ကြားထဲမှာ Vocal Trainer နဲ့ သေချာလေ့ကျင့် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဂီတဘက်ဝါသနာပါပြီး မှတ်တိုင်တစ်ခုဖြစ်ချင်တာကြောင့် လုပ်ဖြစ်ခဲ့တာကိုတော့“အနုပညာဝါသနာကို ပါနေတာပါ။ သီချင်းဆိုရတာလည်း ဝါသနာပါတယ်။ သဇင်ရဲ့အနုပညာသက်တမ်းလေးမှာ မှတ်တိုင်လေးတစ်ခု ဖြစ်ချင်တယ်။ ပရိတ်သတ်ကို လက်ဆောင်ပေးချင်တယ်။ အဲဒီအတွက် သဇင်အကုန်ကျခံပြီး MTV လေးတွေရိုက်ထားတယ်။ လူငယ်တွေကြီးပဲ ပေါင်းစပ်ပြီးဖန်တီးထားတဲ့ အခွေလေးဖြစ်လို့ သဇင်ပျော်တယ်” လို့ ဆိုပါတယ်။

Khin Thazin Music Album

အောင်မြင်ဖို့ မအောြင်မင်ဖို့ထက် ဝါသနာပါတဲ့အလုပ်ကို ပရိသတ်အတွက် လက်ဆောင်ပေးချင်ကြောင်းကိုတော့ “လူတစ်ယောက်က အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ သူ့ရဲ့ကံ၊စန်းရယ်၊ ကြိုးစားမှုနဲ့ ဆိုင်ပါတယ်။ သဇင်က နာမည်ကြီးဖို့ အောင်မြင်ဖို့ထက် သဇင်ဝါသနာပါတဲ့ အလုပ်ကလေးကို အကောင်းဆုံး ပရိသတ်ကို လက်ဆောင်ပေးချင်တယ်”လို့ ဆိုပါတယ်။

ဘဝမှာလွယ်လွယ်ကူကူနဲ့ ဘာမှမရခဲ့လို့ ခက်ခဲတာက စတိုင်လ်တစ်ခုလိုဖြစ်နေပါပြီဆိုတာကိုလည်း “သဇင်ရဲ့ဘဝမှာ လွယ်လွယ်ကူကူနဲ့ ဘာမှမရခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီးမှ အောင်မြင်တာက ပိုအရသာရှိတာပေါ့နော်။ အောင်မြင်မှုဆိုတာ အမြဲမရနိုင်ပါဘူး။ ကံတရားရယ်၊ သူ့ရဲ့စန်းရယ် ကြိုးစားမှုနဲ့ပဲ ဆိုင်ပါတယ်ဆိုတော့ ခက်ခက်ခဲခဲကြိုးစားပြီးတော့ အောင်မြင်တော့ ပိုပြီးဝမ်းသာရမှာပေါ့နော်။ သဇင်က အောင်မြင်တဲ့အနေအထားတစ်ခုကို မရောက်သေးပါဘူး။ ခက်ခဲနေတာကိုက သဇင်ရဲ့စတိုင်လ်ဖြစ်နေတော့ ခက်ခဲတာကို အသားကျနေပါပြီ” လို့ဆိုပြီး ပြောပြခဲ့ပါတယ်။

www.akhayar.com