[Zawgyi]
အဖိုးအိုတစ်ယောက်ကြောင့် ရင်ထဲစို့ခဲ့ရတဲ့ သရုပ်ဆောင် မေပန်းချီ
အဖိုး ,တစ်ယောက်ကမြေးပေါ်ထားတဲ့ မေတ္တာပေါ့ ကုမ္ပဏီဝန်းထမ်းလုပ်နေတဲ့ မြေး လေးဘောင်းဘီ ကြွက်ကိုက် သွားလို့ တဲ့ မြေးလေးကအရမ်းလဲဝပါတယ်တဲ့ အဘ ကတစ်သောင်းကျော်ပဲတတ်နိုင်တာအကောင်းစားဝယ်ပေးချင်ပေမဲ့ မတတ်နိုင်လို့ပါ
Stella(Akhayar)
www.akhayar.com
[Unicode]
အဖိုးအိုတစ်ယောက်ကြောင့် ရင်ထဲစို့ခဲ့ရတဲ့ မေပန်းချီ
၀၀ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ အကိတ်လေးတွေထဲမှာ မော်ဒယ်သရုပ်ဆောင် မေပန်းချီတစ်ယောက်လည်းအပါအဝင်ပါပဲ။ ကိုယ်ပိုင်ဂျင်းဖက်ရှင်ဆိုင် ဖွင့်ထားတဲ့ မေပန်းချီဟာ အနုပညာအလုပ်တစ်ဖက် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ဖက်လုပ်နေသူဖြစ်ပါတယ်။ စိတ်သဘောထားလည်းကောင်းမွန်တဲ့ မေပန်းချီတစ်ယောက် မနေ့က အဖြစ်အပျက်လေးတစ်ခုကြောင့် ရင်ထဲစို့နင်နေပြီး ကုသိုလ်လုပ်ဖြစ်သွားတဲ့အကြောင်းကို အခုလိုပဲ သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။
“ဘာရယ်တော့ မဟုတ်ဘူး ရင်ထဲ ဆို့ သွားသလိုခံစားရတယ်
အဖိုး ,တစ်ယောက်ကမြေးပေါ်ထားတဲ့ မေတ္တာပေ့ါ ကုမ္ပဏီဝန်းထမ်းလုပ်နေတဲ့ မြေး လေးဘောင်းဘီ ကြွက်ကိုက် သွားလို့ တဲ့ မြေးလေးကအရမ်းလဲဝပါတယ်တဲ့ အဘ ကတစ်သောင်းကျော်ပဲတတ်နိူင်တာအကောင်းစားဝယ်ပေးချင်ပေမဲ့ မတတ်နိူင်လို့ပါ
ဆိုပြီး တုန်တုန် ချိချိနဲ့ နားကလဲကောင်းကောင်းမကြားရှာဘူးး အသက်က ၇၀ကျော်လောက်ပြီးထင်ပါတယ်
ဆိုဒ် ၄၀ထဲမှာ ၁သောင်းကျော်တန်မရှိပေမဲ့ ၃သောင်းကျော်ထဲက ရှိတဲ့ဆိုဒ်၄၀ကိုပေးလိုက်တယ်
အဘပါသလောက်ပဲပေးခဲ့ပါပြောပေမဲ့ သမီးအရင်းရူံးနေမှာပေ့ါတဲ့ ကိုယ်ချင်းစာတရားရှိလိုက်ပုံများ အခွင့်အရေးမယူတတ်လိုက်ပုံများ အဘ ကရိုးရိုးသားသားပါတဲ့ သိတာပေါ့အဘရယ် မျက်လုံးတွေမှာပေါ်ပြီးသားပါလှူတယ်လို့ပဲမှတ်ပါတယ် အဘ မြေး နဲ့ မတော်ရင်လဲ ကြိုက်တဲ့အချိန်လာပြန်လဲပါလို့
အဘ က မျက်ရည်လေးဝဲ နေသလို ကိုယ်က အဖိုး ဆိုလို့ ခလေးဘဝက ပဲမြင်ဖူးလိုက်တာ
တကယ်တော့ ကိုယ်က အဖေ အပေါ်တောင်တာဝန်မကျေသေးသူပါ”ဆိုပြီး သူမရဲ့ ရင်တွင်းခံစားချက်ကိုပါ ရင်ဖွင့်ပြောပြလိုက်တာပါ။
ပရိသတ်ကြီးလည်း မေပန်းချီလေးရဲ့ စိတ်ထားလေးကို ချစ်သွားပြီလား။
Photos Credit – Minko, May Panche
Stella(Akhayar)
www.akhayar.com