[Zawgyi]

လူမႈကြန္ရက္ေပၚက ေကာလာဟလ ေတြေၾကာင့္ ပရိသတ္ကုိရင္ဖြင့္လုိက္တဲ့ တိုင္ရြန္

ျမန္မာျပည္က ႏႈတ္ခမ္းနီမေလးေတြအသဲစြဲအမ်ိဳးသားေမာ္ဒယ္ေတြထဲမွာ တုိင္ရြန္ကလည္း ေယာက်ား္ပီသျပီး ဆြဲေဆာင္မႈရွိတဲ့ ရုပ္ရည္သြင္ျပင္ေၾကာင့္ နာမည္ၾကီးေနသူျဖစ္ပါတယ္။ သူနဲ႕ပတ္သက္ျပီး ေကာလာဟလ စကားေတြထြက္ေပၚေနတဲ့အေပၚ တုိင္ရြန္တစ္ေယာက္ အၾကီးအက်ယ္စိတ္မေကာင္းျဖစ္ေနပုံရပါတယ္။ ဒါေၾကာင့္လည္း သူခ်စ္တဲ့ ပရိသတ္ေတြကုိ လူမႈကြန္ရက္အေကာင့္ကေနတစ္ဆင့္ ရင္ဖြင့္စာေတြေရးသားခဲ့ပါတယ္။


“ေျဖရွင္းခြင့္မရွိတဲ႕ ေကာလဟာလ ဆိုတဲ႕ ေခါင္းစဥ္ေအာက္မွာ ကိုယ္တိုင္မလုပ္ထားတဲ႕ ထပ္ၿပီး တစ္ခါတရံကိုယ္တိုင္မသိတဲ႕ အမည္းစက္ေတြနဲ႕ ဘဝက အမ်ားအျမင္မွာ မသန္႕ရွင္းႏိုင္ေတာ႕ဘူး ဒါေပမယ္႕လည္း ကိုယ္တိုင္ေရြးခ်ယ္ခဲ႕တဲ႕ လမ္းမို႕ နာက်င္ေနလည္း ျပဳံးၿပီး ဆက္ေလွ်ာက္မယ္ …….” ဆုိျပီး ေရးထားတာေတြ႕ရပါတယ္။ အဲ့ဒီပုိ႕စ္ေအာက္မွာလည္း ပရိသတ္ေတြအားေပးစကားေတြေ၀ဆာေနျပီး တုိင္ရြန္က အခုလုိျပန္ေျပာထားပါတယ္။

“ဒီအလုပ္ေၾကာင့္ မိဘေတြကို ဂုဏ္ယူေစခ်င္ခဲ႔တာ စပြန္ဆာနဲ႕ေနတဲ႔ေကာင္ အေျခာက္ျဖစ္ေနတဲ႔ေကာင္ ပိုင္းလုံးေကာင္လို႔ ေျပာခံေစခ်င္ခဲ႕တာမဟုတ္ဘူး ကိုယ္ေရြးခ်ယ္ခဲ႔တဲ႔ဝါသနာက ကိုယ့္မိဘကိုပါ လာၿပီးထိခိုက္ေစခဲ႔တယ္ စိတ္မေကာင္း ဘဝက ဘလိုေနေနပါ နားၾကပ္ႀကိဳးတေခ်ာင္းလိုဘဲ ဘလိုရွင္းေအာင္ေနေန ခနေန ရင္ ေရာေထြးသြားတာပါဘဲ တခါတရံ မရွင္းဘဲ ဒီတိုင္းနားေထာင္လိုက္တာပိုေကာင္းမယ္” ဆုိတဲ့စကားေတြလည္း မွတ္ခ်က္ေပးထားပါတယ္။


မေန႕ကျဖစ္သည္ (၂) ဇာတ္လမ္းတြဲမွာပါ၀င္သရုပ္ေဆာင္ထားတဲ့ တုိင္ရြန္ ဟာ အႏုပညာလႈပ္ရွားမႈေတြအေနနဲ႕ Photo Shooting ေတြလည္း အေတာ္ေလး ရုိက္ကူးေနရသူျဖစ္ပါတယ္။ အႏုပညာသမားျဖစ္လာရင္ေတာ့ အခုလုိေ၀ဖန္မႈေတြၾကံဳရတာမဆန္းေပမယ့္ အေၾကာင္းအရာတစ္ခုကုိ အေသးစိတ္မသိဘဲေ၀ဖန္သူေတြေၾကာင့္ အႏုပညာသမားေတြလည္း သာမန္လူေတြလုိပဲ စိတ္ထိခိုက္ရတဲ့အခုိက္အတန္႕ေတြရွိၾကပါတယ္။စိတ္မေကာင္းျဖစ္ေနတဲ့ တုိင္ရြန္ရဲ႕ရင္ဖြင့္စကားနဲ႕ပတ္သက္ျပီး ပရိသတ္ၾကီးလည္း အားေပးစကားေျပာခဲ့ပါဦးေနာ္။

Photos Credit – Tyron Bejay

Stella(Akhayar)

www.akhayar.com

[Unicode] 

လူမှုကွန်ရက်ပေါ်က ကောလာဟလ တွေကြောင့် ပရိသတ်ကိုရင်ဖွင့်လိုက်တဲ့ တိုင်ရွန်

မြန်မာပြည်က နှုတ်ခမ်းနီမလေးတွေအသဲစွဲအမျိုးသားမော်ဒယ်တွေထဲမှာ တိုင်ရွန်ကလည်း ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် နာမည်ကြီးနေသူဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး  ကောလာဟလ စကားတွေထွက်ပေါ်နေတဲ့အပေါ် တိုင်ရွန်တစ်ယောက် အကြီးအကျယ်စိတ်မကောင်းဖြစ်နေပုံရပါတယ်။ ဒါကြောင့်လည်း သူချစ်တဲ့ ပရိသတ်တွေကို လူမှုကွန်ရက်အကောင့်ကနေတစ်ဆင့် ရင်ဖွင့်စာတွေရေးသားခဲ့ပါတယ်။


“ဖြေရှင်းခွင့်မရှိတဲ့ ကောလဟာလ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်တိုင်မလုပ်ထားတဲ့ ထပ်ပြီး တစ်ခါတရံကိုယ်တိုင်မသိတဲ့ အမည်းစက်တွေနဲ့ ဘဝက အများအမြင်မှာ မသန့်ရှင်းနိုင်တော့ဘူး ဒါပေမယ့်လည်း ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းမို့ နာကျင်နေလည်း ပြုံးပြီး ဆက်လျှောက်မယ် …….” ဆိုပြီး ရေးထားတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေအားပေးစကားတွေဝေဆာနေပြီး တိုင်ရွန်က အခုလိုပြန်ပြောထားပါတယ်။

“ဒီအလုပ်ကြောင့် မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တာ စပွန်ဆာနဲ့နေတဲ့ကောင် အခြောက်ဖြစ်နေတဲ့ကောင် ပိုင်းလုံးကောင်လို့ ပြောခံစေချင်ခဲ့တာမဟုတ်ဘူး ကိုယ်ရွေးချယ်ခဲ့တဲ့ဝါသနာက ကိုယ့်မိဘကိုပါ လာပြီးထိခိုက်စေခဲ့တယ် စိတ်မကောင်း ဘဝက ဘလိုနေနေပါ နားကြပ်ကြိုးတချောင်းလိုဘဲ ဘလိုရှင်းအောင်နေနေ ခနနေ ရင် ရောထွေးသွားတာပါဘဲ တခါတရံ မရှင်းဘဲ ဒီတိုင်းနားထောင်လိုက်တာပိုကောင်းမယ်” ဆိုတဲ့စကားတွေလည်း မှတ်ချက်ပေးထားပါတယ်။

မနေ့ကဖြစ်သည် (၂) ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ တိုင်ရွန် ဟာ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ Photo Shooting တွေလည်း အတော်လေး ရိုက်ကူးနေရသူဖြစ်ပါတယ်။ အနုပညာသမားဖြစ်လာရင်တော့ အခုလိုဝေဖန်မှုတွေကြုံရတာမဆန်းပေမယ့် အကြောင်းအရာတစ်ခုကို အသေးစိတ်မသိဘဲဝေဖန်သူတွေကြောင့် အနုပညာသမားတွေလည်း သာမန်လူတွေလိုပဲ စိတ်ထိခိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့ တိုင်ရွန်ရဲ့ရင်ဖွင့်စကားနဲ့ပတ်သက်ပြီး ပရိသတ်ကြီးလည်း အားပေးစကားပြောခဲ့ပါဦးနော်။

Photos Credit – Tyron Bejay

Stella(Akhayar)

www.akhayar.com