[Zawgyi]

ၿပိဳင္ပြဲဝင္ ၃ ေယာက္ထဲ က ဘယ္သူ႔ကိုႏႈတ္ဆက္ရမွာလဲ

Myanmar Idol Season 3 မွာ စံုတြဲသီခ်င္းသီဆိုျခင္း ကို ပံုမွန္ၿပိဳင္ပြဲဝင္အခ်င္းခ်င္း တြဲဖက္သီဆိုမႈမဟုတ္ဘဲနဲ႔ အနုပညာလမ္းေပၚမွာ ေနရာရၿပီးသား ျဖစ္ၾကတဲ့ ေတးသံရွင္ေတြနဲ႔ တြဲဖက္သီဆိုရတဲ့ အစီအစဥ္ကို ထူးျခားစြာနဲ႔ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ သံုးဦးစလံုးဟာ တစ္ေယာက္ခ်င္းစီ သီခ်င္းတစ္ပုဒ္စီနဲ႔ ယွဥ္ၿပိဳင္ၿပီးတဲ့ေနာက္မွာ စံုတြဲသီခ်င္းေတြကို သီဆိုခဲ့ၾကတာျဖစ္ပါတယ္။ ခ်မ္းေျမ ႔ေမာင္ခ်ိဳ က အဆိုေတာ္ စည္သူလြင္နဲ႔ သီဆိုခဲ့ၿပီး ေဇာ္္ႀကီးက ဂ်ဴဝယ္ နဲ႔ ၿဖိဳးျမတ္ေအာင္က အဆိုေတာ္ ဆုန္သင္းပါနဲ႔ တြဲဖက္သီဆိုခဲ့တာလည္း ျဖစ္ပါတယ္။

စံုတြဲသီဆိုရတာဟာ ကိုယ္တစ္ေယာက္တည္းေကာင္းေနဖို႔ ထက္ ကိုယ္နဲ႔အတူတူတြဲဖက္သီဆိုသူအေပၚမွာလည္း နားလည္မႈအျပန္အလွန္ ရွိရတာျဖစ္တဲ့ အတြက္ အရမ္းကို ပညာသားပါတဲ့ အေနအထားပါ။

ကိုယ္ႀကိဳက္နွစ္သက္တဲ့ စံုတြဲကိုယ့္ရင္ဘတ္ထဲ ကိုထိမိေအာင္သီဆိုနိုင္ခဲ့တဲ့ အဆိုရွင္ ၿပိဳင္ပြဲဝင္သူကိုသာအဓိက Voting ေပးသင့္ပါတယ္။ ဒီေန႔ ၾသဂုတ္ ၃ ရက္မွာေတာ့ သံုးေယာက္ထဲက ဘယ္သူ အရင္ဆံုးထြက္ခြာသြားမလဲ ဆိုတာကို သိရွိရမွာ ျဖစ္တဲ့အတြက္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေကာင္းလွပါတယ္။

Photo Credit: Myanmar Idol Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ပြိုင်ပွဲဝင် ၃ ယောက်ထဲ က ဘယ်သူ့ကိုနှုတ်ဆက်ရမှာလဲ

Myanmar Idol Season 3 မှာ စုံတွဲသီချင်းသီဆိုခြင်း ကို ပုံမှန်ပြိုင်ပွဲဝင်အချင်းချင်း တွဲဖက်သီဆိုမှုမဟုတ်ဘဲနဲ့ အနုပညာလမ်းပေါ်မှာ နေရာရပြီးသား ဖြစ်ကြတဲ့ တေးသံရှင်တွေနဲ့ တွဲဖက်သီဆိုရတဲ့ အစီအစဉ်ကို ထူးခြားစွာနဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် သုံးဦးစလုံးဟာ တစ်ယောက်ချင်းစီ သီချင်းတစ်ပုဒ်စီနဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ စုံတွဲသီချင်းတွေကို သီဆိုခဲ့ကြတာဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို က အဆိုတော် စည်သူလွင်နဲ့ သီဆိုခဲ့ပြီး ဇော်ကြီးက ဂျူဝယ် နဲ့ ဖြိုးမြတ်အောင်က အဆိုတော် ဆုန်သင်းပါနဲ့ တွဲဖက်သီဆိုခဲ့တာလည်း ဖြစ်ပါတယ်။

စုံတွဲသီဆိုရတာဟာ ကိုယ်တစ်ယောက်တည်းကောင်းနေဖို့ ထက် ကိုယ်နဲ့အတူတူတွဲဖက်သီဆိုသူအပေါ်မှာလည်း နားလည်မှုအပြန်အလှန် ရှိရတာဖြစ်တဲ့ အတွက် အရမ်းကို ပညာသားပါတဲ့ အနေအထားပါ။

ကိုယ်ကြိုက်နှစ်သက်တဲ့ စုံတွဲကိုယ့်ရင်ဘတ်ထဲ ကိုထိမိအောင်သီဆိုနိုင်ခဲ့တဲ့ အဆိုရှင် ပြိုင်ပွဲဝင်သူကိုသာအဓိက Voting ပေးသင့်ပါတယ်။ ဒီနေ့ သြဂုတ် ၃ ရက်မှာတော့ သုံးယောက်ထဲက ဘယ်သူ အရင်ဆုံးထွက်ခွာသွားမလဲ ဆိုတာကို သိရှိရမှာ ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။

Photo Credit: Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com