[Zawgyi]

ကမၻာ့အေကာင္းဆုံး မစ္ဒယ္ဝိတ္တန္း MMA ကစားသမား (၅) ဦး

ကမၻာ့သုိင္းေပါင္းစုံၿပိဳင္ပြဲသတင္းေတြကုိ တင္ဆက္ေပးေနတဲ့ MMAWeekly သတင္းဌာနဟာ မစ္ဒယ္ဝိတ္တန္းကစားသမားေတြရဲ႕ အဆင့္အတန္းကုိ ထုတ္ျပန္လုိက္ပါတယ္။ ကစားေနတဲ့ အဖြဲ႕အစည္းရဲ႕ အဆင့္အတန္း (ဥပမာ – UFC ၊ Bellator MMA ၊ One Championship စသျဖင့္) ၊ အႏုိင္အရႈံးရလဒ္၊ ထိပ္တုိက္ေတြ႕ ဆုံမႈ၊ ၿပိဳင္ဘက္အဆင့္အတန္း၊ ပေရာ္ဖက္ရွင္နယ္ဆန္မႈစတဲ့ အခ်က္အလက္ေတြကုိ အေျချပဳၿပီး အေကာင္းဆုံးကစားသမား (၅) ဦးကုိ ထုတ္ျပန္ခဲ့တာပါ။

(၅) Chris Weidman

Chris Weidman ဟာ UFC ရဲ႕ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံေဟာင္းျဖစ္ပါတယ္။ ၂ဝ၁၃ခုႏွစ္ ဇူလုိင္လ (၆) ရက္ေန႔မွာ Anderson Silva ကုိ အလဲထုိးၿပီး မစ္ဒယ္ဝိတ္တန္းခ်န္ပီယံျဖစ္လာခဲ့ပါတယ္။ ၂ဝ၁၅ခုႏွစ္ ဒီဇင္ဘာလ (၁၂) ရက္ေန႔မွာ Luke Rockhold ကုိ ရႈံးနိမ့္ၿပီး ခ်န္ပီယံဘြဲ႕ ကုိ လက္လႊတ္ခဲ့ရပါတယ္။ (၁၇) ပြဲကစားခဲ့ၿပီး (၁၄) ပြဲႏုိင္ (၃) ပြဲရႈံးရလဒ္ရွိထားတဲ့ Chris Weidman ဟာ UFC ၿပိဳင္ပြဲမွာေတာ့ မစ္ဒယ္ဝိတ္တန္းရဲ႕ တတိယအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။

(၄) Luke Rockhold

Luke Rockhold ဟာလည္း UFC ရဲ႕ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံေဟာင္းျဖစ္ပါတယ္။ Chris Weidman ကုိ အႏုိင္ယူၿပီး မစ္ဒယ္ဝိတ္တန္းခ်န္ပီယံျဖစ္လာေပမယ့္ Michael Bisping ကုိ ရႈံးနိမ့္ၿပီး ခ်န္ပီယံဘြဲ႕ ကုိ လက္လႊတ္ခဲ့ရပါတယ္။ (၂ဝ) ပြဲကစားခဲ့ၿပီး (၁၆) ပြဲႏုိင္ (၄) ပြဲရႈံးရလဒ္ရွိထားတဲ့ Luke Rockhold ဟာ UFC ၿပိဳင္ပြဲမွာေတာ့ မစ္ဒယ္ဝိတ္တန္းရဲ႕ ဒုတိယအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။

(၃) Gegard Mousasi

UFC ကစားသမားေဟာင္း Gegard Mousasi ဟာ လက္ရွိအခ်ိန္မွာေတာ့ Bellator MMA ရဲ႕ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံျဖစ္ပါတယ္။ Rafael Carvalho ကုိ အႏုိင္ယူၿပီး ခ်န္ပီယံျဖစ္လာတဲ့ Gegard Mousasi ဟာ လက္ရွိအခ်ိန္မွာေတာ့ အေကာင္းဆုံးပုံစံမွာရွိေနပါတယ္။ ဒ့ါေၾကာင့္လည္း MMAWeekly သတင္းဌာနက တတိယအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ ေၾကးစား (၅၃) ပြဲ ကစားခဲ့ၿပီး (၄၅) ပြဲႏုိင္ (၂) ပြဲသေရ (၆) ပြဲရႈံး ရလဒ္ပုိင္ဆုိင္ထားပါတယ္။

(၂) Yoel Romero

အုိလံပစ္နပမ္းသမားေဟာင္း Yoel Romero ဟာ လက္ရွိအခ်ိန္မွာေတာ့ UFC ရဲ႕ မစ္ဒယ္ဝိတ္တန္းမွာ ကစားေနပါတယ္။ (၁၆) ပြဲကစားခဲ့ၿပီး (၁၃) ပြဲႏုိင္ (၃) ပြဲရႈံးရလဒ္ရွိထားတဲ့ Yoel Romero ဟာ UFC ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးစိန္ေခၚသူအျဖစ္ သတ္မွတ္ထားပါတယ္။

(၁) Robert Whittaker

MMAWeekly သတင္းဌာနက သတ္မွတ္ထားတဲ့ မစ္ဒယ္ဝိတ္တန္းအေကာင္းဆုံးကစားသမားက UFC ရဲ႕မစ္ဒယ္ဝိတ္တန္းခ်န္ပီယံ Robert Whittaker ပဲျဖစ္ပါတယ္။

(၂၄) ပြဲကစားခဲ့ၿပီး (၂ဝ) ပြဲႏုိင္ (၄) ပြဲရႈံးရလဒ္ရွိထားတဲ့ Luke Rockhold ဟာ အေကာင္းဆုံးအေနအထားမွာပါပဲ။ ကမၻာ့အေကာင္းဆုံး မစ္ဒယ္ဝိတ္တန္း MMA ကစားသမား (၅) ဦးကုိ ေဖာ္ျပခဲ့ၿပီးပါၿပီ။ လက္ေဝွ႔ဝါသနာရွင္ေတြလည္း စိတ္ေက်နပ္ၾကလိမ့္မယ္လုိ႔ ေမ်ွာ္လင့္မိပါတယ္။

One Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ Aung La N Sang ဟာ မစ္ဒယ္ဝိတ္တန္းမွာေတာ့ ကမၻာ့အဆင့္ (၆၉) အျဖစ္ သုိင္းေပါင္းစုံသတင္းေတြကုိ ေဖာ္ျပေပးေနတဲ့ Tapology ကြန္ရက္က သတ္မွတ္ထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာ့အကောင်းဆုံး မစ်ဒယ်ဝိတ်တန်း MMA ကစားသမား (၅) ဦး

ကမ္ဘာ့သိုင်းပေါင်းစုံပြိုင်ပွဲသတင်းတွေကို တင်ဆက်ပေးနေတဲ့ MMAWeekly သတင်းဌာနဟာ မစ်ဒယ်ဝိတ်တန်းကစားသမားတွေရဲ့ အဆင့်အတန်းကို ထုတ်ပြန်လိုက်ပါတယ်။ ကစားနေတဲ့ အဖွဲ့အစည်းရဲ့ အဆင့်အတန်း (ဥပမာ – UFC ၊ Bellator MMA ၊ One Championship စသဖြင့်) ၊ အနိုင်အရှုံးရလဒ်၊ ထိပ်တိုက်တွေ့ ဆုံမှု၊ ပြိုင်ဘက်အဆင့်အတန်း၊ ပရော်ဖက်ရှင်နယ်ဆန်မှုစတဲ့ အချက်အလက်တွေကို အခြေပြုပြီး အကောင်းဆုံးကစားသမား (၅) ဦးကို ထုတ်ပြန်ခဲ့တာပါ။

(၅) Chris Weidman

Chris Weidman ဟာ UFC ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပါတယ်။ ၂ဝ၁၃ခုနှစ် ဇူလိုင်လ (၆) ရက်နေ့မှာ Anderson Silva ကို အလဲထိုးပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ Luke Rockhold ကို ရှုံးနိမ့်ပြီး ချန်ပီယံဘွဲ့ ကို လက်လွှတ်ခဲ့ရပါတယ်။ (၁၇) ပွဲကစားခဲ့ပြီး (၁၄) ပွဲနိုင် (၃) ပွဲရှုံးရလဒ်ရှိထားတဲ့ Chris Weidman ဟာ UFC ပြိုင်ပွဲမှာတော့ မစ်ဒယ်ဝိတ်တန်းရဲ့ တတိယအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၄) Luke Rockhold

Luke Rockhold ဟာလည်း UFC ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပါတယ်။ Chris Weidman ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်လာပေမယ့် Michael Bisping ကို ရှုံးနိမ့်ပြီး ချန်ပီယံဘွဲ့ ကို လက်လွှတ်ခဲ့ရပါတယ်။ (၂ဝ) ပွဲကစားခဲ့ပြီး (၁၆) ပွဲနိုင် (၄) ပွဲရှုံးရလဒ်ရှိထားတဲ့ Luke Rockhold ဟာ UFC ပြိုင်ပွဲမှာတော့ မစ်ဒယ်ဝိတ်တန်းရဲ့ ဒုတိယအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၃) Gegard Mousasi

UFC ကစားသမားဟောင်း Gegard Mousasi ဟာ လက်ရှိအချိန်မှာတော့ Bellator MMA ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်ပါတယ်။ Rafael Carvalho ကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာတဲ့ Gegard Mousasi ဟာ လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒ့ါကြောင့်လည်း MMAWeekly သတင်းဌာနက တတိယအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ကြေးစား (၅၃) ပွဲ ကစားခဲ့ပြီး (၄၅) ပွဲနိုင် (၂) ပွဲသရေ (၆) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပါတယ်။

(၂) Yoel Romero

အိုလံပစ်နပမ်းသမားဟောင်း Yoel Romero ဟာ လက်ရှိအချိန်မှာတော့ UFC ရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ကစားနေပါတယ်။ (၁၆) ပွဲကစားခဲ့ပြီး (၁၃) ပွဲနိုင် (၃) ပွဲရှုံးရလဒ်ရှိထားတဲ့ Yoel Romero ဟာ UFC ပြိုင်ပွဲရဲ့ အကောင်းဆုံးစိန်ခေါ်သူအဖြစ် သတ်မှတ်ထားပါတယ်။

(၁) Robert Whittaker

MMAWeekly သတင်းဌာနက သတ်မှတ်ထားတဲ့ မစ်ဒယ်ဝိတ်တန်းအကောင်းဆုံးကစားသမားက UFC ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ Robert Whittaker ပဲဖြစ်ပါတယ်။

(၂၄) ပွဲကစားခဲ့ပြီး (၂ဝ) ပွဲနိုင် (၄) ပွဲရှုံးရလဒ်ရှိထားတဲ့ Luke Rockhold ဟာ အကောင်းဆုံးအနေအထားမှာပါပဲ။ ကမ္ဘာ့အကောင်းဆုံး မစ်ဒယ်ဝိတ်တန်း MMA ကစားသမား (၅) ဦးကို ဖော်ပြခဲ့ပြီးပါပြီ။ လက်ဝှေ့ဝါသနာရှင်တွေလည်း စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Aung La N Sang ဟာ မစ်ဒယ်ဝိတ်တန်းမှာတော့ ကမ္ဘာ့အဆင့် (၆၉) အဖြစ် သိုင်းပေါင်းစုံသတင်းတွေကို ဖော်ပြပေးနေတဲ့ Tapology ကွန်ရက်က သတ်မှတ်ထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com