ဈေးသက်သာပြီးအရည်အသွေးသင့်တင့်ကောင်းမွန်တဲ့ Smart Electronic Devices တွေ (အထူးသဖြင့် MIUI ကြောင့် User တွေမခွဲနိုင်မခွာနိုင်ဖြစ်နေတဲ့ Xiaomi ဖုန်း) နဲ့နာမည်ကြီးနေတဲ့ Xiaomi ဟာ တကယ်တော့ Internet Services တွေကိုအဓိကမှီခိုအားထားနေရတာဖြစ်ပါတယ်။ Company ရဲ့ 2018 အတွက် ဘဏ္ဍာရေး Report အရ Internet Services တွေကနေ တရုတ်ယွမ် (CNY) ၁၆ ဘီလီယံ ရရှိခဲ့ပြီး Ads Revenue (ဖုန်း Setting ထဲမှာကြော်ငြာတွေထည့်ပြလို့ရတဲ့ဝင်ငွေ)ကနေ ယွမ် ၁၀.၁ ဘီလီယံ သာရရှိခဲ့ပါတယ်။ အသုံးပြုသူတွေက Ads နဲ့ပတ်သက်လို့ Complain တွေတက်ခဲ့ပေမယ့် Ads တွေဟာ Company ရှင်သန်ဖို့အတွက်အလွန်အရေးပါတယ်လို့ဆိုပြီးဆက်လက်ထည့်သွင်းခဲ့ပါတယ်။ Company ကတော့ဒီအတိုင်းဆက်သွားချင်ပေမယ့် CEO Lei Jun က အဲ့ဒီ Ads တွေနဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

Xiaomi ရဲ့ CEO ဟာ ဒီလိုစိတ်ညစ်ဖို့ကောင်းပြီးမသင့်လျော်တဲ့ Ads တွေကို လျှော့ချသွားဖို့ MIUI Team နဲ့ပြောဆိုခဲ့ပါတယ်။ Weibo post တစ်ခုမှာတော့ Lei Jun ဟာ မကြာခင်မှာ MIUI ကိုရောက်လာတော့မယ့် feature အသစ်တွေကို နဲ့ အပေါ်မှာပြောခဲ့တဲ့ Ads နဲ့ပတ်သက်တဲ့အကြောင်းရာ တချို့ကိုမိတ်ဆက်ခဲ့ပါတယ်။
MIUI 11 မှာပါဝင်လာမယ့် Feature သစ်တချို့ကိုမိတ်ဆက်ပြောကြားခဲ့တဲ့အထဲမှာ တော့ QQ social media app ကနေ Call recording ကိုအသုံးပြုလို့ရတော့မှာဖြစ်ပြီး လတ်တလောဖျက်လိုက်မိတဲ့ဓာတ်ပုံတွေအတွက် Local Recycle Bin ၊ Magnifying Glass နဲ့ Ultra-Low-Power Mode တို့ပါဝင်လာတော့မှာဖြစ်ပါတယ်။


User တွေအတွက် အရင်ကထက်အသုံးပြုရပိုမိုအဆင်ပြေလာမှာဖြစ်ပေမယ့်လည်း Ads တချို့ကတော့ လုပ်ငန်းအနေအထားအရ ကျန်ရှိနေဦးမှာပါ။ အခုလာမယ့် MIUI 11 မှာ Ads ပါနေဦးမှာဖြစ်ပေမယ့် အရင်ကထက်လျော့နည်းသွားမှာဖြစ်ပြီး Feature အသစ်တွေနဲ့ User တွေရဲ့မကျေနပ်မှုတွေကို ကုစားလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။

Ref;GSMArena
SiD (Akhayar)
www.akhayar.com