[Zawgyi]

Mi 8 ႏွင့္အတူ MIUI 10 ကို ေမလ ၃၁ ရက္ေန႔မွာ မိတ္ဆက္မယ္

မေန႔က Xiaomi ရဲ႕ Weibo အေကာင့္မွာ ၄င္းတို႔ရဲ႕ ၈ႏွစ္ေျမာက္ႏွစ္ပတ္လည္အထိမ္းအမွတ္အေနနဲ႔ Mi 8 လို႔ယူဆရတဲ့ စမတ္ဖုန္းတစ္လံုးကို မိတ္ဆက္မယ္လို႔ ေၾကညာခဲ့ပါတယ္၊ ေနာက္ဆက္တြဲအေနနဲ႔ Mi 8 အျပင္ ႏွစ္စဥ္ Update လုပ္ေပးေနက်ျဖစ္တဲ့ MIUI Version အသစ္ကိုပါ မိတ္ဆက္သြားမယ္လို႔ ထပ္ဆင့္ေၾကညာခဲ့ပါ။

အခုတစ္ေခါက္ မိတ္ဆက္မယ့္ MIUI Version ကေတာ့ 10 ျဖစ္ပါတယ္။

MIUI 10

ပံုမွာျမင္ရတဲ့ အေရာင္စံု နဲ႔ေရးဆြဲထားတဲ့ နံပါတ္ ၁၀ ရဲ႕ေအာက္မွာ “I will be faster than lightning” ဆိုတဲ့စာသားနဲ႔ ပြဲက်င္းပနဲ႔ ေန႔ရက္နဲ႔ တည္ေနရာတို႔ကို တရုတ္ဘာသာနဲ႔ ထည့္သြင္းေရးသားထားတာျဖစ္ပါတယ္။ သေဘာကေတာ့ အရင္ MIUI 9 ထက္ေတာင္ပိုၿပီးျမန္ဆန္တဲ့ စြမ္းေဆာင္မႈေတြပါဝင္လာမယ္လို႔ေျပာခ်င္တာျဖစ္ႏိုင္ပါတယ္။ ဒီပံုအျပင္ မေန႔က တင္ခဲ့တဲ့ ပိုစတာမွာလည္း “I am Mi 8 and I will be faster than ever” ဆိုတဲ့စာသားကိုထည့္သြင္းခဲ့သလို အခုမိတ္ဆက္မယ့္ဖုန္းအသစ္ဟာ UI ပိုင္းမွာလည္း ယခင္ျမင္ေနက်ပံုစံေတြနဲ႔မတူေတာ့ဘဲ အသြင္သစ္အျမင္သစ္နဲ႔ အသံုးျပဳရလိမ့္မယ္လို႔ဆိုထားပါတယ္။

MIUI 10 နဲ႔ပတ္သက္တဲ့ Feature အသစ္ေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို မၾကာခင္မွာ ျမင္ေတြ႕ႏိုင္ဖြယ္ရွိၿပီး ကြ်မ္းက်င္သူတခ်ိဳ႕ကေတာ့ Android OS Oreo ေပၚမွာ အေျခခံထားတယ္လို႔သံုးသပ္ထားၾကပါတယ္။ ဒါေၾကာင့္ MIUI 10 ကိုအေစာဆံုး အသံုးျပဳႏိုင္မယ့္ ဖုန္းေတြဟာ Android Oreoe Version ကိုအေျခံခံထားတဲ့ ဖုန္းေတြျဖစ္ႏိုင္ၿပီး တျခား Version နိမ့္တဲ့ဖုန္းေတြကေတာ့ ရရွိႏိုင္မယ့္ Feature ေတြကြာျခားႏိုင္ပါတယ္။ ကဲဘယ္လိုလဲ Mi 8 ထက္ MIUI 10 ကိုပိုစိတ္ဝင္စားေနၿပီမလား ?

Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Mi 8 နှင့်အတူ MIUI 10 ကို မေလ ၃၁ ရက်နေ့မှာ မိတ်ဆက်မယ်

မနေ့က Xiaomi ရဲ့ Weibo အကောင့်မှာ ၎င်းတို့ရဲ့ ၈နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ Mi 8 လို့ယူဆရတဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ Mi 8 အပြင် နှစ်စဉ် Update လုပ်ပေးနေကျဖြစ်တဲ့ MIUI Version အသစ်ကိုပါ မိတ်ဆက်သွားမယ်လို့ ထပ်ဆင့်ကြေညာခဲ့ပါ။

အခုတစ်ခေါက် မိတ်ဆက်မယ့် MIUI Version ကတော့ 10 ဖြစ်ပါတယ်။

MIUI 10

ပုံမှာမြင်ရတဲ့ အရောင်စုံ နဲ့ရေးဆွဲထားတဲ့ နံပါတ် ၁၀ ရဲ့အောက်မှာ “I will be faster than lightning” ဆိုတဲ့စာသားနဲ့ ပွဲကျင်းပနဲ့ နေ့ရက်နဲ့ တည်နေရာတို့ကို တရုတ်ဘာသာနဲ့ ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ သဘောကတော့ အရင် MIUI 9 ထက်တောင်ပိုပြီးမြန်ဆန်တဲ့ စွမ်းဆောင်မှုတွေပါဝင်လာမယ်လို့ပြောချင်တာဖြစ်နိုင်ပါတယ်။ ဒီပုံအပြင် မနေ့က တင်ခဲ့တဲ့ ပိုစတာမှာလည်း “I am Mi 8 and I will be faster than ever” ဆိုတဲ့စာသားကိုထည့်သွင်းခဲ့သလို အခုမိတ်ဆက်မယ့်ဖုန်းအသစ်ဟာ UI ပိုင်းမှာလည်း ယခင်မြင်နေကျပုံစံတွေနဲ့မတူတော့ဘဲ အသွင်သစ်အမြင်သစ်နဲ့ အသုံးပြုရလိမ့်မယ်လို့ဆိုထားပါတယ်။

MIUI 10 နဲ့ပတ်သက်တဲ့ Feature အသစ်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ မြင်တွေ့နိုင်ဖွယ်ရှိပြီး ကျွမ်းကျင်သူတချို့ကတော့ Android OS Oreo ပေါ်မှာ အခြေခံထားတယ်လို့သုံးသပ်ထားကြပါတယ်။ ဒါကြောင့် MIUI 10 ကိုအစောဆုံး အသုံးပြုနိုင်မယ့် ဖုန်းတွေဟာ Android Oreoe Version ကိုအခြေံခံထားတဲ့ ဖုန်းတွေဖြစ်နိုင်ပြီး တခြား Version နိမ့်တဲ့ဖုန်းတွေကတော့ ရရှိနိုင်မယ့် Feature တွေကွာခြားနိုင်ပါတယ်။ ကဲဘယ်လိုလဲ Mi 8 ထက် MIUI 10 ကိုပိုစိတ်ဝင်စားနေပြီမလား ?

Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com