ဘယ်အချိန်မှာ မျိုတာလဲ

၇မီတာ (၂၃ပေ) လောက်ရှိတဲ့ စပါးအုံးမြွေကြီးက လူတစ်ယောက်ကို မြိုလိုက်တဲ့သတင်းကလည်း ကမ္ဘာကျော်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူလောဝေစီကျွန်း (Sulawesi Island) အနောက်ပိုင်းမှာရှိတဲ့ ရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။ ၂၅နှစ်အရွယ် အက်ဘာ ဆာလူဘီရို (Akbar Salubiro) ဟာ တနင်္ဂနွေနေ့ (မတ်လ ၂၆ရက်) တုန်းက ဆီအုန်းပင်ရိတ်သိမ်းမယ်ဆိုပြီး အိမ်ကနေ ထွက်သွားကတည်းက ပျောက်ဆုံးနေတာဖြစ်ပါတယ်။

villagers cut open a giant python

ဘယ်မှာတွေ့တာလဲ

စိတ်ပူနေကြတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ လိုက်ရှာကြတဲ့အခါ နောက်တစ်နေ့ညနေ သူ့ရဲ့ဥယျာဉ်နောက်ဘေးမှာ ၂၃ပေလောက်ရှည်တဲ့ စပါးအုံးမြွေကြီးကို တွေ့ရှိခဲ့ပါတယ်။ မြွေကြီးဟာ ဗိုက်ပြည့်တဲ့ပုံသဏ္ဍန်နဲ့ မလှုပ်မရှားတည်နေတာဖြစ်ပြီးတော့ ထူးခြားတဲ့အရိပ်အယောင်က အက်ဘာ ဆာလူဘီရိုရဲ့ဖိနပ်တွေဟာ မြွေကြီးရဲ့ဗိုက်ထဲမှာ မြင်နေရတဲ့အတွက် မျိုချခံရမှန်းသိသာခဲ့တာဖြစ်ပါတယ်။

the stomach of a seven metre-long PYTHON

ဘယ်လိုခွဲထုတ်ခဲ့တာလဲ

စပါးအုံးမြွေကြီးရဲ့ ဝမ်းဗိုက်ကို ၁၈လက်မ (၁ပေခွဲ)လောက်ရှည်တဲ့ သားလှီးဓားတဲ့ ခွဲခဲ့တဲ့အချိန်မှာတော့ အက်ဘာ ဆာလူဘီရိုရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ အိမ်နီးနားခြင်းဖြစ်တဲ့ စာထီရာဝမ် (Satriawan) ကတော့ အက်ဘာ ဆာလူဘီရိုကို “ဥယျာဉ်ခြံထဲမှာ နောက်ဆုံးတွေ့ခဲ့တယ်”လို့ ဆိုပါတယ်။ ဇနီးဖြစ်သူ မူနူ (Munu) ကတော့ လင်တော်မောင် မြွေမျိုခံရတဲ့အချိန်မှာ အိမ်မှာရှိမနေဘဲနဲ့ အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင်တက်လာမှသာ သိရတယ်လို့ ဆိုပါတယ်။ ရပ်ရွာအတွင်းရေးမှူး ဆာလူဘီရို ဂျူနိုင်ဒီ (Salubiro Junaidi) ကတော့ “လူတွေက ဆီအုန်းတောထဲမှာ ငိုသံတွေတော့ ကြားလိုက်ရပါတယ်” လို့ဆိုပါသေးတယ်။

တကယ်တော့ စပါးအုံးမြွေတွေဟာ လူတွေကို အသက်ရှုကြပ်သွားအောင် ရစ်ပတ်ပြီးမှ မျိုချလေ့ရှိတဲ့ သတ္တဝါတွေပါ။ စပါးအုံးမြွေထဲကနေ အက်ဘာ ဆာလူဘီရိုကို ခွဲထုတ်တဲ့ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်နော်။ ဓာတ်ပုံမူရင်း – Viral Press

https://www.youtube.com/watch?v=bBgniHs37cY

ကျော်စိုးအောင် (အခရာ)

www.akhayar.com