[Zawgyi]

အခြန္ေရွာင္မႈေၾကာင့္ ေဒၚလာသန္း (၇ဝ) နီးပါး ဒဏ္ရုိက္ခံရတဲ့ Fan Bingbing

တရုတ္မင္းသမီးေခ်ာ Fan Bingbing နဲ႔ သူမရဲ႕ ေအဂ်င္စီဟာ တရုတ္ယြမ္ ၂၅၅ သန္း (အေမရိကန္ေဒၚလာ ၃၇သန္း) အခြန္ေဆာင္ဖုိ႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ယြမ္ ၈၈၃ သန္း (အေမရိကန္ေဒၚလာ ၁၂၉သန္း) ဒဏ္ေငြေဆာင္ဖုိ႔ က်န္းစုျပည္နယ္အခြန္ဗ်ဴရုိ (Jiangsu Provincial Taxation Bureau) က အမိန္႔ခ်မွတ္လုိက္ပါတယ္။

Fan Bingbing အေနနဲ႔ ယြမ္ ၄၇၉သန္း (အေမရိကန္ေဒၚလာ ၆၉.၇၄သန္း) ေပးေဆာင္ရမွာျဖစ္ၿပီး က်န္တဲ့ပမာဏကုိ သူမနဲ႔ အလုပ္တြဲလုပ္တဲ့ ေအဂ်င္စီက ေပးရမွာပါ။

Fan Bingbing ဟာ သုံးလနီးပါး ပရိသတ္ျမင္ကြင္းက ေပ်ာက္သြားခဲ့ၿပီး ဇူလုိင္လ (၁) ရက္ေန႔တုန္းက ကေလးေဆးရုံကုိ အလည္သြားတဲ့ပုံရိပ္ကုိ သူမရဲ႕ပရိသတ္ေတြက ေနာက္ဆုံးျမင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္တည္းက သူမဟာ လူမႈကြန္ရက္လည္း မသုံးေတာ့ဘဲ ဘယ္ေနရာမွာ ေနထုိင္သလဲဆုိတာ ဘယ္သူမွ မသိပါဘူး။

Fan Bingbing ကုိ အာဏာပုိင္ေတြက ထိန္းသိမ္းထားတယ္လုိ႔ တခ်ိဳ႕က ဆုိၾကပါေသးတယ္။ ေအာက္တုိဘာလ (၃) ရက္ေန႔မွာေတာ့ သူမဟာ “ကြ်န္မ ႏုိင္ငံေတာ္အခြန္ကုိ ေရွာင္ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။ ကုိယ့္ကုိယ္ကုိယ္ ရွက္မိပါတယ္ရွင္” ဆုိၿပီး တရုတ္လူမႈကြန္ရက္ Weibo ကေန ပရိသတ္ (၆၂) သန္းကုိ ေတာင္းပန္ခဲ့ပါတယ္။

(၃၇) ႏွစ္ရွိၿပီျဖစ္တဲ့ Fan Bingbing ဟာ အႏုပညာေလာကကုိ ၁၉၉၆ခုႏွစ္တည္းက ဝင္ေရာက္ခဲ့ၿပီး ေဟာလီးဝုဒ္အထိပါ ေျခဆန္႔ႏုိင္တဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ Cell Phone (2005) ၊ Lost in Beijing (2007) ၊ Buddha Mountain (2011) ၊ Double Xposure (2012) ၊ Iron Man 3 (2013) နဲ႔ X-Men: Days of Future Past (2014) ရုပ္ရွင္ကားေတြမွာ ထင္ရွားခဲ့ပါတယ္။

မင္းသမီးေခ်ာ Fan Bingbing ဟာ ၂ဝ၁၇ခုႏွစ္မွာ ယြမ္ ၃ဝဝ သန္း (အေမရိကန္ေဒၚလာ ၄၃သန္း) အထိ ဝင္ေငြရွိတယ္လုိ႔ သိရၿပီး သူမအေနနဲ႔႔ ယြမ္ ၄၇၉သန္း (အေမရိကန္ေဒၚလာ ၆၉.၇၄သန္း) ကုိ ၂ဝ၁၈ခုႏွစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔မတုိင္ခင္ ေပးေဆာင္ရမွာျဖစ္ပါတယ္။ တကယ္လုိ႔ ထပ္မံပ်က္ကြက္ခဲ့ရင္ေတာ့ တရားဥပေဒရဲ႕အျပစ္ေပးျခင္းကုိ ခံရေတာ့မွာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အခွန်ရှောင်မှုကြောင့် ဒေါ်လာသန်း (၇ဝ) နီးပါး ဒဏ်ရိုက်ခံရတဲ့ Fan Bingbing

တရုတ်မင်းသမီးချော Fan Bingbing နဲ့ သူမရဲ့ အေဂျင်စီဟာ တရုတ်ယွမ် ၂၅၅ သန်း (အမေရိကန်ဒေါ်လာ ၃၇သန်း) အခွန်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ယွမ် ၈၈၃ သန်း (အမေရိကန်ဒေါ်လာ ၁၂၉သန်း) ဒဏ်ငွေဆောင်ဖို့ ကျန်းစုပြည်နယ်အခွန်ဗျူရို (Jiangsu Provincial Taxation Bureau) က အမိန့်ချမှတ်လိုက်ပါတယ်။

Fan Bingbing အနေနဲ့ ယွမ် ၄၇၉သန်း (အမေရိကန်ဒေါ်လာ ၆၉.၇၄သန်း) ပေးဆောင်ရမှာဖြစ်ပြီး ကျန်တဲ့ပမာဏကို သူမနဲ့ အလုပ်တွဲလုပ်တဲ့ အေဂျင်စီက ပေးရမှာပါ။

Fan Bingbing ဟာ သုံးလနီးပါး ပရိသတ်မြင်ကွင်းက ပျောက်သွားခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့တုန်းက ကလေးဆေးရုံကို အလည်သွားတဲ့ပုံရိပ်ကို သူမရဲ့ပရိသတ်တွေက နောက်ဆုံးမြင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တည်းက သူမဟာ လူမှုကွန်ရက်လည်း မသုံးတော့ဘဲ ဘယ်နေရာမှာ နေထိုင်သလဲဆိုတာ ဘယ်သူမှ မသိပါဘူး။

Fan Bingbing ကို အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ တချို့က ဆိုကြပါသေးတယ်။ အောက်တိုဘာလ (၃) ရက်နေ့မှာတော့ သူမဟာ “ကျွန်မ နိုင်ငံတော်အခွန်ကို ရှောင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်ရှင်” ဆိုပြီး တရုတ်လူမှုကွန်ရက် Weibo ကနေ ပရိသတ် (၆၂) သန်းကို တောင်းပန်ခဲ့ပါတယ်။

(၃၇) နှစ်ရှိပြီဖြစ်တဲ့ Fan Bingbing ဟာ အနုပညာလောကကို ၁၉၉၆ခုနှစ်တည်းက ဝင်ရောက်ခဲ့ပြီး ဟောလီးဝုဒ်အထိပါ ခြေဆန့်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ Cell Phone (2005) ၊ Lost in Beijing (2007) ၊ Buddha Mountain (2011) ၊ Double Xposure (2012) ၊ Iron Man 3 (2013) နဲ့ X-Men: Days of Future Past (2014) ရုပ်ရှင်ကားတွေမှာ ထင်ရှားခဲ့ပါတယ်။

မင်းသမီးချော Fan Bingbing ဟာ ၂ဝ၁၇ခုနှစ်မှာ ယွမ် ၃ဝဝ သန်း (အမေရိကန်ဒေါ်လာ ၄၃သန်း) အထိ ဝင်ငွေရှိတယ်လို့ သိရပြီး သူမအနေနဲ့ ယွမ် ၄၇၉သန်း (အမေရိကန်ဒေါ်လာ ၆၉.၇၄သန်း) ကို ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မတိုင်ခင် ပေးဆောင်ရမှာဖြစ်ပါတယ်။ တကယ်လို့ ထပ်မံပျက်ကွက်ခဲ့ရင်တော့ တရားဥပဒေရဲ့အပြစ်ပေးခြင်းကို ခံရတော့မှာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com