Miss Universe Myanmar 2014 ဆုကိုဆြတ္ခူးႏိုင္ခဲ႔တဲ႔ သ်ွားထြဋ္အိျႏၵာဟာ ဟိုအရင္က ေပါင္ ၁၅၀ ေက်ာ္ရွိခဲ႔တဲ႔ ဖက္တီးေလးျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြလုပ္ဖို႔အတြက္ ကိုယ္အေလးခ်ိန္ေလ်ွာ႔ခ်ခဲ႔တဲ႔ ေနရာမွာ မေလွ်ာ႔ေသာဇြဲနဲ႔ တစ္လအတြင္းေပါင္ ၄၀ ေက်ာ္က်ေအာင္ၾကိဳးစားႏိုင္ခဲ႔တဲ႔  သူမရဲ႕အေၾကာင္းကို ေမးျမန္းေဖာ္ျပေပးလိုက္ပါတယ္။

ဖက္တီးေလးမွသည္ Miss အျဖစ္သို႔

သွ်ား အရင္တုန္းကေပါင္ခ်ိန္အရမ္းမ်ားပါတယ္။ ၁၅၅ ေပါင္ရွိပါတယ္။အႏုပညာအလုပ္ေတြစလုပ္မယ္ဆိုတဲ႔အခ်ိ္န္မွာ ကိုယ္ဝိတ္မက်တဲ႔အခါက်ေတာ႔ ကိုယ္႔ကိုအဖက္မလုပ္တာေတြမ်ားလာတယ္။ အဲဒါနဲ႔သ်ွားဝိတ္ေလွ်ာ႔တယ္။  တစ္စိုက္မတ္မတ္ရည္မွန္းခ်က္ထားၾကိဳးစားတဲ႔အခ်ိန္မွာ ဆယ္ေပါင္ေလာက္က်သြားတယ္။ Miss Universe Myanmar 2014 ျပိဳင္ဖို႔ ေဖာင္စဝယ္တဲ႔အခ်ိန္မွာ ၁၄၅ ေပါင္ပါ။ ျမန္မာႏိုင္ငံမွာသွ်ားဆုရသြားတဲ႔အခ်ိန္မွာ ၁၂၅ ေပါင္ျဖစ္ေအာင္ၾကိဳးစားခဲ႔ပါတယ္။ ႏိုင္ငံျခားမွာ သြားျပိဳင္တဲ႔အခ်ိန္မွာ ၁၁၅ ၊ ဒီကိုျပန္ေရာက္တဲ႔အခ်ိန္မွာ ၁၀၈ ေပါင္ပဲ ရွိပါေတာ႔တယ္။ ကိုယ္႔ကိုယ္ကုိယ္မညွာဘဲ ေသခ်ာအပင္ပန္းခံခဲ႔ရပါတယ္။

ဘယ္လိုေတြ စားေသာက္လဲ

သွ်ားက အစားကိုအခ်ိန္မွန္မွန္စားတယ္။ ညေန ၃ နာရီေက်ာ္ရင္ေတာ႔ အသီးအႏွံတို႔အရြက္သုပ္တို႔ပဲ စားတယ္။ တျခားအဆီတက္ေစတဲ႔ဟာေတြလံုးဝေရွာင္တယ္။ ေန႔လယ္စာကို ဗို္က္ျပည္႔ေအာင္စားတယ္။ မနက္စာကိုေတာ႔ အသီးစားတယ္။ ေကာ္ဖီေလးေသာက္တယ္။ အဆီအအိမ္႔နဲ႔ ကာဗိုဟိုက္ျဒိတ္ေရွာင္ျပီး အာဟာရျပည္႔ေအာင္ေတာ႔ စားျဖစ္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈဘာေတြလုပ္လဲ

အဲဒီအခ်ိန္တုန္းက Gym ကို သွ်ားတုိ႔နားက Unique Gym မွာပဲ ေဆာ႔ပါတယ္။ Gym မသြားျဖစ္တဲ႔ေန႔ေတြမွာလည္း အိမ္မွာ Gym သေဘာအေနနဲ႔ ေလ႔က်င္႔ခန္းေတြလုပ္တယ္။ မပ်က္မကြက္လုပ္ပါတယ္။ Gym မသြားျဖစ္လုိ႔ နားလိုက္တာမ်ိဳးမရွိပါဘူး။ ျပိဳင္ပြဲသြားျပိဳင္တဲ႔အခ်ိန္တုန္းကဆိုရင္ တစ္ေန႔ကို အိပ္ထမတင္ အၾကိမ္တစ္ေထာင္လုပ္တယ္။ ဆန္႔ထုတ္ေလ႔က်င္႔ခန္းေတြကိုလည္း တစ္ေန႔ကိုအၾကိမ္တစ္ေထာင္ေလာက္လုပ္ျဖစ္တယ္။

Shar Htut Eaindra

ဝိတ္ေလွ်ာ႔မယ္ဆိုရင္

အရင္ဆံုးအစားကိုေလွ်ာ႔ျပီးေတာ႔မွ ပိန္ေအာင္ခ်ေစခ်င္တယ္။ ျပီးေတာ႔မွ အသားျပန္က်စ္ေအာင္ဆိုျပီး Gym ေဆာ႔ေစခ်င္ပါတယ္။ အစားကိုထိန္းခ်ဳပ္ႏိုင္ရင္ အေတာ္ေလးသိသာလာမွာပါ။ အဲဒီေနာက္မွာမွ လမ္းေလွ်ာက္တာ ေျပးတာမ်ိဳးတဆင္႔ခ်င္းလုပ္ၾကည္႔ပါ။ အသားအေရေပ်ာ႔လာခ်ိန္မွာ ျပန္ျပီးက်စ္လ်စ္ေအာင္ Gym ေဆာ႔ေပးႏိုင္ပါတယ္။ ပိန္ေဆးေတြေသာက္တာမ်ိဴးေတာ႔ မလုပ္ေစခ်င္ပါဘူး။

ေျပာျပခ်င္တဲ႔အားေပးစကား

အဓိကက ကိုယ္ေလွ်ာက္ခ်င္တဲ႔လမ္းေပၚမူတည္ျပီးေတာ႔ စိတ္အားမေလ်ာ႔ဘဲျဖစ္ေအာင္လုပ္ဖို႔လိုပါတယ္။ ကိုယ္ၾကိဳးစားေနတဲ႔အခ်ိန္မွာ အခက္အခဲေတြ ပင္ပန္းဆင္းရဲမႈေတြ ေတြ႔ရမွာပါ။ အဲဒါကို စိတ္မပ်က္ဘဲ ငါျဖစ္ေအာင္လုပ္ရမယ္ဆိုျပီး ကိုယ္႔ကိုယ္ကုိယ္ အျမဲသတိေပးဖို႔လိုပါတယ္။ အျမဲတမ္းစိတ္မပ်က္ အားမေလွ်ာ႔ဘဲ ၾကိဳးစားရင္ကိုယ္႔ဆႏၵေတြအတိုင္းျဖစ္လာမွာပါလို႔ ေျပာခ်င္ပါတယ္။

Photo Credit# Shar Htut Eaindra Facebook

www.akhayar.com

Unicode

Miss Universe Myanmar 2014 ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ သျှားထွဋ်အိန္ဒြာဟာ ဟိုအရင်က ပေါင် ၁၅၀ ကျော်ရှိခဲ့တဲ့ ဖက်တီးလေးဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ဖို့အတွက် ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ နေရာမှာ မလျှော့သောဇွဲနဲ့ တစ်နှစ်အတွင်းပေါင် ၄၀ ကျော်ကျအောင်ကြိုးစားနိုင်ခဲ့တဲ့  သူမရဲ့အကြောင်းကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ဖက်တီးလေးမှသည် Miss အဖြစ်သို့

သျှား အရင်တုန်းကပေါင်ချိန်အရမ်းများပါတယ်။ ၁၅၅ ပေါင်ရှိပါတယ်။အနုပညာအလုပ်တွေစလုပ်မယ်ဆိုတဲ့အချိန်မှာ ကိုယ်ဝိတ်မကျတဲ့အခါကျတော့ ကိုယ့်ကိုအဖက်မလုပ်တာတွေများလာတယ်။ အဲဒါနဲ့သျှားဝိတ်လျှော့တယ်။  တစ်စိုက်မတ်မတ်ရည်မှန်းချက်ထားကြိုးစားတဲ့အချိန်မှာ ဆယ်ပေါင်လောက်ကျသွားတယ်။ Miss Universe Myanmar 2014 ပြိုင်ဖို့ ဖောင်စဝယ်တဲ့အချိန်မှာ ၁၄၅ ပေါင်ပါ။ မြန်မာနိုင်ငံမှာသျှားဆုရသွားတဲ့အချိန်မှာ ၁၂၅ ပေါင်ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ နိုင်ငံခြားမှာ သွားပြိုင်တဲ့အချိန်မှာ ၁၁၅ ၊ ဒီကိုပြန်ရောက်တဲ့အချိန်မှာ ၁၀၈ ပေါင်ပဲ ရှိပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်မညှာဘဲ သေချာအပင်ပန်းခံခဲ့ရပါတယ်။

ဘယ်လိုတွေ စားသောက်လဲ

သျှားက အစားကိုအချိန်မှန်မှန်စားတယ်။ ညနေ ၃ နာရီကျော်ရင်တော့ အသီးအနှံတို့အရွက်သုပ်တို့ပဲ စားတယ်။ တခြားအဆီတက်စေတဲ့ဟာတွေလုံးဝရှောင်တယ်။ နေ့လယ်စာကို ဗိုက်ပြည့်အောင်စားတယ်။ မနက်စာကိုတော့ အသီးစားတယ်။ ကော်ဖီလေးသောက်တယ်။ အဆီအအိမ့်နဲ့ ကာဗိုဟိုက်ဒြိတ်ရှောင်ပြီး အာဟာရပြည့်အောင်တော့ စားဖြစ်ပါတယ်။

Shar Htut Eaindra

ကိုယ်လက်လှုပ်ရှားမှုဘာတွေလုပ်လဲ

အဲဒီအချိန်တုန်းက Gym ကို သျှားတို့နားက Unique Gym မှာပဲ ဆော့ပါတယ်။ Gym မသွားဖြစ်တဲ့နေ့တွေမှာလည်း အိမ်မှာ Gym သဘောအနေနဲ့ လေ့ကျင့်ခန်းတွေလုပ်တယ်။ မပျက်မကွက်လုပ်ပါတယ်။ Gym မသွားဖြစ်လို့ နားလိုက်တာမျိုးမရှိပါဘူး။ ပြိုင်ပွဲသွားပြိုင်တဲ့အချိန်တုန်းကဆိုရင် တစ်နေ့ကို အိပ်ထမတင် အကြိမ်တစ်ထောင်လုပ်တယ်။ ဆန့်ထုတ်လေ့ကျင့်ခန်းတွေကိုလည်း တစ်နေ့ကိုအကြိမ်တစ်ထောင်လောက်လုပ်ဖြစ်တယ်။

ဝိတ်လျှော့မယ်ဆိုရင်

အရင်ဆုံးအစားကိုလျှော့ပြီးတော့မှ ပိန်အောင်ချစေချင်တယ်။ ပြီးတော့မှ အသားပြန်ကျစ်အောင်ဆိုပြီး Gym ဆော့စေချင်ပါတယ်။ အစားကိုထိန်းချုပ်နိုင်ရင် အတော်လေးသိသာလာမှာပါ။ အဲဒီနောက်မှာမှ လမ်းလျှောက်တာ ပြေးတာမျိုးတဆင့်ချင်းလုပ်ကြည့်ပါ။ အသားအရေပျော့လာချိန်မှာ ပြန်ပြီးကျစ်လျစ်အောင် Gym ဆော့ပေးနိုင်ပါတယ်။ ပိန်ဆေးတွေသောက်တာမျိူးတော့ မလုပ်စေချင်ပါဘူး။

ပြောပြချင်တဲ့အားပေးစကား

အဓိကက ကိုယ်လျှောက်ချင်တဲ့လမ်းပေါ်မူတည်ပြီးတော့ စိတ်အားမလျော့ဘဲဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ကိုယ်ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ တွေ့ရမှာပါ။ အဲဒါကို စိတ်မပျက်ဘဲ ငါဖြစ်အောင်လုပ်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးဖို့လိုပါတယ်။ အမြဲတမ်းစိတ်မပျက် အားမလျှော့ဘဲ ကြိုးစားရင်ကိုယ့်ဆန္ဒတွေအတိုင်းဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။

Photo Credit# Shar Htut Eaindra Facebook

www.akhayar.com