Miss Universe 2016 ရဲ့ National Costume Award ကို မြန်မာအလှမယ်မှ ထိုက်ထိုက်တန်တန် ဆွတ်ခူး

ဖိလစ်ပိုင်  နိုင်ငံ မနီလာမြို့ မှာ ကျင်းပပြုလုပ်တဲ့ Miss Universe 2016 ပွဲကြီးမှာ နိုင်ငံတကာက အလှမယ်ပေါင်း ၈၆ ယောက် ဝင်ပြိုင်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းမှ မြန်မာရုပ်သေးမင်းသမီး ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ National Costume Award (နိုင်ငံကိုယ်စားပြုဝတ်စုံ) ဆုကို အခရာက ထင်ထားတဲ့ အတိုင်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါပြီ။

ထက်ထက်ထွန်းဟာ ပြိုင်ပွဲဝင်တဲ့ နေ့ကတည်းက လက်ခုပ်သြဘာသံ အများအပြား ရရှိခဲ့ပြီး ဆုရရှိမယ်လို့ နိုင်ငံတကာ website တော်တော်များများက ရေးသားခဲ့ကြပါတယ်။ Miss Universe ပွဲထုံးစံအရဆို Costume Winner ကြေငြာတဲ့ အခါ Finalနေ့မှာ LED ပေါ် စာတန်းထိုးပြီး ဘယ်နိုင်ငံက အလှမယ် က Winner ပါ လို့ ကြေငြာတတ်ကြပေမယ့် ဒီနှစ်မှာတော့ ထက်ထက်ထွန်းရဲ့ National Costume နဲ့ ကပြမှုကို ထပ်မံပြသချင်တဲ့ အတွက် Full Dress Rehearsal Show မှာပဲ Winner အဖြစ် တစ်ရက်စောကြေငြာလိုက်ပါတယ်။

 

You May Also Like : “Miss Universe National Costume ပြိုင်ပွဲမှာ ထက်ထက်ထွန်းဧ။် ရုပ်သေးဝတ်စုံလူကြိုက်များ

 

Presenter Steve Harvey က ထပ်မံ ပြသဖို့ တောင်းဆိုကြေငြာတဲ့အခါ ထက်ထက်ထွန်းကလည်း ထပ်ပြီး ရုပ်သေးရုပ် အသွင်နဲ့ performance ကို အကောင်းဆုံး လုပ်ပြသွားခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ။ ဒီနှစ်အတွက် Miss Universe 2016 ဆုကိုတော့ ပြင်သစ်အလှမယ်က ရရှိသွားခဲ့ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com


P
hoto Credit : missosology.com