[Zawgyi]








Stella(Akhayar)

www.Akhayar.com 

[Unicode]

Accident တစ်ခုဖြစ်လို့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရွှေအိမ်စည်

အလှမယ်၊ မော်ဒယ် ရွှေအိမ်စည် တစ်ယောက် သြဂုတ်လ(၃)ရက်နေ့က Accident တစ်ခုဖြစ်လို့ ခြေထောက်မှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်စည်ဟာ ပွင့်လင်းသွက်လက်တဲ့ အပြောအဆိုအပြုအမူလေးတွေကြောင့် ပရိသတ်အများစုရဲ့ ဝန်းရံအားပေးမှုတွေရရှိထားသူဆိုလည်းမမှားပါဘူး။ လက်တစ်လောမှာ အနုပညာလှုပ်ရှားမှုတွေပိုစိပ်လာခဲ့တဲ့ အိမ်စည်ဟာ ခြေထောက်ဒဏ်ရာရရှိထားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို နားလည်ပေးဖို့ အခုလို ရင်ဖွင့်ထားတာတွေ့ရပါတယ်။


“အရေးကြီးတဲ့အချိန်တစ်ခုရောက်ရင် ကံဆိုးတတ်တာ အစဉ်အလာလိုဖြစ်နေတယ် မနေ့ညက accident တစ်ခုဖြစ်သွားတယ် အိမ်စည်နဲ့ pageant နဲ့လည်း အကျိုးမပေးဘူးလားမသိဘူး ဘာပဲဖြစ်ဖြစ်လုပ်နိုင်သလောက်တော့ ဆက်လုပ်ရမှာပဲ အတတ်နိုင်ဆုံးပေါ့ ကြားထဲမှာ လက်ခံထားတဲ့ အလုပ်တွေမလုပ်ဖြစ်နိုင်တော့တာလည်း စိတ်မကောင်းပါဘူး ပီးတော့ အိမ့်စည့်ကို မျှော်လင့်ထားတဲ့ ပရိသတ်တွေကို ကြိုတင်အသိပေးထားတဲ့သဘောပါ။

ဒီပြိုင်ပွဲမှာ အိမ်စည်အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ် ဒါပေမယ့် ဒဏ်ရာအခြေအနေကြောင့် အဆင်မပြေဘူးဆိုလည်း အိမ်စည့်ကို နားလည်ပေးပါ” ဆိုပြီး ရေးသားကာ ပရိသတ်ကို အသိပေးထားပါတယ်။ ခြေထောက်မှာ ပတ်တီးစီးထားရတဲ့ အိမ်စည်ကို အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါဦး ပရိသတ်ကြီးရေ။

Photos Credit – Shwe Eain Si facebook

Stella(Akhayar)

www.Akhayar.com