[Zawgyi]

Miss Myanmar World 2018 ဟန်တီ ရဲ့  ဝမ်းသာပီတိ ပုံရိပ်များ

Miss Myanmar World 2018 ဆုကို ဟန်တီ က ရရှိသွားတာဖြစ်ပါတယ်။ ဟန်တီဟာဆိုရင် ဒီပြိုင်ပွဲ ကိုဝင်ရန်အတွက် အနုပညာအလုပ်တွေကိုပါခေတ္တရပ်နားထားပြီး အားသွန်ခွန်ဆိုက်ပါဝင်ယှဉ်ပြိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

အခုတော့ ဟန်တီဟာ Winner ဆုကိုထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဟန်တီရဲ့ အသက်ဟာ ၂၁ နှစ်ရှိပြီဖြစ်ပါတယ်။ အသက် ငယ်ရွယ်ပြီးလှပတဲ့ Miss Myanmar World လေး ဟန်တီတစ်ယောက်အနုပညာလုပ်ငန်းတွေ ကိုဒီထက်မကလုပ်ဆောင်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ရရှိခဲ့တဲ့ Winner ဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။

ဟန်တီဆိုတဲ့ နာမည်လေးကို ပြောင်းဖြစ်လိုက်တာကလည်း ဟန်သီလို့ခေါ်တဲ့နာမည်တုန်းက အခွင့်အရေးတွေကို သီသီလေးလွှဲခဲ့ရတဲ့ အတွက် အခုလိုဟန်တီလို့ပြောင်းလဲခေါ်ဝေါ်စေတာဖြစ်တယ် လို့သူမရဲ့ မေမေကပြောဖူးပါတယ်။ အခုတော့ ဟန်တီလေးတစ်ယောက်အခွင့်အရေး တွေကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Han Ti Facebook Page

www.akhayar.com