[Zawgyi]

သရုပ္ေဆာင္တစ္ဦးအျဖစ္ပါ ျမင္ေပးေစလိုပါတယ္လို႔ ဆိုလာတဲ႔ အလွမယ္၊ အဆိုေတာ္ ဟန္သီ

ဟန္သီအေနနဲ႔ သူ႔ကုိ Miss တစ္ေယာက္အေနနဲ႔သာမက သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ျမင္ေပးေစလုိတယ္လို႔ ပရိသတ္ေတြကုိ အလွမယ္၊ အဆိုေတာ္ နဲ႕ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဟန္သီက ေျပာဆုိလုိက္ပါတယ္။

“ဟန္သီအေနနဲ႔ သ႐ုပ္ေဆာင္လုိင္းကိုလည္း သြားခ်င္တယ္။ သ႐ုပ္ေဆာင္ပညာကိုလည္း သြားသင္ထားတာျဖစ္တဲ့အတြက္ သ႐ုပ္ေဆာင္တစ္ေယာက္လိုပါ ျမင္ေစခ်င္တယ္။ Miss တစ္ေယာက္ပဲ မဟုတ္ဘဲနဲ႔ ပရဟိတျပဳလုပ္သူတစ္ေယာက္အေနႏွင္႔တင္သာမက ႐ုပ္ရွင္အႏုပညာလုပ္ေဆာင္ေနသူ အျဖစ္ႏွင္႔ပါ ဟန္သီရဲ႕အႏုပညာေတြကို ပရိတ္သတ္ကိုႀကီးဆီကိုခ်ျပခ်င္တယ္။”လုိ႔ ဟန္သီက ဆိုပါတယ္။

ဟန္သီအေနနဲ႔ေတာ့ သရုပ္ေဆာင္အလုပ္ကို ၂၀၁၆ ႏွစ္ကုန္ပိုင္းက အလြမ္းဒ႑ာရီ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဇာတ္ေဆာင္အျဖစ္ ပါဝင္႐ိုက္ကူးထားတယ္လုိ႔ သိရပါတယ္။

“Miss နဲ႔ ပတ္သတ္ရင္လည္း တန္ဖိုးရွိတဲ့အရာေလးကို ရထားတဲ့အတြက္ Miss တစ္ေယာက္အေနႏွင္႔လည္း အေကာင္းဆံုးလုပ္ေဆာင္ၿပီး အလွမယ္ႏွင္႔သက္ဆိုင္တဲ႔ပဲြေတြမွာလည္း အမ်ားႀကီးကူညီဖို႔ေတြရွိတယ္။ Miss ပြဲေတြမွာ သီခ်င္းဆိုဖို႔ေတြလည္းရွိတယ္။ ပရဟိတေတြကအစ လုပ္သြားမွာပါ။”လို႔ ဟန္သီက ဆိုပါတယ္။

သူမဟာ ၂၀၁၅ ခုႏွစ္တုန္းကလည္း မခ်စ္တတ္ေသးဘူး နာမည္နဲ႔ တစ္ကိုယ္ေတာ္ေတးစီးရီးကို သီဆိုျဖန္႔ခ်ိခဲ့ေသးတယ္လို႔ ေျပာပါတယ္။ဟန္သီဟာ Miss ေလာကထဲကုိ ၂၀၁၂ ခုႏွစ္က စတင္ဝင္ေရာက္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္က Miss Supranational Asia and Oceania Queen အပါအဝင္ ဆုေပါင္း(၁၀)ဆုေလာက္ရရွိထားတယ္လုိ႔ ဆိုပါတယ္။

www.akhayar.com

[Unicode]

သရုပ်ဆောင်တစ်ဦးအဖြစ်ပါ မြင်ပေးစေလိုပါတယ်လို့ ဆိုလာတဲ့ အလှမယ်၊ အဆိုတော် ဟန်သီ

ဟန်သီအနေနဲ့ သူ့ကို Miss တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ မြင်ပေးစေလိုတယ်လို့ ပရိသတ်တွေကို အလှမယ်၊ အဆိုတော် နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဟန်သီက ပြောဆိုလိုက်ပါတယ်။

“ဟန်သီအနေနဲ့ သရုပ်ဆောင်လိုင်းကိုလည်း သွားချင်တယ်။ သရုပ်ဆောင်ပညာကိုလည်း သွားသင်ထားတာဖြစ်တဲ့အတွက် သရုပ်ဆောင်တစ်ယောက်လိုပဲ မြင်စေချင်တယ်။ Miss တစ်ယောက်ပဲ မဟုတ်ဘဲနဲ့ ပရဟိတပြုလုပ်သူတစ်ယောက်အနေနှင့်တင်သာမက ရုပ်ရှင်အနုပညာလုပ်ဆောင်နေသူ အဖြစ်နှင့်ပါ ဟန်သီရဲ့အနုပညာတွေကို ပရိတ်သတ်ကိုကြီးဆီကိုချပြချင်တယ်။”လို့ ဟန်သီက ဆိုပါတယ်။

ဟန်သီအနေနဲ့တော့ သရုပ်ဆောင်အလုပ်ကို ၂၀၁၆ နှစ်ကုန်ပိုင်းက အလွမ်းဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

“Miss နဲ့ ပတ်သတ်ရင်လည်း တန်ဖိုးရှိတဲ့အရာလေးကို ရထားတဲ့အတွက် Miss တစ်ယောက်အနေနှင့်လည်း အကောင်းဆုံးလုပ်ဆောင်ပြီး အလှမယ်နှင့်သက်ဆိုင်တဲ့ပွဲတွေမှာလည်း အများကြီးကူညီဖို့တွေရှိတယ်။ Miss ပွဲတွေမှာ သီချင်းဆိုဖို့တွေလည်းရှိတယ်။ ပရဟိတတွေကအစ လုပ်သွားမှာပါ။”လို့ ဟန်သီက ဆိုပါတယ်။
သူမဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း မချစ်တတ်သေးဘူး နာမည်နဲ့ တစ်ကိုယ်တော်တေးစီးရီးကို သီဆိုဖြန့်ချိခဲ့သေးတယ်လို့ ပြောပါတယ်။ဟန်သီဟာ Miss လောကထဲကို ၂၀၁၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က Miss Supranational Asia and Oceania Queen အပါအဝင် ဆုပေါင်း(၁၀)ဆုလောက်ရရှိထားတယ်လို့ ဆိုပါတယ်။

www.akhayar.com