[Zawgyi]


လတ်တလောမှာ Miss Supranational Myanmar 2018 အလှမယ်တစ်ဦးအဖြစ် ရွေးချယ်ခံရတဲ့ အလှမယ်၊မော်ဒယ် ရွှေအိမ်စည် ဟာ သူမရဲ့ ပွင့်လင်းသွက်လက်တဲ့အပြောအဆိုဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိထားတာပါ။





Stella(Akhayar)

www.akhayar.com

[Unicode]

ပြိုင်ပွဲအတွက် အပြင်းအထန်ကြိုးစားနေပြီဖြစ်တဲ့ ရွှေအိမ်စည်

လတ်တလောမှာ အလှမယ်၊မော်ဒယ် ရွှေအိမ်စည် ဟာ သူမရဲ့ ပွင့်လင်းသွက်လက်တဲ့အပြောအဆိုဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိထားတာပါ။


အိမ်စည်ဟာ လတ်တလောမှာ ပြိုင်ပွဲအတွက် အပြင်းအထန်ကြိုးစားနေပြီဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ကျစ်လျစ်လှပစေဖို့ သူမရဲ့ Gym Trainer နဲ့အတူ Gym ဆော့နေတဲ့ပုံလေးတစ်ပုံကိုလည်း သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။ ပထမတစ်ကြိမ်မှာ သရဖူရုတ်သိမ်းခံရလိုက်ပေမယ့် ဇွဲမလျော့ဘဲ သူမဖြစ်ချင်တဲ့ ယုံကြည်မှုတစ်ခုကို တစ်စိုက်မတ်မတ်လုပ်ရင်း အခုဆိုရင်တော့ သူမရဲ့ ဝါသနာစိတ်ကူးအိပ်မက်တွေကို ဒုတိယအကြိမ် အကောင်အထည်ဖော်နိုင်တော့မှာဖြစ်ပါတယ်။

အိမ်စည်ဟာ Miss Golden Land Myanmar 2018 အလှမယ်ရွေးချယ်ပွဲကနေ မြန်မာနိုင်ငံကိုယ်စားပြုအနေဲ့ ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း အိမ်စည်ကို အားပေးကြဖို့မမေ့နဲ့နော်။

Photos Credit – Shwe Eain Si,Missology

Stella(Akhayar)

www.akhayar.com