[Zawgyi]

ေရကူးဝတ္စံုဝတ္ဆင္ယွဥ္ျပိဳင္မႈ ပါဝင္ေတာ့မွာ မဟုတ္တဲ့ Miss America ေရြးခ်ယ္ပြဲ

Miss America ေရြးခ်ယ္ပြဲျပိဳင္ပြဲဝင္ေတြအေနနဲ႔ အရင္လို ေရကူးဝတ္စံုဝတ္ျပီး ေလွ်ာက္လွမ္းျပသရတဲ့ Swimsuit Round နဲ႔ ညေနခင္းဝတ္စံု Evening-gown Round ေတြကုိ ယွဥ္ျပိဳင္စရာမလိုေတာ့ဘူးလို႔ ေၾကညာလိုက္ပါတယ္။ ဒီျပိဳင္ပြဲေတြကို ေစာင့္ေမွ်ာ္ၾကည့္ရႈေနတဲ့ ပုရိသပရိသတ္ၾကီးအတြက္ေတာ့ ဝမ္းနည္းစရာပါပဲ။

Swimsuit Round

Swimsuit Round

ဒီေၾကညာခ်က္ကုိ Miss America ဘုတ္အဖြဲ႔ရဲ့ Gretchen Carlson က ျပီးခဲ့တဲ့ အဂါၤေန႔က ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ဝင္ျပိဳင္တဲ့သူေတြရဲ့ ရုပ္ရည္အသြင္အျပင္ကို အမွတ္ေပးဆံုးျဖတ္ေတာ့မွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။ Gretchen Carlson ဟာ ၁၉၈၉ ခုႏွစ္ရဲ့ Miss America Title ကို ရရွိခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

Gretchen-carlson

Gretchen-carlson

Carlson ရဲ့ ေျပာၾကားခ်က္အရ Miss America ျပိဳင္ပြဲဟာ အလွအပေရြးခ်ယ္ပြဲအေနနဲ႔ ဆက္ရွိေတာ့မွာမဟုတ္ေပမယ့္ ျပိဳင္ပြဲအသြင္ေတာ့ ဆက္ရွိေနဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေရကူးဝတ္စံုနဲ႔ ေလွ်ာက္ျပတဲ့ အစီအစဥ္အစား ယွဥ္ျပိဳင္သူ အမ်ိဳးသမီးေတြဟာ ဒုိင္ေတြနဲ႔ စကားေျပာခန္းေတြပါျပီး “ယွဥ္ျပိဳင္သူတစ္ေယာက္ခ်င္းစီရဲ့ ေအာင္ျမင္မႈေတြ၊ ဘဝရဲ့ ရည္မွန္းခ်က္ပန္းတိုင္ေတြအေၾကာင္း နဲ႔ သူတို႔ရဲ႕ ပင္ကိုစြမ္းရည္၊ စိတ္ထက္သန္မႈနဲ႔ ရည္မွန္းခ်က္ေတြကို အသံုးခ်ျပီး Miss America တစ္ေယာက္ရဲ့ တာဝန္ကုိ ဘယ္လိုထမ္းေဆာင္သြားမယ္ဆိုတာကို အေကာင္းဆံုး ေျဖၾကားရမွာ ျဖစ္ပါတယ္ ။ညေနခင္းဝတ္စံုေတြ၊ ေရကူးဝတ္စုံေတြအစား Miss ေတြဟာ သူတို႔ ၾကိဳက္တဲ့ ဝတ္စံုကို ၾကိဳက္သလို ဝတ္ခြင့္ရမွာလည္း ျဖစ္ပါတယ္။

Miss America 2012 Top 5 Finalists with evening gown

Miss America 2012 Top 5 Finalists with evening gown

ဒါဟာ Miss America Organization ကို အမ်ိဳးသမီးတစ္ေယာက္ဦးေဆာင္အျပီးမွာ ထြက္လာတဲ့ စည္းကမ္းခ်က္ျဖစ္ပါတယ္။ ျပိဳင္ပြဲဝင္ေတြအေနနဲ႔ ဝလာတာေတြ၊ ပိန္သြားတာေတြ၊ ခႏၶာကိုယ္အေနအထားေတြနဲ႔ ပက္သက္ျပီး အဆုိးျမင္မွတ္ခ်က္ေတြ ရလာမွာကို ကာကြယ္ဖို႔လည္း ျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ဟာ တခ်ိဳ႕ေတြအတြက္လည္း အျငင္းပြားဖြယ္ျဖစ္ေနျပီး Miss America ရဲ့ Final ျပီးရင္ လူၾကည့္မ်ားတဲ့ Swimsuit Round ကို ထုတ္ပယ္တာကို ေထာက္ျပေနၾကပါတယ္။ “ျပိဳင္ပြဲဝင္ေတြရဲ့ ပီယာႏုိတီးတာ ကၽြမ္းတာ၊ အကကၽြမ္းတာ သက္သက္ျပခ်င္ရင္ America’s Got Talent မွာ ဝင္ျပိဳင္မွာေပ့ါ၊ ေကာက္ကာငင္ကာ ေမးတဲ့ ေမးခြန္းေတြနဲ႔ မ်က္ေမွာက္ေရးရာေတြ ေျဖခ်င္ရင္လည္း Debate ေတြရွိသားပဲ” လို႔ ေဝဖန္သူေတြက ဆိုပါတယ္။

Talent ျပသေနစဥ္

Talent ျပသေနစဥ္

အခုေတာ့ Miss America ဆိုတဲ့ ေခါင္းစဥ္ဟာ ဘာအတြက္ျပိဳင္ေနတာလဲဆိုတာ ေမးခြန္းထုတ္ရမလို ျဖစ္ေနျပီတို႔၊ ေမးခြန္းေတြ ေမးျပီး ေရြးခ်ယ္မယ္ဆို ျပိဳင္ပြဲမဟုတ္ဘဲ ေရြးေကာက္ပြဲသာ ျဖစ္ေနမယ္ဆိုျပီး ေဝဖန္သံေတြ ညံေနခဲ့ပါတယ္။

Carlson အေနနဲ႔ ျပိဳင္ပြဲကို  ပံုသ႑ာန္အမ်ိဳးမ်ိဳးရွိတဲ့ အမ်ိဳးသမီးအားလံုးအတြက္ ရည္ရြယ္တယ္ဆိုေပမယ့္ လက္ေတြ႔မွာေတာ့ ဒို္င္ေတြဟာ မယ္တစ္ေယာက္ရဲ့ အသြင္အျပင္ကုိ အမွတ္ေပးတာမ်ိဳးကို ခ်က္ခ်င္းၾကီးရပ္ပစ္လိုက္မယ္ဆုိတာေတာ့ မျဖစ္ႏိုင္ပါဘူး။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.slate.com
[Unicode]

ရေကူးဝတ်စုံဝတ်ဆင်ယှဉ်ပြိုင်မှု ပါဝင်တော့မှာ မဟုတ်တဲ့ Miss America ရွေးချယ်ပွဲ

Miss America ရွေးပွဲပြိုင်ပွဲဝင်တွေအနေနဲ့ အရင်လို ရေကူးဝတ်စုံဝတ်ပြီး လျှောက်လှမ်းပြသရတဲ့ Swimsuit Round နဲ့ ညနေခင်းဝတ်စုံ Evening-gown Round တွေကို ယှဉ်ပြိုင်စရာမလိုတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ ဒီပြိုင်ပွဲတွေကို စောင့်မျှော်ကြည့်ရှုနေတဲ့ ပုရိသပရိသတ်ကြီးအတွက်တော့ ဝမ်းနည်းစရာပါပဲ။

Swimsuit Round

Swimsuit Round

ဒီကြေညာချက်ကို Miss America ဘုတ်အဖွဲ့ရဲ့ Gretchen Carlson က ပြီးခဲ့တဲ့ အဂါၤနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဝင်ပြိုင်တဲ့သူတွေရဲ့ ရုပ်ရည်အသွင်အပြင်ကို အမှတ်ပေးဆုံးဖြတ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Gretchen Carlson ဟာ ၁၉၈၉ ခုနှစ်ရဲ့ Miss America Title ကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Gretchen-carlson

Gretchen-carlson

Carlson ရဲ့ ပြောကြားချက်အရ Miss America ပြိုင်ပွဲဟာ အလှအပရွေးချယ်ပွဲအနေနဲ့ ဆက်ရှိတော့မှာမဟုတ်ပေမယ့် ပြိုင်ပွဲအသွင်တော့ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရေကူးဝတ်စုံနဲ့ လျှောက်ပြတဲ့ အစီအစဉ်အစား ယှဉ်ပြိုင်သူ အမျိုးသမီးတွေဟာ ဒိုင်တွေနဲ့ စကားပြောခန်းတွေပါပြီး “ယှဉ်ပြိုင်သူတစ်ယောက်ချင်းစီရဲ့ အောင်မြင်မှုတွေ၊ ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအကြောင်း နဲ့ သူတို့ရဲ့ ပင်ကိုစွမ်းရည်၊ စိတ်ထက်သန်မှုနဲ့ ရည်မှန်းချက်တွေကို အသုံးချပြီး Miss America တစ်ယောက်ရဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်သွားမယ်ဆိုတာကို အကောင်းဆုံး ဖြေကြားရမှာ ဖြစ်ပါတယ် ။ညနေခင်းဝတ်စုံတွေ၊ ရေကူးဝတ်စုံတွေအစား Miss တွေဟာ သူတို့ ကြိုက်တဲ့ ဝတ်စုံကို ကြိုက်သလို ဝတ်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

Miss America 2012 Top 5 Finalists with evening gown

Miss America 2012 Top 5 Finalists with evening gown

ဒါဟာ Miss America Organization ကို အမျိုးသမီးတစ်ယောက်ဦးဆောင်အပြီးမှာ ထွက်လာတဲ့ စည်းကမ်းချက်ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဝလာတာတွေ၊ ပိန်သွားတာတွေ၊ ခန္ဓာကိုယ်အနေအထားတွေနဲ့ ပက်သက်ပြီး အဆိုးမြင်မှတ်ချက်တွေ ရလာမှာကို ကာကွယ်ဖို့လည်း ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ တချို့တွေအတွက်လည်း အငြင်းပွားဖွယ်ဖြစ်နေပြီး Miss America ရဲ့ Final ပြီးရင် လူကြည့်များတဲ့ Swimsuit Round ကို ထုတ်ပယ်တာကို ထောက်ပြနေကြပါတယ်။ “ပြိုင်ပွဲဝင်တွေရဲ့ ပီယာနိုတီးတာ ကျွမ်းတာ၊ အကကျွမ်းတာ သက်သက်ပြချင်ရင် America’s Got Talent မှာ ဝင်ပြိုင်မှာပေ့ါ၊ ကောက်ကာငင်ကာ မေးတဲ့ မေးခွန်းတွေနဲ့ မျက်မှောက်ရေးရာတွေ ဖြေချင်ရင်လည်း Debate တွေရှိသားပဲ” လို့ ဝေဖန်သူတွေက ဆိုပါတယ်။

Talent ပြသနေစဉ်

Talent ပြသနေစဉ်

အခုတော့ Miss America ဆိုတဲ့ ခေါင်းစဉ်ဟာ ဘာအတွက်ပြိုင်နေတာလဲဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပြီတို့၊ မေးခွန်းတွေ မေးပြီး ရွေးချယ်မယ်ဆို ပြိုင်ပွဲမဟုတ်ဘဲ ရွေးကောက်ပွဲသာ ဖြစ်နေမယ်ဆိုပြီး ဝေဖန်သံတွေ ညံနေခဲ့ပါတယ်။

Carlson အနေနဲ့ ပြိုင်ပွဲကို  ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ အမျိုးသမီးအားလုံးအတွက် ရည်ရွယ်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ ဒိုင်တွေဟာ မယ်တစ်ယောက်ရဲ့ အသွင်အပြင်ကို အမှတ်ပေးတာမျိုးကို ချက်ချင်းကြီးရပ်ပစ်လိုက်မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.slate.com