ျမန္မာႏုိင္ငံရဲ႕အေျခခံလစာကုိ ျပည္ပႏုိင္ငံေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ဘယ္လုိကြာျခားလဲ

Minimum Wages by Countries Compared With Myanmar Burma
Minimum Wages by Countries Compared With Myanmar Burma

[Zawgyi]

ျမန္မာႏုိင္ငံရဲ႕အေျခခံလစာကုိ ျပည္ပႏုိင္ငံေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ဘယ္လုိကြာျခားလဲ

ျမန္မာႏုိင္ငံရဲ႕ အေျခခံတစ္ေန႔လုပ္ခဟာ ၃၆ဝဝက်ပ္ (၂.၆၃ ေဒၚလာ) ျဖစ္ၿပီး တစ္နာရီလုပ္ခဟာ ၄၅ဝက်ပ္ (ဝ.၃၂၉ ေဒၚလာ) ရွိတယ္လုိ႔ သတ္မွတ္ထားပါတယ္။ အဲဒီေတာ့ ျမန္မာႏုိင္ငံရဲ႕အေျခခံလစာဟာ ၁ဝ၈,ဝဝဝ က်ပ္ (တစ္သိန္းရွစ္ေထာင္က်ပ္) ရွိတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕အေျခခံလစာဟာ ကမၻာ့ႏုိင္ငံေတြနဲ႔ ႏႈိ္င္းယွဥ္ရင္ ဘယ္ေလာက္ထိရွိလဲဆုိတာ ၾကည့္ရေအာင္။

(၁) ၾသစေတးလ်ႏုိင္ငံ (Australia)

ၾသစေတးလ်ႏုိင္ငံ (Australia) ႏုိင္ငံဟာ ကမၻာေပၚမွာ လုပ္ခလစာအျမင့္ဆုံးႏုိင္ငံလုိ႔ သတ္မွတ္ႏုိင္ပါတယ္။ အလုပ္သမားေတြရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၆,၈၆၂ အထိရွိၿပီး အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၂,၂၃၉ (၃,ဝ၅၃,၃၁၄ က်ပ္) ရွိပါတယ္။ ၾသစေတးလ်ႏုိင္ငံမွာ သန္႔ရွင္းေရးလုပ္ေနတဲ့ အေျခခံလစာဟာ ျမန္မာေငြသိန္း၃ဝေက်ာ္ရွိတယ္ဆုိေတာ့ စဥ္းစားသာၾကည့္ေတာ့ဗ်ာ။

ၾသစေတးလ်ႏုိင္ငံ (Australia)
ၾသစေတးလ်ႏုိင္ငံ (Australia)

(၂) လူဇင္ဘတ္ႏုိင္ငံ (Luxembourg)

ဥေရာပတုိက္မွာရွိတဲ့ လူဇင္ဘတ္ႏုိင္ငံ (Luxembourg) ဟာ ေသးငယ္ေပမယ့္ အလုပ္သမားေတြအတြက္ ေနခ်င္စရာပါ။ အလုပ္သမားေတြရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၇,၁၅၂ အထိရွိပါတယ္။ ၾသစေတးလ်ႏုိင္ငံထက္ အနည္းငယ္မ်ားတယ္လုိ႔ ဆုိႏုိင္ေပမယ့္ လူဇင္ဘတ္ႏုိင္ငံက အခြန္ေကာက္ႏႈန္းမ်ားေနတဲ့အတြက္ ဒုတိယျဖစ္သြားတာပါ။ လူဇင္ဘတ္ႏုိင္ငံမွာရွိတဲ့ ဝန္ထမ္းေတြရဲ႕အနည္းဆုံးလစာဟာ အေမရိကန္ေဒၚလာ ၂,၂၆၃ (၃,ဝ၈၆,၂၇၇ က်ပ္) ရွိပါတယ္။ သူတုိ႔ႏုိင္ငံမွာ ေအာက္ေျခဝန္ထမ္းေတြေတာင္မွ သိန္း၃ဝေက်ာ္ရတယ္ဆုိေတာ့ . . . ။

လူဇင္ဘတ္ႏုိင္ငံ (Luxembourg)
လူဇင္ဘတ္ႏုိင္ငံ (Luxembourg)

(၃) မုိနာကုိႏုိင္ငံ (Monaco)

ျပင္သစ္ႏုိင္ငံနဲ႔ ေဘးခ်င္းကပ္ေနတဲ့ မုိနာကုိႏုိင္ငံ (Monaco) ရဲ႕လူဦးေရဟာ ၄ေသာင္းနီးပါးပဲ ရွိပါေသးတယ္။ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရႏုိင္ငံငယ္ျဖစ္တဲ့အတြက္ ဝန္ထမ္းေတြကုိ အေကာင္းဆုံးေထာက္ပံံ့ေပးႏုိင္ပါတယ္။ မုိနာကုိႏုိင္ငံက ဝန္ထမ္းေတြရဲ႕အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၁,၉၅၇ (၂,၆၆၉,၆၈၉ က်ပ္) ရွိပါတယ္။ သူတုိ႔ႏုိင္ငံမွာ အလုပ္သြားလုပ္ရင္ အနည္းဆုံး ၂၆သိန္းေလာက္ ရမွာမုိ႔လုိ ေပ်ာ္စရာႀကီးေပါ့ဗ်ာ။

မုိနာကုိႏုိင္ငံ (Monaco)
မုိနာကုိႏုိင္ငံ (Monaco)

(၄) ျပင္သစ္ႏုိင္ငံ (France)

ျပင္သစ္ႏုိင္ငံ (France) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခက အေမရိကန္ေဒၚလာ ၂ဝ,ဝ၇၁ ရွိပါတယ္။ ျပင္သစ္ႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းတစ္ေယာက္ရဲ႕ အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၁,၆၇၃ (၂,၂၈၁,၄ဝ၃ က်ပ္) ရွိပါတယ္။ ျပင္သစ္ႏုိင္ငံမွာ သာမန္ဝန္ထမ္းလုပ္ရုံနဲ႔ ၂၂သိန္းေက်ာ္ရမွာဆုိေတာ့ ရင္ခုန္စရာႀကီးပါ။

ျပင္သစ္ႏုိင္ငံ (France)
ျပင္သစ္ႏုိင္ငံ (France)

(၅) နယူးဇီလန္ႏုိင္ငံ (New Zealand)

နယူးဇီလန္ႏုိင္ငံ (New Zealand) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၂,၁ဝ၅ အထိရွိပါတယ္။ ဒီႏႈန္းထားဟာ ျပင္သစ္ႏုိင္ငံထက္ ျမင့္မားေပမယ့္ အခြန္ေၾကးျမင့္တဲ့အတြက္ ပဥၥမေနရာမွာ ထားတာပါ။ ဝန္ထမ္းတစ္ေယာက္ရဲ႕ အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၁,၇၃၆ (၂,၃၆၇,၉ဝ၄ က်ပ္) ရွိပါတယ္။ နယူးဇီလန္ႏုိင္ငံမွာ အလုပ္လုပ္ခြင့္ရရုံနဲ႔ အနည္းဆုံး ၂၃သိန္းရမွာေနာ္။

နယူးဇီလန္ႏုိင္ငံ (New Zealand)
နယူးဇီလန္ႏုိင္ငံ (New Zealand)

ကဲ . . . . အခုေဖာ္ျပလုိက္တဲ့ႏုိင္ငံေတြက ကမၻာ့လစာအျမင့္ဆုံးႏုိင္ငံ (၅) ႏုိင္ငံပါပဲ။ ဒါေပမယ့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အမ်ားဆုံးသြားလုပ္ၾကတဲ့ စကၤာပူႏုိင္ငံ၊ ထုိင္းႏုိင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ မေလးရွားႏုိင္ငံန႔ဲ ေတာင္ကုိရီးယားႏုိင္ငံတုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီႏုိင္ငံေတြမွာ အလုပ္သြားလုပ္ရင္ ဘယ္ေလာက္ထိရႏုိင္လဲ။

စကၤာပူႏုိင္ငံ (Singapore)

စကၤာပူႏုိင္ငံ (Singapore) မွာ အေျခခံလုပ္ခ တိတိက်က်သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ျခြင္းခ်က္ (၂) ခုရွိပါတယ္။

(၁) သန္႔ရွင္းေရးဝန္ထမ္းေတြကုိ အေျခခံလစာ ေဒၚလာ ၁,ဝဝဝ (၁,၃၆၄,ဝဝဝ က်ပ္) အနည္းဆုံးေပးေခ်ရမယ္လုိ႔ ၂ဝ၁၄ခုႏွစ္ ဇန္နဝါရီလကတည္းက သတ္မွတ္ခဲ့ပါတယ္။

စကၤာပူႏုိင္ငံ (Singapore)
စကၤာပူႏုိင္ငံ (Singapore)

(၂) လုံျခံဳေရးဝန္ထမ္းေတြကုိ အေျခခံလစာ ေဒၚလာ ၁,၁ဝဝ (၁,၅ဝဝ,၄ဝဝ က်ပ္) အနည္းဆုံးေပးေခ်ရမယ္လုိ႔ ၂ဝ၁၆ခုႏွစ္ စက္တင္ဘာလမွာ သတ္မွတ္ခဲ့ပါတယ္။ ဆုိလုိတဲ့ သေဘာက စကၤာပူႏုိင္ငံမွာ သန္႔ရွင္းေရးဝန္ထမ္း (ဒါမွမဟုတ္) လုံျခံဳေရးဝန္ထမ္း သြားလုပ္ရုံနဲ႔ အနည္းဆုံး ၁၃သိန္းေလာက္ရႏုိင္တဲ့သေဘာပါ။

ထုိင္းႏုိင္ငံ (Thailand)

အိမ္နီးခ်င္း ထုိင္းႏုိင္ငံ (Thailand) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခက အေမရိကန္ေဒၚလာ ၂,၆၅၂ ရွိပါတယ္။ ဝန္ထမ္းေတြရဲ႕ အေျခခံလစာက အေမရိကန္ေဒၚလာ ၂၂၁ (၃ဝ၁,၄၄၄ က်ပ္) ရွိပါတယ္။ ျမန္မာက်ပ္ ၃သိန္းနီးပါးရတာဆုိေတာ့ ကြ်န္ေတာ္တုိ႔ႏုိင္ငံထက္စာရင္ ၃ဆနီးပါး ပုိမ်ားတယ္လုိ႔ ဆုိႏုိင္ပါတယ္။

ထုိင္းႏုိင္ငံ (Thailand)
ထုိင္းႏုိင္ငံ (Thailand)

ဂ်ပန္ႏုိင္ငံ (Japan)

ဂ်ပန္ႏုိင္ငံမွာ အေျခခံတစ္နာရီလုပ္ခကုိ ၈၂၃ယန္း (၉,၉၈၃ က်ပ္) အျဖစ္ သတ္မွတ္ထားပါတယ္။ တစ္နာရီလုပ္ရုံနဲ႔ အနည္းဆုံးတစ္ေသာင္းနီးပါး ရမွာပါ။ တစ္ပတ္အလုပ္ခ်ိန္ နာရီ (၄ဝ) သတ္မွတ္ထားၿပီး အေျခခံလစာဟာ ၁၃၁,၆၈ဝ ယန္း (၁,၅၉၇,၂၈ဝ က်ပ္) အထိ ရရွိမွာျဖစ္ပါတယ္။ စကၤာပူထက္စာရင္ ဂ်ပန္ႏုိင္ငံက လစာပုိမ်ားတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ ေနရာေဒသအေပၚမူတည္ၿပီး တုိက်ိဳၿမိဳ႕ (Tokyo) ၊ ကာနာဂါဝါၿမိဳ႕ (Kanagawa) နဲ႔ အုိဆာကာၿမိဳ႕ (Osaka) ေတြမွာ အလုပ္လုပ္ရတဲ့ ဝန္ထမ္းေတြက လစာပုိမ်ားပါတယ္လုိ႔ သိရျပန္ပါတယ္။

ဂ်ပန္ႏုိင္ငံ (Japan)
ဂ်ပန္ႏုိင္ငံ (Japan)

မေလးရွားႏုိင္ငံ (Malaysia)

မေလးရွားႏုိင္ငံရဲ႕ အေျခခံလစာသတ္မွတ္ခ်က္ဟာ ေနရာေဒသေပၚလုိက္ၿပီး ကြာျခားပါတယ္။ ပင္နီဆူးလားကြ်န္း (Peninsula) ေပၚမွာရွိတဲ့ ျပည္နယ္ေတြမွာ အေျခခံလစာ ရင္းဂစ္ ၁,ဝဝဝ (၃၃၃,၇၅၆ က်ပ္) ေပးေခ်ရမယ္လုိ႔ ၂ဝ၁၆ခုႏွစ္ ဇူလုိင္လတုန္းက သတ္မွတ္ထားပါတယ္။ ဒါေပမယ့္ ဆာဘားျပည္နယ္ (Sabah) ၊ ဆာရာဝက္ျပည္နယ္ (Sarawak) နဲ႔ ဘာဘူအမ္ျပည္နယ္ (Labuan) ေတြမွာေတာ့ အေျခခံလစာ ရင္းဂစ္ ၉၂ဝ (၃ဝ၇,ဝ၄ဝ က်ပ္) သာ သတ္မွတ္ခဲ့ပါတယ္။ မေလးရွားႏုိင္ငံမွာ အလုပ္သြားလုပ္ရင္ အနည္းဆုံး ၃သိန္းဝန္းက်င္ရႏုိင္ပါတယ္။

မေလးရွားႏုိင္ငံ (Malaysia)
မေလးရွားႏုိင္ငံ (Malaysia)

ေတာင္ကုိရီးယားႏုိင္ငံ (South Korea)

အခုေနာက္ပုိင္းမွာ ျမန္မာႏုိင္ငံသားေတြက ေတာင္ကုိရီးယားႏုိင္ငံ (South Korea) ကုိ အလုပ္လုပ္ဖုိ႔ စိတ္ဝင္စားလာၾကပါတယ္။ ကဲ . . . ဒါဆုိ ေတာင္ကုိရီးယားႏုိင္ငံမွာ အနည္းဆုံးလုပ္ခက ဘယ္ေလာက္လဲဆုိတာ သိဖုိ႔လုိလာပါၿပီ။ ေတာင္ကုိရီးယားႏုိင္ငံမွာ အေျခခံလုပ္ခကုိ ႏွစ္စဥ္တုိးျမွင့္ေလ့ရွိတာပါ။ အေျခခံတစ္နာရီလုပ္ခဟာ ဝမ္ ၆,၄၇ဝ (၈,ဝ၉၇ က်ပ္) အျဖစ္ ၂ဝ၁၇ခုႏွစ္ ဇန္နဝါရီလမွာ သတ္မွတ္ထားပါတယ္။ ဒါေပမယ့္ ၂ဝ၁၈ခုႏွစ္ေရာက္ရင္ေတာ့ အေျခခံတစ္နာရီလုပ္ခဟာ ၇,၅၃ဝ ဝမ္ (၉,၄၂၃ က်ပ္) ျဖစ္လာေတာ့မွာပါ။ ေတာင္ကုိရီးယားႏုိင္ငံမွာ တစ္ပတ္အလုပ္ခ်ိန္ နာရီ (၄ဝ) သတ္မွတ္ထားၿပီး ၂ဝ၁၈ခုႏွစ္မွာ ကုိရီးယားႏုိင္ငံရဲ႕ အေျခခံလစာဟာ ၁,၂ဝ၄,၈ဝဝ ဝမ္ (၁,၅ဝ၇,၆၈ဝ က်ပ္) ျဖစ္ပါၿပီ။ ကုိရီးယားႏုိင္ငံမွာ အလုပ္လုပ္ရုံနဲ႔ အနည္ဆုံး ၁၅သိန္းေလာက္ရမွာဆုိေတာ့ မ်က္စိက်ခ်င္စရာပါပဲ။

ေတာင္ကုိရီးယားႏုိင္ငံ (South Korea)
ေတာင္ကုိရီးယားႏုိင္ငံ (South Korea)

ကဲ . . . . . အခရာပရိသတ္ႀကီးေရ . . ကမၻာေပၚမွာ လုပ္ခလစာအျမင့္ဆုံးႏုိင္ငံေတြနဲ႕ ျမန္မာႏုိင္ငံသားေတြ အလုပ္သြားလုပ္ၾကတဲ့ ႏုိင္ငံေတြမွာ သတ္မွတ္ထားတဲ့ အေျခခံလုပ္ခေတြကုိ ရွာရွာေဖြေဖြ တင္ျပထားတာပါ။ ကုိယ့္သူငယ္ခ်င္းထဲမွာ ႏုိင္ငံျခားကုိ အလုပ္ထြက္လုပ္ခ်င္တဲ့သူေတြရွိရင္လည္း အေျခခံလုပ္ခအေၾကာင္းကုိ လက္တုိ႔ေျပာလုိက္ပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာနိုင်ငံရဲ့အခြေခံလစာကို ပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုကွာခြားလဲ

မြန်မာနိုင်ငံရဲ့ အခြေခံတစ်နေ့လုပ်ခဟာ ၃၆ဝဝကျပ် (၂.၆၃ ဒေါ်လာ) ဖြစ်ပြီး တစ်နာရီလုပ်ခဟာ ၄၅ဝကျပ် (ဝ.၃၂၉ ဒေါ်လာ) ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့အခြေခံလစာဟာ ၁ဝ၈,ဝဝဝ ကျပ် (တစ်သိန်းရှစ်ထောင်ကျပ်) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေခံလစာဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ထိရှိလဲဆိုတာ ကြည့်ရအောင်။

(၁) သြစတေးလျနိုင်ငံ (Australia)

သြစတေးလျနိုင်ငံ (Australia) နိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအမြင့်ဆုံးနိုင်ငံလို့ သတ်မှတ်နိုင်ပါတယ်။ အလုပ်သမားတွေရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၆,၈၆၂ အထိရှိပြီး အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၂,၂၃၉ (၃,ဝ၅၃,၃၁၄ ကျပ်) ရှိပါတယ်။ သြစတေးလျနိုင်ငံမှာ သန့်ရှင်းရေးလုပ်နေတဲ့ အခြေခံလစာဟာ မြန်မာငွေသိန်း၃ဝကျော်ရှိတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ။

သြစတေးလျနိုင်ငံ (Australia)
သြစတေးလျနိုင်ငံ (Australia)

(၂) လူဇင်ဘတ်နိုင်ငံ (Luxembourg)

ဥရောပတိုက်မှာရှိတဲ့ လူဇင်ဘတ်နိုင်ငံ (Luxembourg) ဟာ သေးငယ်ပေမယ့် အလုပ်သမားတွေအတွက် နေချင်စရာပါ။ အလုပ်သမားတွေရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၇,၁၅၂ အထိရှိပါတယ်။ သြစတေးလျနိုင်ငံထက် အနည်းငယ်များတယ်လို့ ဆိုနိုင်ပေမယ့် လူဇင်ဘတ်နိုင်ငံက အခွန်ကောက်နှုန်းများနေတဲ့အတွက် ဒုတိယဖြစ်သွားတာပါ။ လူဇင်ဘတ်နိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေရဲ့အနည်းဆုံးလစာဟာ အမေရိကန်ဒေါ်လာ ၂,၂၆၃ (၃,ဝ၈၆,၂၇၇ ကျပ်) ရှိပါတယ်။ သူတို့နိုင်ငံမှာ အောက်ခြေဝန်ထမ်းတွေတောင်မှ သိန်း၃ဝကျော်ရတယ်ဆိုတော့ . . . ။

လူဇင်ဘတ်နိုင်ငံ (Luxembourg)
လူဇင်ဘတ်နိုင်ငံ (Luxembourg)

(၃) မိုနာကိုနိုင်ငံ (Monaco)

ပြင်သစ်နိုင်ငံနဲ့ ဘေးချင်းကပ်နေတဲ့ မိုနာကိုနိုင်ငံ (Monaco) ရဲ့လူဦးရေဟာ ၄သောင်းနီးပါးပဲ ရှိပါသေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံငယ်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေကို အကောင်းဆုံးထောက်ပံံ့ပေးနိုင်ပါတယ်။ မိုနာကိုနိုင်ငံက ဝန်ထမ်းတွေရဲ့အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၁,၉၅၇ (၂,၆၆၉,၆၈၉ ကျပ်) ရှိပါတယ်။ သူတို့နိုင်ငံမှာ အလုပ်သွားလုပ်ရင် အနည်းဆုံး ၂၆သိန်းလောက် ရမှာမို့လို ပျော်စရာကြီးပေါ့ဗျာ။

မိုနာကိုနိုင်ငံ (Monaco)
မိုနာကိုနိုင်ငံ (Monaco)

(၄) ပြင်သစ်နိုင်ငံ (France)

ပြင်သစ်နိုင်ငံ (France) ရဲ့ အခြေခံတစ်နှစ်လုပ်ခက အမေရိကန်ဒေါ်လာ ၂ဝ,ဝ၇၁ ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၁,၆၇၃ (၂,၂၈၁,၄ဝ၃ ကျပ်) ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာ သာမန်ဝန်ထမ်းလုပ်ရုံနဲ့ ၂၂သိန်းကျော်ရမှာဆိုတော့ ရင်ခုန်စရာကြီးပါ။

ပြင်သစ်နိုင်ငံ (France)
ပြင်သစ်နိုင်ငံ (France)

(၅) နယူးဇီလန်နိုင်ငံ (New Zealand)

နယူးဇီလန်နိုင်ငံ (New Zealand) ရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၂,၁ဝ၅ အထိရှိပါတယ်။ ဒီနှုန်းထားဟာ ပြင်သစ်နိုင်ငံထက် မြင့်မားပေမယ့် အခွန်ကြေးမြင့်တဲ့အတွက် ပဉ္စမနေရာမှာ ထားတာပါ။ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၁,၇၃၆ (၂,၃၆၇,၉ဝ၄ ကျပ်) ရှိပါတယ်။ နယူးဇီလန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရရုံနဲ့ အနည်းဆုံး ၂၃သိန်းရမှာနော်။

နယူးဇီလန်နိုင်ငံ (New Zealand)
နယူးဇီလန်နိုင်ငံ (New Zealand)

ကဲ . . . . အခုဖော်ပြလိုက်တဲ့နိုင်ငံတွေက ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံ (၅) နိုင်ငံပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေ အလုပ်အများဆုံးသွားလုပ်ကြတဲ့ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ အလုပ်သွားလုပ်ရင် ဘယ်လောက်ထိရနိုင်လဲ။

စင်္ကာပူနိုင်ငံ (Singapore)

စင်္ကာပူနိုင်ငံ (Singapore) မှာ အခြေခံလုပ်ခ တိတိကျကျသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ခြွင်းချက် (၂) ခုရှိပါတယ်။

(၁) သန့်ရှင်းရေးဝန်ထမ်းတွေကို အခြေခံလစာ ဒေါ်လာ ၁,ဝဝဝ (၁,၃၆၄,ဝဝဝ ကျပ်) အနည်းဆုံးပေးချေရမယ်လို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလကတည်းက သတ်မှတ်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ (Singapore)
စင်္ကာပူနိုင်ငံ (Singapore)

(၂) လုံခြုံရေးဝန်ထမ်းတွေကို အခြေခံလစာ ဒေါ်လာ ၁,၁ဝဝ (၁,၅ဝဝ,၄ဝဝ ကျပ်) အနည်းဆုံးပေးချေရမယ်လို့ ၂ဝ၁၆ခုနှစ် စက်တင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။ ဆိုလိုတဲ့ သဘောက စင်္ကာပူနိုင်ငံမှာ သန့်ရှင်းရေးဝန်ထမ်း (ဒါမှမဟုတ်) လုံခြုံရေးဝန်ထမ်း သွားလုပ်ရုံနဲ့ အနည်းဆုံး ၁၃သိန်းလောက်ရနိုင်တဲ့သဘောပါ။

ထိုင်းနိုင်ငံ (Thailand)

အိမ်နီးချင်း ထိုင်းနိုင်ငံ (Thailand) ရဲ့ အခြေခံတစ်နှစ်လုပ်ခက အမေရိကန်ဒေါ်လာ ၂,၆၅၂ ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ အခြေခံလစာက အမေရိကန်ဒေါ်လာ ၂၂၁ (၃ဝ၁,၄၄၄ ကျပ်) ရှိပါတယ်။ မြန်မာကျပ် ၃သိန်းနီးပါးရတာဆိုတော့ ကျွန်တော်တို့နိုင်ငံထက်စာရင် ၃ဆနီးပါး ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံ (Thailand)
ထိုင်းနိုင်ငံ (Thailand)

ဂျပန်နိုင်ငံ (Japan)

ဂျပန်နိုင်ငံမှာ အခြေခံတစ်နာရီလုပ်ခကို ၈၂၃ယန်း (၉,၉၈၃ ကျပ်) အဖြစ် သတ်မှတ်ထားပါတယ်။ တစ်နာရီလုပ်ရုံနဲ့ အနည်းဆုံးတစ်သောင်းနီးပါး ရမှာပါ။ တစ်ပတ်အလုပ်ချိန် နာရီ (၄ဝ) သတ်မှတ်ထားပြီး အခြေခံလစာဟာ ၁၃၁,၆၈ဝ ယန်း (၁,၅၉၇,၂၈ဝ ကျပ်) အထိ ရရှိမှာဖြစ်ပါတယ်။ စင်္ကာပူထက်စာရင် ဂျပန်နိုင်ငံက လစာပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နေရာဒေသအပေါ်မူတည်ပြီး တိုကျိုမြို့ (Tokyo) ၊ ကာနာဂါဝါမြို့ (Kanagawa) နဲ့ အိုဆာကာမြို့ (Osaka) တွေမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက လစာပိုများပါတယ်လို့ သိရပြန်ပါတယ်။

ဂျပန်နိုင်ငံ (Japan)
ဂျပန်နိုင်ငံ (Japan)

မလေးရှားနိုင်ငံ (Malaysia)

မလေးရှားနိုင်ငံရဲ့ အခြေခံလစာသတ်မှတ်ချက်ဟာ နေရာဒေသပေါ်လိုက်ပြီး ကွာခြားပါတယ်။ ပင်နီဆူးလားကျွန်း (Peninsula) ပေါ်မှာရှိတဲ့ ပြည်နယ်တွေမှာ အခြေခံလစာ ရင်းဂစ် ၁,ဝဝဝ (၃၃၃,၇၅၆ ကျပ်) ပေးချေရမယ်လို့ ၂ဝ၁၆ခုနှစ် ဇူလိုင်လတုန်းက သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဆာဘားပြည်နယ် (Sabah) ၊ ဆာရာဝက်ပြည်နယ် (Sarawak) နဲ့ ဘာဘူအမ်ပြည်နယ် (Labuan) တွေမှာတော့ အခြေခံလစာ ရင်းဂစ် ၉၂ဝ (၃ဝ၇,ဝ၄ဝ ကျပ်) သာ သတ်မှတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ရင် အနည်းဆုံး ၃သိန်းဝန်းကျင်ရနိုင်ပါတယ်။

မလေးရှားနိုင်ငံ (Malaysia)
မလေးရှားနိုင်ငံ (Malaysia)

တောင်ကိုရီးယားနိုင်ငံ (South Korea)

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေက တောင်ကိုရီးယားနိုင်ငံ (South Korea) ကို အလုပ်လုပ်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ကဲ . . . ဒါဆို တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံးလုပ်ခက ဘယ်လောက်လဲဆိုတာ သိဖို့လိုလာပါပြီ။ တောင်ကိုရီးယားနိုင်ငံမှာ အခြေခံလုပ်ခကို နှစ်စဉ်တိုးမြှင့်လေ့ရှိတာပါ။ အခြေခံတစ်နာရီလုပ်ခဟာ ဝမ် ၆,၄၇ဝ (၈,ဝ၉၇ ကျပ်) အဖြစ် ၂ဝ၁၇ခုနှစ် ဇန်နဝါရီလမှာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ၂ဝ၁၈ခုနှစ်ရောက်ရင်တော့ အခြေခံတစ်နာရီလုပ်ခဟာ ၇,၅၃ဝ ဝမ် (၉,၄၂၃ ကျပ်) ဖြစ်လာတော့မှာပါ။ တောင်ကိုရီးယားနိုင်ငံမှာ တစ်ပတ်အလုပ်ချိန် နာရီ (၄ဝ) သတ်မှတ်ထားပြီး ၂ဝ၁၈ခုနှစ်မှာ ကိုရီးယားနိုင်ငံရဲ့ အခြေခံလစာဟာ ၁,၂ဝ၄,၈ဝဝ ဝမ် (၁,၅ဝ၇,၆၈ဝ ကျပ်) ဖြစ်ပါပြီ။ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရုံနဲ့ အနည်ဆုံး ၁၅သိန်းလောက်ရမှာဆိုတော့ မျက်စိကျချင်စရာပါပဲ။

တောင်ကိုရီးယားနိုင်ငံ (South Korea)
တောင်ကိုရီးယားနိုင်ငံ (South Korea)

ကဲ . . . . . အခရာပရိသတ်ကြီးရေ . . ကမ္ဘာပေါ်မှာ လုပ်ခလစာအမြင့်ဆုံးနိုင်ငံတွေနဲ့ မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ကြတဲ့ နိုင်ငံတွေမှာ သတ်မှတ်ထားတဲ့ အခြေခံလုပ်ခတွေကို ရှာရှာဖွေဖွေ တင်ပြထားတာပါ။ ကိုယ့်သူငယ်ချင်းထဲမှာ နိုင်ငံခြားကို အလုပ်ထွက်လုပ်ချင်တဲ့သူတွေရှိရင်လည်း အခြေခံလုပ်ခအကြောင်းကို လက်တို့ပြောလိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။