Minecraft ဂိမ်းဟာ လက်ရှိအချိနှ်မှာဆော့ကစားတဲ့သူတွေများပြားပေမယ့် Graphic ပိုင်းမှာတော့ ဝေဖန်ခံရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Minecraft ဂိမ်းက ကြီးမားတဲ့ Graphic ပိုင်း Upgrade တွေရလာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Nvidia ကနေ Microsoft နဲ့ ပူးပေါင်းမှုတစ်ခုကိုပြုလုပ်ခဲ့ပြီးတော့ Minecraft ဂိမ်းကို Ray Tracing Support ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ ယခုကြေညာချက်ကို လက်ရှိ Cologne ၊ Germany မှာ ပြုလုပ်နေတဲ့ Gamescon Event မှာ ကြေညာခဲ့တာပါ။ အဲ့ဒီအတွက် မကြာခင်မှာ PC Minecraft Player တွေအကုန်လုံး Ray Tracing ကို Free Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Nvidia ရဲ့ RTX Graphic Card တွေကို အသုံးပြုနေတဲ့သူတွေဆိုရင် Ray Tracing On လိုက်တာနဲ့ ယခင်တုန်းက Minecraft နဲ့ လုံးဝမတူညီတဲ့ ဂိမ်းတစ်ခုကို ကစားရသလိုမျိုးအထိကို Graphic ပိုင်းနဲ့ Lighting ပိုင်းတွေပြောင်းလဲသွားမှာပါ။ အခုပြောင်းလဲမှုတွေကိုတော့ အောက်ပါ Video မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အခု Ray Tracing ရရှိလာတဲ့အတွက် Minecraft မှာလည်း Sun Direct Lighting တွေ၊ Shadows ပိုင်းတွေနဲ့ Water Reflection လို အပိုင်းတွေမှာလည်း Update ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခု Ray Tracing Update ကို ရရှိမယ့်အချိန်အတိအကျကိုတော့ ပြောကြားသွားခြင်းမရှိပေမယ့် လက်ရှိ Nvidia ရဲ့ RTX Graphic Card တွေအကုန်လုံးမှာ ဆော့ကစားနိုင်မှာကတော့ သေချာပါတယ်။

Ref : The Verge