[Zawgyi]
သရုပ်ဆောင်မင်းသွေးခေါင်းဆောင်ပါဝင်ရိုက်ကူးထားတဲ့ “သတ်ကွင်း”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင်ကြော်ငြာကို တင်ထားပေးပြီး ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုတဲ့စကားသံများကိုလည်း နားစွင့်နေတယ်လို့ဆိုပါတယ်။
www.akhayar.com
[Unicode]
မင်းသွေး ဘာကြောင့် သူအကို့ကို အကယ်ဒမီရစေချင်တာလဲ
မကြာခင်ပြုလုပ်တော့မယ့် အကယ်ဒမီပေးပွဲတွင် အနုပညာမောင်နှမတွေကို အားပေးဖို့အတွက် တက်မယ့် သရုပ်ဆောင်မင်းသွေးက သူရဲ့အစ်ကိုဖြစ်တဲ့ နေတိုးကို ဒီနှစ်မှာ အကယ်ဒမီရစေချင်တယ် လို့ဆိုပါတယ်။
“ အရင်နှစ်တွေကတော့ အကယ်ဒမီပွဲမတက်တော့ဘူးတွေ၊ ဘာတွေ ဖြစ်လိုက်သေးတယ်။ ဒီနှစ်ကတော့ တက်ဖြစ်မှာပါ။ ဒီနှစ်က အထူးဆုတွေရော၊ ရုပ်ရှင်တစ်သက်တာဆုတွေရောပေးမှာဆိုတော့ ဇာတ်ကားတစ်ကားမှာပါဝင်တဲ့ ရသင့်ရထိုက်တဲ့သူတွေအကုန်လုံးကို ရစေချင်တယ်။ တခြားဘယ်သူကိုရစေချင်လဲဆိုတော့ ကျွန်တော်အစ်ကိုပါ။ သူ့ကိုရစေချင်တယ်။ ကျွန်တော့်အစ်ကိုမို့လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲကနေ တကယ်ကိုရစေချင်တာပါ။ “တာတေကြီး” ရုပ်ရှင်ဇာတ်ကားနဲ့ကိုရစေချင်တာပါ။ အဲဒီဇာတ်ကားမှာပါတဲ့ သူ့ရဲ့ဇာတ်ကောင်က တော်တော်ခဲယဉ်းပါတယ်။ ဇာတ်ကောင်တစ်ခုရလာရင်တောင် မနည်းပီပြင်အောင်လုပ်နေရတာကို သူက စက္ကန့်ပိုင်းလေးမှာ ဇာတ်ကောင်တစ်ခုပြီးတစ်ခုကို လုပ်သွားတာပါ။ အဲဒီအတွက်ကို အစ်ကိုကို ရစေချင်တာပါ။ ဒီနှစ်က ဇာတ်ကား တွေလည်းအများကြီးပါ။ တခြားတကယ်ကိုတော်တဲ့ အနုပညာရှင်တွေလည်း ရစေချင်ပါတယ်” လို့ အကယ်ဒမီနဲ့ပတ်သက်ပြီးပြောပါတယ်။
သရုပ်ဆောင်မင်းသွေးခေါင်းဆောင်ပါဝင်ရိုက်ကူးထားတဲ့ “သတ်ကွင်း”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင်ေြက်ာငြာကို တင်ထားပေးပြီး ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုတဲ့စကားသံများကိုလည်း နားစွင့်နေတယ်လို့ဆိုပါတယ်။
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။